ပွဲကတော့ ရှယ်ကနေကြပီဟေ့ အတွဲလိုက် ဒုံးတွေပါလာပြီ

မူဆယ် ၁၀၅ မိုင် တပ်စခန်းကို ညီနောင် မဟာမိတ် ၃ ဖွဲ့က ထိုးစစ်ဆင် တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေ၊ နမ့်ခမ်း၊ နမ့်ဆန်၊ ကွတ်ခိုင်၊ မန်တုံနှင့် ကျောက်မဲမြို့နယ် တို့တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွား

စစ်တွေမြို့ရှိ အမှတ် ၁၂ ရဲတပ်ရင်းက ယနေ့ ညပိုင်းတွင် ပေါက်တောမြို့ဘက်ကို အတွဲလိုက် ဒုံးများဖြင့် ပစ်ခတ်နေ

ရှမ်းပြည်နယ်၊ မူဆယ်မြို့နယ်ရှိ မူဆယ် ၁၀၅ မိုင် တပ်စခန်းကို ညီနောင် မဟာမိတ် ၃ ဖွဲ့က ထိုးစစ်ဆင် တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေကြောင်း ဒေသပြည်သူများနှင့် TNLA ထံမှ သိရသည်။

ယနေ့ ဒီဇင်ဘာလ ၁၄ ရက်နေ့ နံနက် ၃ နာရီ ၃၀ မိနစ်က စတင်ကာ ညပိုင်းအထိ မူဆယ်မြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ ၁၀၅ မိုင်တပ်စခန်းကို ညီနောင် မဟာမိတ် ၃ ဖွဲ့ ဖြစ်သော MNDAA၊ AA နှင့် TNLA ပူးပေါင်းတပ်ဖွဲ့တို့က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်ကလည်း တိုက်ပွဲဖြစ်ပွားနေသည့် မူဆယ် ၁၀၅ မိုင်တပ်စခန်းကို Jet Fighter ဖြင့် ၁၁ ကြိမ်၊ Mi35 ရဟတ်ယာဥ်ဖြင့် ၂ ကြိမ် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထို့ပြင် တိုက်ပွဲဖြစ်ပွားရာ မူဆယ် ၁၀၅ မိုင်တပ်စခန်းကို အကြမ်းဖက် စစ်တပ်၏ မူဆယ်တပ်စခန်းမှ အတွဲလိုက်ဒုံးကျည်ဖြင့် ၃ ကြိမ် ၁၂လုံး ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

နမ့်ခမ်းမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ စခန်းသစ်ကုန်း၌ ယနေ့ နံနက် ၁၀ နာရီ မိနစ် ၂၀ ခန့်တွင် အကြမ်းဖက် စစ်တပ်နှင့် တအာင်းတပ်မတော် PSLF/TNLA တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း၊ ယင်း စခန်းသစ်ကုန်းကို အကြမ်းဖက် စစ်တပ်က Jet Fighter ဖြင့် ၇ ကြိမ်၊ Y12 လေယာဥ်ဖြင့် ၁၇ ကြိမ် ဗုံး ၁၀၈ လုံး ပစ်ချ တိုက်ခိုက်ခဲ့ကြောင်း၊ ထို့ပြင် စခန်းသစ်ကုန်းကို အကြမ်းဖက် စစ်တပ်၏ မန်တတ်စခန်းနှင့် နမ့်ဖတ်ကာတပ်စခန်းတို့မှလည်း လက်နက်ကြီးဖြင့် ၂၃ ကြိမ် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာလ ၁၃ ရက်နေ့က နမ့်ဆန်မြို့ရှိ မန်ခိုက်ရပ်ကွက်နှင့် ဘုရားကြီးကုန်းပေါ်တွင် အကြမ်းဖက် စစ်တပ်နှင့် တအာင်းတပ်မတော် PSLF/TNLA တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများထံမှ လက်နက် ၇ လက်နှင့် ကျည်ဆံများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

အလားတူ ယနေ့ မွန်းလွဲ ၂ နာရီ ၃၅ မိနစ်တွင် ကွတ်ခိုင်မြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ ကွတ်ခိုင်တပ်စခန်းတွင် အကြမ်းဖက် စစ်တပ်နှင့် တအာင်းတပ်မတော် PSLF/TNLA တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ မန်တုံမြို့နယ်ရှိ စစ်ကောင်စီ၏ ခလရ-၁၃၀ တပ်စခန်းတွင်လည်း ယနေ့ ညနေ ၃ နာရီ ၂၅ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်နှင့် တအာင်းတပ်မတော် PSLF/TNLA တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ကျောက်မဲမြို့နယ် လွယ်ခေါ်ကျေးရွာအနီးတဝိုက်ကို ထိုးစစ်ဆင်လာသော အကြမ်းဖက် စစ်တပ်နှင့် တအာင်းတပ်မတော် PSLF/TNLA တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ယနေ့ ဒီဇင်ဘာ ၁၄ရ က်နေ့တွင် စစ်ကောင်စီတပ်က Mi-17 လေယာဥ်ဖြင့် ခဲယမ်း၊ ရိက္ခာများကို စစ်ကောင်စီမန်တုံတပ်စခန်းတွင် ၁ ကြိမ်၊ မူဆယ်စခန်းတွင် ၁ ကြိမ် လာရောက်ပစ်ချပေးခဲ့ကြောင်း၊ နမ့်ဆန်မြို့နယ်ကို အကြမ်းဖက် စစ်တပ်၏ မန်တုံ ခလရ-၁၃၀ တပ်စခန်းက လက်နက်ကြီးဖြင့် ၉ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အလားတူ ယနေ့ ဒီဇင်ဘာလ ၁၄ ရက်နေ့ ည ၈ နာရီခန့်မှ စတင်ပြီး အကြမ်းဖက် စစ်ကောင်စီ၏ စစ်တွေမြို့ အမှတ် ၁၂ ရဲတပ်ရင်းက ပေါက်တောမြို့ဘက်ကို အတွဲလိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်လျက်ရှိကြောင်း ဒေသပြည်သူများနှင့် AA သတင်းရင်းမြစ်က ပြောဆိုသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *