အကြမ်းဖက် မင်းအောင်လှိုင် ရန်ကုန် လာရောက်ပြီး သန်လျင် တံတားအမှတ် ၃ တံတားသစ် တည်ဆောက်မှု တံတားဘောင်ချိတ်ဆက်မှု မူလီတပ်အခမ်းအနားတက်မည်၊ ရန်ကုန်တွင် ယနေ့ည ဗုံး ၂ ကြိမ်ကွဲ

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ရန်ကုန်သို့ လာရောက်ပြီး သန်လျင်တံတား အမှတ် ၃ တည်ဆောက်ဆောက်ရေး လုပ်ငန်းခွင်ကို စစ်ဆေးကာ တံတားဘောင်ချိတ်ဆက်မှု မူလီတပ်အခမ်းအနား တက်ရောက်မည်ဖြစ်ကြောင်း သိရှိရသည်။

“မနက်ဖြန် မနက် ၇ နာရီကနေ ၁၀ နာရီအတွင်းလာမယ်။ သန်လျင်တံတားအမှတ် ၃ တည်ဆောက်ရေးလာစစ်မယ်။ တံတားရဲ့အလယ်ဘောင်ဆက်မယ်။ အလံစိုက်ထားတယ်။ဆေးလည်းသုတ်ထားတယ်။ မူလီတပ်မှာ” ဟု ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်က ပြောဆိုသည်။

ဒီဇင်ဘာလ ၁၅ ရက်နေ့ အကြမ်းဖက် မင်းအောင်လှိုင်လာရောက်ရန်အတွက် ရန်ကုန်မြို့တစ်ဝန်း လုံခြုံရေးများ တိုးမြှင့်ထားချိန် ယနေ့ ည ပိုင်း ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်နှင့် မြောက်ဥက္ကလာပတို့တွင် ဗုံးများ ပေါက်ကွဲကြောင်း ဒေသပြည်သူများနှင့် ကင်းထောက်အဖွဲ့များထံမှ သိရှိရသည်။

လက်ရှိ ယနေ့ ည ၁၂ နာရီဝန်းကျင်အချိန် အကြမ်းဖက်စစ်ကောင်စီတပ်က ဒဂုံမြို့သစ်မြောက်ပိုင်းရှိ ဦဝီစာရလမ်းကို စစ်တပ်က ပိတ်ဆို့ စစ်ဆေးနေကြောင်း ရန်ကုန်ကင်းထောက်အဖွဲ့များ၏ သတင်းဖော်ပြချက်အရ သိရှိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *