အသက် ၇၀ ကျော် အဘိုးအိုက အသက် ၃၀ ကျော် ၎င်း၏ဇနီးအား လူမှုရေးပြဿနာကြောင့် ဓားဖြင့်ခုတ်သတ်မှုဖြစ်ပွား

ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ် အင်ပင်မြို့တွင် အသက် ၇၀ ကျော်အမျိုးသား မှ အသက် ၃၇နှစ်ကျော် ငယ်သော ၄င်း ၏ ဇနီးသည်အား ဓားဖြင့် ခုတ်သတ်ခဲ့ကြောင်း သတင်းရရှိသည်။

မြန်အောင်မြို့နယ် အင်ပင်မြို့ မြောင်ကြီးကျေးရွာတွင် နေထိုင် သော ဦးမြင့်သိန်း နှင့် ဇနီးဖြစ်သူ တို့မှာ ဒီဇင်ဘာ ၁၁ရက် ည ၇ နာရီခန့်က စကားများ ရန်ဖြစ်ရာမှ နေအိမ် မီးဖိုခန်း အတွင်းရှိ ဓားမတိုဖြင့် ဇနီးဖြစ်သူ မခင်မြနွယ်အား ဦးခေါင်း ကို ခုနှစ်ချက် ခုတ်ခဲ့ရာ နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

“ရန်ဖြစ်လို့ သေပြီးတော့မှ ဘေးကလူတွေက ရာအိမ်မှူးဆီ အကြောင်းကြားပြီး အုပ်ချုပ်ရေးပိုင်းကနေ တဆင့် ဆက်အကြောင်းကြားလို့ အင်ပင်စခန်းက လာဖမ်းသွားတယ် “ဟု အင်ပင်မြို့ မှ ဒေသခံအမျိုးသားတစ်ဦးကပြောသည်။

စစ်ကောင်စီလက်ထက်တွင် ဥပဒေစိုးမိုးမှုအားနည်းသည့်အပြင် လာဘ်စားမှုများ မြင့်ဆက်လာသည့်အတွက် ရာဇဝတ်မှုများ ပိုမိုများပြားလာခဲ့ကြောင်း ပြည်သူများက သုံးသပ်ပြောကြားသည်။

“အခုက အရင်လို တရားဥပဒေစိုးမိုးမှုမရှိတော့ဘူး။ အရင်က ဥပဒေစိုးမိုးရေးအတွက် ပညာပေးတွေအရမ်းလုပ်ကြတယ်။ အမေစုလက်ထက်မှာက ဥပဒေအတိုင်းဆောင်ရွက်ကြတယ်။ အခုက သိလို့အမှုဖွင့်မယ်ဆိုရင်တောင် ကိုယ်က ငွေအရင်ပေးမှ အမှုဖွင့် ပေးတာ “ဟု မြန်အောင်မြို့နယ်မှ အမျိုးသားတစ်ဦးက သုံးသပ်ပြောဆိုသည်။

အခင်းဖြစ်ရာနေအိမ်မှ မခင်မြနွယ်၏ အလောင်းအား အင်ပင်ရဲစခန်းမှ လာရောက်စစ်ဆေးရာ ဇက်ပိုးလေးလက်မကျော်ခန့် ပြတ်ရှဒဏ်ရာတစ်ချက်၊ ယာနားထင်လေးလက်မခန့် ပြတ်ရှဒဏ်ရာနှစ်ချက်၊ ယာပါး သုံးလက်မကျော် ခန့်ပြတ်ရှဒဏ်ရာ တစ်ချက်၊ ယာပုခုံးတွင် ပြတ်ရှဒဏ်ရာ သုံးချက်ရရှိခဲ့ပြီး သေဆုံး ခဲ့ကြောင်း သိရသည်။ တရားခံ ဦးမြင့်သိန်းအား အင်ပင်ရဲစခန်းမှ (ပ)၇၂/၂၀၂၃ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း ဒေသတွင်းအရင်းမြစ်များထံမှသိရသည်။

ဧရာဝတီတိုင်းဒေသကြီး၊မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်တွင် ယမန်နေ့ညက လူTတ်မှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်

ဖြစ်စဥ်မှာဒီဇင်ဘာလ ၁၁ ရက်နေ့ ညကျော်၇ အချိန်ခန့်တွင် အင်ပင်မြို့ အမှတ် ၂ အုပ်ချုပ်ရေးမှူးအား အင်ပင်မြို့၊ အမှတ်(၂)ရပ်ကွက်၊ မြောင်ကြီးကျေးရွာနေ ဦးမြင့်သိန်း၏ နေအိမ်တွင် ဓားခုတ်မှု့ဖြစ်ပွားကြောင်း ရာအိမ်မှူးဦးအောင်ကျော်မှ ဖုန်းဆက်အကြောင်းကြားသဖြင့် အုပ်ချုပ်ရေးမှူးမှ အင်ပင်နယ်မြေရဲစခန်းသို့ ဆက်လက်အကြောင်းကြားခဲ့ပြီး အင်ပင်နယ်မြေရဲစခန်းမှူးရဲအုပ်ကျော်စိုးဦးနှင့်အဖွဲ့၊ ရာအိမ်မှူးဦးအောင်ကျော်တို့နှင့်အတူ အခင်းဖြစ်ရပ်သို့ သွားရောက်စစ်ဆေးခဲ့ရာ ဦးမြင့်သိန်း၊ အသက် (၇၄) နှစ်၏ နေအိမ် မီးဖိုချောင်ခန်းတွင် ၎င်း၏ဇနီးဖြစ်သူ မခင်မြနွယ် အသက် (၃၃) နှစ်အား ဇက်ပိုး(၄)လက်မကျော်ခန့် ပြတ်ရှဒဏ်ရာ(၁)ချက်၊ ယာနားထင်(၄)လက်မခန့် ပြတ်ရှဒဏ်ရာ(၂)ချက်၊ ယာပါး(၃) လက်မကျော် ခန့်ပြတ်ရှဒဏ်(၁)ချက်၊ ယာပုခုံးတွင် ပြတ်ရှဒဏ်ရာ(၃)ချက်ရရှိကာ ​ေTဆုံး နေသည်ကိုတွေ့ရှိရသဖြင့် ဖြစ်စဉ်အားမေးမြန်းရာ ဦးမြင့်သိန်းနှင့် ၎င်း၏ဇနီးဖြစ်သူ ခင်မြနွယ်တို့သည် လူမှု့ရေးကိစ္စနှင့်ပတ်သက်၍ စကားများရန်ဖြစ်ရာမှ ဦးမြင့်သိန်းမှ အနီးတွင်ရှိသော ဓားမဖြင့်ခုတ်၍ ဒဏ်ရာများရရှိကာ သေဆုံးခဲ့ကြောင်းသိရှိရသဖြင့် ကျူးလွန်သူ ဦးမြင့်သိန်းအသက် ၇၄ နှစ်အား အင်ပင်နယ်မြေရဲစခန်း၏ (ပ)၇၂/၂၀၂၃ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှု့ဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်းသိရှိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *