စစ်ကိုင်တိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ မောလူးမြို့သိမ်းတိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်သား ၁၇ ဦးသေဆုံးပြီး ၇ ဦးအရှင်ဖမ်းမိခဲ့ကြောင်း ABSDF စစ်ကြောင်း ၃ ထံမှ သိရသည်။
ယနေ့ ဒီဇင်ဘာလ ၁၃ ရက် နံနက် ၂ နာရီခွဲခန့်က စ၍ အင်းတော်မြို့နယ်၊ မော်လူးမြို့ရှိ ရဲစခန်းကို တိုက်ခိုက်ခဲ့ရာ နံနက် ၆ နာရီဝန်းကျင်တွင် သိမ်းပိုက်ရရှိခဲ့ပြီးစစ်ကောင်စီရဲစခန်းအတွင်းမှ စစ်ကောင် စီတပ်ဖွဲ့ဝင် အလောင်း ၁၇ လောင်းနှင့် စစ်သုံ့ပန်း ၇ ဦး၊ လက်နက်ငယ် ၂၁ လက် ခြောက်လုံး ပြူး ၁ လက်၊ နင်းမိုင်း ၅ လုံး၊ လက်ပစ်ဗုံး ၂၄ လုံး၊ G3 ကျည် ၃၀၀၀ ကျော်၊ MA ကျည် ၃၀၀ ကျော်၊ ၉ မမ ကျည် ၂၀၀ ကျော်၊ ရာဘာကျည် အတောင့် ၃၀ ၊ G3 ကျည်ဘောက် ၄၂ ဘောက် MA ကျည်ဘောက် ၆ ဘောက်၊ အူဇီကျည်ဘောက် ၆ ဘောက်၊ ကွန်ပျူတာ ၁ လုံး ၊ ဖုန်း ၂ လုံး၊ ဆက်သွယ်ရေးစက် ၁ လုံး တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
မော်လူးရဲစခန်းကို တိုက်ခိုက်နေစဥ်အတွင်း မိုးညှင်းမြို့နယ်၊ ညောင်ကိုင်းကျေးရွာအနီးမှာရှိ အကြမ်း ဖက်စစ်ကောင်စီ၏ အမတ- ၉၀၄ အမြောက်တပ် မှ ဟောင်ဝပ်ဇာများဖြင့် တရစပ် ပစ်ခတ်ခဲ့သည့် အပြင် မော်လူးမြို့ကို သိမ်းပိုက်ပြီးချိန် နံနက် ၇နာရီကျော်၌ လေယာဥ် ဗုံးကျဲခြင်း၊ ပွိုင့်ဖိုက် ဖြင့် ပစ်ခြင်းတို့ လုပ်ဆောင်ခဲ့သဖြင့် မော်လူးမြို့ရှိ ပြည်သူ ၁ သောင်း ဝန်းကျင် ဘေးလွတ်ရာသို့ တိမ်း ရှောင်နေရဆဲဖြစ်ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်သိမ်းပိုက်မှုကို ABSDF စစ်ကြောင်း ၁ KIA၊ KPDF ၊ ဒေသခံ ပကဖ၊ ပအဖ နှင့် ပလဖ ရဲဘော်များပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပူးပေါင်းတပ်မှ ပြည်သူ့ကာကွယ်ရေးတပ် မတော် (PDF) ရဲဘော် ၂ ဦး မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရပြီး ၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ အကြမ်း ဖက်စစ်ကောင်စီ လက်အောက်ခံတပ်သားများ အနေဖြင့် အမြန်ဆုံးအလင်းဝင်ကြရန် ABSDF တပ်ဖွဲ့ က ထုတ်ပြန်ထားသည်။
စစ်ကိုင်းတိုင်း ကသာခရိုင် အင်းတော်မြို့နယ် ရှိ မော်လူးမြို့အား ABSDF နှင့် မဟာမိတ်တပ်ပေါင်းစုများဖြစ်ကြသည့် KIA၊ KPDF ၊ ဒေသခံ ပကဖ၊ ပအဖ၊ ပလဖ ရဲဘော်များပူးပေါင်း၍ ဒီဇင်ဘာလ ၁၃ ရက်နေ့ နံနက် ၆နာရီ ဝန်းကျင်မှာ သိမ်းပိုက်ခဲ့ကြပါတယ်။
နံနက် ၂ နာရီခွဲ အချိန်မှစတင်၍ မော်လူးရဲစခန်းအား ပြင်းပြင်းထန်ထန်တိုက်ခိုက်ခဲ့ပြီး နံနက် ၆ နာရီခွဲ အချိန်မှာ အလုံးစုံသိမ်းပိုက်နိုင်ခဲ့ပါတယ်။
မော်လူးရဲစခန်းကို တပ်ပေါင်းစုမှ တိုက်ခိုက်နေစဥ်အချိန်တွင် မိုးညှင်းမြို့နယ်ညောင်ကိုင်းကျေးရွာအနီးမှာရှိတဲ့ အမတ- ၉၀၄ အမြောက်တပ် မှ ဟောင်ဝပ်ဇာများဖြင့် တရစပ် ပစ်ခတ်ခဲ့ပါတယ်။
မော်လူးမြို့အား သိမ်းပိုက်ပြီးချိန် နံနက် ၇နာရီကျော်အချ်ိန်မှာ အကြမ်းဖက်စစ်အုပ်စုမှ လေယာဥ်ဗုံးကြဲခြင်း ပွိုင့်ဖိုက်ဖြင့်ပစ်ခြင်းတို့ဖြင့် လေကြောင်းမှ လာရောက်ပစ်ခတ်ခဲ့ပါတယ်။
ရန်သူ့တိုက်လေယာဥ်အန္တရာယ်ကြောင့် မော်လူးမြို့ရှိ ပြည်သူ ၁ သောင်းဝန်းကျင် ဘေးလွတ်ရာသို့ တိမ်းရှောင်နေရဆဲဖြစ်ပါတယ်။
မော်လူးမြို့သိမ်းတိုက်ပွဲမှာ
ရန်သူ့အလောင်း ၁၄ လောင်း နှင့် စစ်သုံ့ပန်း ၇ ဦး အပြင်
လက်နက်ငယ် ၂၁ လက်
ခြောက်လုံးပြူး ၁ လက်
နင်းမိုင်း ၅ လုံး
လက်ပစ်ဗုံး ၂၄ လုံး
G3ကျည် ၃၀၀၀ ကျော်
MA ကျည် ၃၀၀ ကျော်
၉မမကျည် ၂၀၀ ကျော်
ရာဘာကျည် ၃၀ တောင့်
G3ကျည်ဘောက် ၄၂ ဘောက်
MAကျည်ဘောက် ၆ ဘောက်
အူဇီကျည်ဘောက် ၆ ဘောက်
ကွန်ပျူတာ ၁ လုံး
ဖုန်း ၂ လုံး
ဆက်သွယ်ရေးစက် ၁ လုံး တို့အားသိမ်းဆည်းရရှိခဲ့ပါတယ်။
မိမိတို့ ပူးပေါင်းတပ်မှ ပြည်သူ့ကာကွယ်ရေးတပ်မတော် ( PDF ) ရဲဘော် ၂ ဦး မြင့်မြတ်စွာ အသက်ပေးလှူခဲ့ကြပြီး ၁ ဦးဒါဏ်ရာရရှိခဲ့ပါတယ် ။
ထို့အပြင် ရန်သူ့စခန်းအား ပြန်လည်ရှင်းလင်းရာတွင် အရိုးပြာကျနေသည့် ရန်သူအလောင်း ၃ လောင်းကိုထပ်မံတွေ့ရှိခဲ့ပါတယ်။
အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံများ အနေဖြင့် အမြန်ဆုံးအလင်းဝင်ကြရန် ထပ်မံအသိပေးအပ်ပါတယ်။
Leave a Reply