ရေစကြိမြို့ပေါ်ရှိ စစ်ကူသွားရန် ပြင်ဆင်နေသည့် စစ်သားများကို ၄၀ မမဖြင့် ပစ်ခတ်တိုက်ခိုက်၊ နတ်တလင်းတွင် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်

မကွေးတိုင်း၊ ရေစကြိုမြို့၊ အထွေထွေအုပ်ချုပ်ရေးမှုးရုံး၌ တပ်စွဲထားသော အကြမ်းဖက် စစ်သားများ စစ်ကူထွက်ရန် ပြင်ဆင်နေစဉ် ၄၀ မမ ဗုံးသီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၂ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း Myingyan Black Tiger – MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲ ကပြောကြားသည်။

ယနေ့ ဒီဇင်ဘာလ ၁၃ ရက် မွန်းလွဲ ၂ နာရီခွဲခန့်က ရေစကြိုမြို့အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ အ ကြမ်းဖက်စစ်သားများသည် ပုလဲမြို့နယ်ဘက်သို့ စစ်ကူသွားရန် ပြင်ဆင်နေကြောင်း သတင်း အရ ၄၀ မမဖြင့် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စခန်းအနီးသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး အပြင်းအထန် ဒဏ်ရာရရှိကာ ရေစကြိုမြို့ပြည်သူ့ဆေးရုံကြီးသို့ သယ် ဆောင်သွားကြောင်း သိရသည်။

“ပုလဲမြို့နယ်ကို စစ်ကြောင်းထိုးဖို့ ပြင်နေတယ်ဆိုပြီး သတင်းရလို့ သွားပစ်တာ၊ ၄၀ မမ တစ်လုံးပဲ ပစ်ခဲ့ရတယ်၊ ၂ လုံးပစ်ဖို့၊ တစ်လုံးက ကျည်ညှပ်သွားတာနဲ့ တစ်လုံးထဲပစ်ပြီး ပြန်ဆုတ်လာခဲ့ရတာ၊ စစ်ကူထွက်ဖို့လည်း ပျက်သွားတယ်၊ ထွက်ဖို့အတွက်လည်း ရပ်တန့်သွားတယ်၊ ထိခိုက်ဒဏ်ရာရတဲ့ နှစ်ယောက်ကတော့ အော်ဟစ်နေတာကြားခဲ့ရတယ်၊ သူတို့ကို စစ်ကားနဲ့ပဲ ရေစကြိုဆေးရုံကို သယ် သွားပါတယ်” ဟု Myingyan Black Tiger – MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲ ကပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို Myingyan Black Tiger (MBT) တပ်ဖွဲ့ ရဲဘော်များက ပြောက်ကျား နည်းဗျူ ဟာ အားအသုံးပြုပြီး အထွေထွေ အုပ်ချုပ်ရေးမှူးရုံး အနီးအထိ ချဉ်းကပ်ကာ ပစ်ခတ်တိုက်ခိုက်ခဲ့ ခြင်းဖြစ်ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ ကြောင်း သိရသည်။

ထို့သို့ တိုက်ခိုက်ခံရမှုကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်သားများက ရေစကြိုမြိုပေါ်တွင် သေ နတ်များ ရမ်းသမ်းပစ်ခတ်ခဲ့ပြီး မဇ္ဈိမာရုံ ဘုန်းကြီးကျောင်းကိုလည်း ဝင်ရောက်စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ပဲခူးတိုင်း အနောက်ခြမ်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်၊ စန်းကြီးကျေးရွာမှ ထွက်ခွာ လာ သော စစ်တပ်စစ်ကြောင်းကိုမိုင်းဆွဲတိုက်ခိုက် ခဲ့ကြောင်း MRF – Nattalin ထံမှ သိရသည်။

ဒီဇင်ဘာလ ၁၀ ရက်နေ့က အင်အား ၃၃ ဦးခန့်ဖြင့် နတ်တလင်းမြို့နယ်၊ စမ်းကြီးဝကျေးရွာမှ ထွက် ခွာလာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ ၊ တပ်ခွဲ ၄ MRF – Nattalin နှင့် တပ်ခွဲ ၃ နတ်စစ်သည်အဖွဲ့တို့ပူးပေါင်းပြီး မိုင်း ၂ လုံးဆက်တိုက်ဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်း ဖက်စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ပြီး အတိအကျသိရှိနိုင်ရန် စုံစမ်း နေဆဲဖြစ် ကြောင်း သိရသည်။

နတ်တလင်းမြို့နယ်အတွင်းနေမိဘပြည်သူများအနေဖြင့် အကြမ်းဖက်စစ်အုပ်စုနှင့်အတူ သွားလာ နေထိုင်ခြင်း၊ လက်ခံကျွေးမွေးခြင်း၊ လမ်းပြခြင်း၊ အကြမ်းဖက်စစ်အုပ်စု ထောက်တိုင်များနှင့် ပူးပေါင်း နေထိုင်ခြင်းတို့ မပြုလုပ်ကြရန် မေတ္တာရပ်ခံထားသည်။

သတင်းထုတ်ပြန်ချက်။ ။ ၂၀၂၃၊ဒီဇင်ဘာလ ၁၃ရက်

မကွေးတိုင်းဒေသကြီး၊ရေစကြိုမြို့၊ရုံးပေါင်းစုံ(ထွေအုပ်ရုံး)တွင် တပ်စွဲနေထိုင်သော စကစတပ်သားများသည် ပုလဲဘက်သို့ စစ်ကူသွားရန် ပြင်ဆင်နေကြောင်း ဖရဲသီးမှ ဆက်သွယ်သတင်းပေးလာသောကြောင့် ၂၀၂၃၊ဒီဇင်ဘာလ၁၃ရက် ၊နေ့လည် ၂ နာရီခွဲဝန်းကျင် အချိန်ခန့်တွင် ကျွန်တော်တို့ Myingyan Black Tiger (MBT) တပ်ဖွဲ့မှ ပြောက်ကျား နည်းဗျူဟာအားအသုံးပြု၍ ရန်သူစခန်းအနီးသို့ ကပ်ကာ သွားရောက်တို.က်ခိုက်ခဲ့သည်။ 40.mm တစ်လုံးမှာ ရန်သူ့စခန်းအတွင်း တိတိကျကျ ကျရောက်ပေါက်ကွဲခဲ့ပြီး စကစ တပ်သား (၂)ဦး အပြင်းအထန် Dဏ်ရာရှိခဲ့သည်။

၎င်း ထိခိုက်Dဏ်ရာရရှိခဲ့သော စကစ တပ်သားများမှာ အော်ဟစ်နေပြီး ၎င်းတို့၏ စစ်ကားဖြင့် ရေစကြိုပြည်သူ့ဆေးရုံကြီးသို့ ခေါ်ဆောင်သွားကြောင်းသိရသည်။တို.က်ပွဲအပြီးတွင် စကစများမှ ရေစကြိုမြို့ပေါ်တွင် 6သနတ်များ ရမ်းသမ်းပစ်ခတ်နေပြီး မဇ္ဈိမာရုံ ဘုန်းကြီးကျောင်းအား ဝင်ရောက်စစ်ဆေးမှုများ ပြုလုပ်သွားကြောင်း သိရပါသည်။

မှတ်ချက်။ ။ငါတို့မြို့ ငါတို့ပြန်သိမ်းမယ်


Comments

Leave a Reply

Your email address will not be published. Required fields are marked *