“ရွှေဖီဦး” လက်ဖက်ခြောက် ဇာတ်သိမ်းခန်း

နမ့်ဆန်က တပ်မတော်ရဲ့ “ရွှေဖီဦး”လက်ဖက်စက်ရုံတပ်စခန်းကို တအာင်းတပ် သိမ်းပိုက်

နမ့်ဆန်ရှိ “ရွှေဖီဦး”တပ်မတော်လက်ဖက်ခြောက်စက်ရုံမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကို တအာင်းတပ်(PSLF/TNLA)က ဒီဇင်ဘာ ၁၂ရက်နေ့ညမှာ စတင်တိုက်ခိုက်ခဲ့ပြီး မနေ့ဒီဇင်ဘာ ၁၃ရက်နေ့ ညနေပိုင်းမှာ သိမ်းပိုက်နိုင်ခဲ့ပါတယ်

စက်ရုံထဲမှာ စစ်ကောင်စီဘက်က ပန်ကာကတုတ်၊ကတုတ်ကျင်းတွေအခိုင်အမာပြုလုပ်ထားပြီး ရိက္ခာတွေ သိုလှောင်ထားသလို စစ်ကောင်စီမိသားစုဝင်တွေ ခိုလှုတဲ့နေရာလည်း ဖြစ်ပါတယ်

စခန်းဝင်ရောက်ရှင်းလင်းချိန် စစ်ကောင်စီဘက်က အလောင်းအချိုနဲ့လက်နက်တွေကို တွေ့မြင်ရပြီး စစ်ကောင်စီတပ်သားတွေနဲ့ မိသားစုဝင်တွေ ထွက်ပြေးသွားခဲ့ကြပါတယ်။

ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ မိသားစုတွေကိုလည်း TNLAက ဖမ်းစီးရမိထားပါတယ်။

လက်ရှိ နမ့်ဆန်မှာ စစ်ကောင်စီတပ်စခန်း ဗျူဟာကုန်းတစ်ခုသာ ကျန်ရှိနေပြီး တိုက်ပွဲဆက်လက်ဖြစ်ပွါးနိုင်တဲ့အခြေနေမှာ ရှိနေပါတယ်။

နမ့်ဆန်က တပ်မတော်ရဲ့ “ရွှေဖီဦး”လက်ဖက်စက်ရုံတပ်စခန်းကို တအာင်းတပ် သိမ်းပိုက်

နမ့်ဆန်ရှိ “ရွှေဖီဦး”တပ်မတော်လက်ဖက်ခြောက်စက်ရုံမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကို တအာင်းတပ်(PSLF/TNLA)က ဒီဇင်ဘာ ၁၂ရက်နေ့ညမှာ စတင်တိုက်ခိုက်ခဲ့ပြီး မနေ့ဒီဇင်ဘာ ၁၃ရက်နေ့ ညနေပိုင်းမှာ သိမ်းပိုက်နိုင်ခဲ့ပါတယ်။

စက်ရုံထဲမှာ စစ်ကောင်စီဘက်က ပန်ကာကတုတ်၊ကတုတ်ကျင်းတွေအခိုင်အမာပြုလုပ်ထားပြီး ရိက္ခာတွေ သိုလှောင်ထားသလို စစ်ကောင်စီမိသားစုဝင်တွေ ခိုလှုံတဲ့နေရာလည်း ဖြစ်ပါတယ်။

စခန်းဝင်ရောက်ရှင်းလင်းချိန် စစ်ကောင်စီဘက်က အလောင်းအချို့နဲ့လက်နက်တွေကို တွေ့မြင်ရပြီး စစ်ကောင်စီတပ်သားတွေနဲ့ မိသားစုဝင်တွေ ထွက်ပြေးသွားခဲ့ကြပါတယ်။

ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ မိသားစုတွေကိုလည်း TNLAက ဖမ်းစီးရမိထားပါတယ်။

လက်ရှိ နမ့်ဆန်မှာ စစ်ကောင်စီတပ်စခန်း ဗျူဟာကုန်းတစ်ခုသာ ကျန်ရှိနေပြီး တိုက်ပွဲဆက်လက်ဖြစ်ပွါးနိုင်တဲ့အခြေနေမှာ ရှိနေပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *