ဖြူးမြို့နယ် ဘုရားငါးဆူကင်းစခန်းကို KNLA/PDF ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်

စစ်ကောင်စီတပ် ၇ ဦးသေ၊ လက်နက် ၆ လက်ရဟု အသိပေး

ပဲခူးတိုင်း တောင်ငူခရိုင် ဖြူးမြို့နယ်ရှိ စစ်ကောင်စီတပ်၏ ဘုရားငါးဆူ ကင်းစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းတပ်ဖွဲ့က ယနေ့နံနက်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)​၏ PVTV သတင်းဌာနက သတင်းထုတ်ပြန်ခဲ့သည်။

ဒီဇင်ဘာ ၁၃ရက်နံနက် အစောပိုင်း၌ အဆိုပါ ကင်းစခန်းကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က ၇ဦး သေဆုံးကာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့ဟု ဆိုသည်။

ထို့ပြင် စစ်ကောင်စီတပ် ကင်းစခန်းမှ လက်နက် ၆လက်နှင့်အတူ ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ဟု ဓာတ်ပုံနှင့်အတူ ဖော်ပြသည်။

KNLA /PDF ပူးပေါင်းတပ်သည် ဖြူးမြို့နယ်ရှိ ညောင်ပင်သာ ရဲစခန်းကိုလည်း ယနေ့နံနက် အစောပိုင်းက တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

အဆိုပါ စခန်းသိမ်းတိုက်ပွဲ၌လည်း စစ်ကောင်စီတပ်၃၀ ဦးသေဆုံးကာ လက်နက် ၁၃လက်နှင့် ခဲယမ်းများရရှိခဲ့ကြောင်း PVTVက ဖော်ပြထားသည်။

(ဖြူးမြို့နယ်ရှိ ဘုရားငါးဆူကင်းစခန်းအား KNLA/PDF ပူးပေါင်းတပ်များသိမ်းပိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ – PVTV)


Comments

Leave a Reply

Your email address will not be published. Required fields are marked *