မိုးညိုတွင် “ငါတို့လာပြီ ၁၀၂၇”စာတန်းလာဖြုတ်သည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ

ပဲခူးတိုင်း၊ မိုးညိုမြို့နယ်တွင် တော်လှန်ရေးတပ်ဖွဲ့များချိတ်ဆွဲထားသော “ငါတို့လာပြီ ၁၀၂၇” စာတန်း လာရောက်ဖြုတ်ယူသည့် စစ်ကောင်စီတပ်ကို ပဒေသာမိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက် ခဲ့ကြောင်း သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယမန်နေ့ (ဒီဇင်ဘာ ၁၃)နံနက် ၉ နာရီခွဲခန့်က
ရှမ်းမြောက်မှ တိုင်းရင်းသားတော်လှန်ရေးအင်အားစုများ​၏ ၁၀၂၇ စစ်ဆင်ရေးကိုကြိုဆိုထောက်ခံသောအားဖြင့် မိုးညိုမြို့နယ် ရေကင်းရဲစခန်းအပိုင် ပတ်တော်ရဲကင်းအနီး လမ်းမပေါ်တွင် “ငါတို့လာပြီ ၁၀၂၇”ဟု ရေးသားထားသော စာတန်းအား စစ်ကောင်စီတပ်မှ အင်အား ၃၀ခန့်ဖြင့် လာရောက်ဖြုတ်ယူခဲ့သည်။

ထိုသို့လာရောက်စဥ် မိုးညိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် သာယာဝတီခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)တို့ ပူးပေါင်း၍ ပဒေသာမိုင်းလေးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“အဲ့ဘက်မှာက လောင်းကစားဝိုင်းတွေများတယ်။ ပြည်သူတိုင်တာများလို့ ခုမစ်ရှင်လုပ်လိုက်တာပါ။ ၁၀၂၇ စစ်ဆင်ရေးကိုလည်း ကြိုဆိုတဲ့အနေနဲ့ ခုလိုလုပ်ဆောင်တာပါ။ စကစ အသေအပျောက် တော့ မသိရသေးပါဘူး”ဟု သာယာဝတီခရိုင်(ပကဖ)မှ တာဝန်ရှိသူတစ်ဦးက People’s Spring သို့ ပြောသည်။

အဆိုပါ စစ်ရေးတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဘက်မှ သုံးဦးအပြင်းအထန်ဒဏ်ရာရသွားသော်လည်း သေဆုံးမှုရှိ၊မရှိ မသိရသေးကြောင်း ၎င်းက ဆက်ပြောသည်။

အကြောင်းမဲ့ပစ်ခတ်သတ်ဖြတ်ခံရသောပြည်သူလူထုတစ်ယောက်ချင်းစီအတွက်၊ စစ်တပ်​၏ လေကြောင်းမှ ဗုံးကြဲသတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရသောပြည်သူ တစ်ယောက်ချင်းစီအတွက်၊ စစ်ခွေးမိစ္ဆာများ​၏ မီးရှို့မှုကြောင့် အသက်အိုးအိမ်စည်းစိမ်ဆုံးရှုံးသွားရသော ပြည်သူများအတွက်၊ အာဏာရှင်ကိုဆန့်ကျင့်ယုံမျှဖြင့် အကျဉ်း ထောင်အသီးသီးတွင် မတရားသဖြင့်ဖမ်းဆီးချူပ်နှောင်ခံနေရသော အပြစ်မဲ့အရပ်သူအရပ်သားများအတွက် စစ်အာဏာရှင်စနစ်အပြီးပြတ်ချူပ်ငြိမ်းရေးသည် အသက်တမျှအရေးကြီးကြောင်းလည်း မိုးညို(ပကဖ)က အသိပေးသည်။

ထို့ကြောင့် စစ်ကောင်စီနှင့်ပူးပေါင်းကာ နှုတ်မထွက်သေးသော အုပ်ချူပ်ရေးမှူးများနောက်ဆုံးအချိန်ရောက်နေပြီဖြစ်ပြီး စစ်ကောင်စီလက်ပါးစေ စစ်သား၊ ရဲနှင့် ပျူစောထီးများသည်လည်း နောက်ဆုံးအချိန်ရောက်နေပြီဖြစ်၍ ပြည်သူနှင့် အမြန်ဆုံးပူးပေါင်းရန် သတိထားသည်။

မိုးညိုမြို့နယ်တွင် ” ငါတို့လာပြီ ၁၀၂၇ ” စာတန်းကို လာရောက်ဖြုတ်ယူသော စစ်ကောင်စီတပ်ဖွဲ့ကို မိုင်းခွဲတိုက်ခိုက်

၁၀၂၇ စစ်ဆင်ရေးကို ကြိုဆိုထောက်ခံသောအားဖြင့် ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် ရေကင်းရဲစခန်းအပိုင် ပတ်တော်ရဲကင်းအနီး လမ်းမပေါ်တွင် “ငါတို့လာပြီ ၁၀၂၇ ” ဟု ရေးသားထားသော စာတန်းအား လာရောက်စစ်ဆေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား (၃၀)ဦးခန့်ကို ဒီဇင်ဘာ(၁၃)ရက်နေ့၊ နံနက် (၉:၃၀)နာရီခန့်တွင် ပဒေသာမိုင်း ၄ လုံးဖြင့် မိုးညိုမြို့နယ်ပကဖနှင့် သာယာဝတီခရိုင်ပကဖတို့ ပူးပေါင်း၍ ဖောက်ခွဲတိုက်ခိုက်ခဲ့သည်။

အဆိုပါဖောက်ခွဲတိုက်ခိုက်မှု‌‌ကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် (၃)ဦး အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ တော်လှန်ရေးရဲဘော်များမှာ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့သည်။

မိုးညိုမြို့နယ်ပကဖအနေဖြင့် မဟာမိတ်ဒေသကွယ်ရေးရဲဘော်များနှင့်ပူးပေါင်းကာ ပိုမိုပြင်းထန်သောစစ်ဆင်ရေးများကို ဆက်လက်ဆင်နွှဲသွားမည်ဟု အသိပေးထုတ်ပြန်ထားသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *