စနိုက်ပါနဲ့ ချိန်နေတုန်း စနိုက်ပါ မှန်လို့6သ

ဘီးလင်းမြို့နယ်တွင် တော်လှန်ရေး ရဲဘော် များကို စနိုက်ပါဖြင့် ပစ်ခတ်ရန် ကင်းပုန်းဝပ် နေသည့် စစ်သားများ စနိုက်ပါဖြင့် ပစ်ခတ်ခံ ရပြီး ၁ ဦးသေဆုံး

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် တော်လှန်ရေး ရဲဘော်များကို စနိုက်ပါဖြင့် ပစ်ခတ်ရန် ကင်းပုန်းဝပ်နေသည့် စစ်သားများ စနိုက်ပါဖြင့် ပစ်ခတ်ခံရပြီး ၁ ဦးသေဆုံးခဲ့ ကြောင်း တပင်ရွှေထီးစစ်ကြောင်းထံမှ သိရ သည်။

ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ဘီးလင်းမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ တပ်မ ၄၄ လက်အောက်ခံ ခမရ ၃ တပ် မှ စစ်ကောင်စီ တပ်သားများသည် ကင်းပုန်းဝပ်၍ တော်လှန်ရေး ရဲဘော်များကို စနိုက်ပါဖြင့် ချောင်းမြောင်း တိုက်ခိုက်ရန် ဒညင်းကုန်းကျေးရွာထိပ်တွင် တပ်စွဲထားစဥ် တပင်ရွှေထီး စစ်ကြောင်း တပ်ခွဲ ၂ နှင့် တပ်ရင်း sniper team တို့က သွားရောက် စောင့်ဆိုင်းခဲ့ကြောင်း သိရှိရသည်။

တပင်ရွှေထီး စစ်ကြောင်း တပ်ရင်း sniper team sniperman များ၏ ပြန်လည် ချောင်းမြောင်း ပစ်ခတ်မှုကြောင့် အကြမ်းဖက် စစ်တပ်ဘက်မှ စနိုက်ပါ စစ်သား ၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

သထုံခရိုင်၊ ဘီးလင်းမြို့နယ်ရှိ တပ်မ(၄၄)လက်အောက်ခံ ခ မ ရ (၃)တပ်မှ ကင်းပုန်း နှင့် စနှိုက်ပါ အဖွဲ့များသည် မိမိတို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့များအား ချောင်းမြောင်းတိုက်ခိုက်နိုင်ရန် ဒညင်းကုန်းကျေးရွာထိပ်တွင် တပ်စွဲထားကြောင်းသတင်းရရှိသဖြင့် မိမိတို့တပင်ရွှေထီးစစ်ကြောင်း၊ တပ်ခွဲ(၂) နှင့် တပ်ရင်း sniper team တို့သွားရောက်စောင့်ဆိုင်းခဲ့ပါသည်။

မိမိတို့တပ်ရင်းsniper team sniperman များ၏ပြန်လည်ချောင်းမြောင်းတိုက်ခိုက်မှုကြောင့်အကြမ်းဖက် စကစ Sniper သ္မားစခကို 14•12•23 10:45Am အချိန်တွင် မရဏခရီးသို့ အပြီးပို့ဆောင်ပေးနိုင်ခဲ့ကြောင်းသတင်းကောင်းပါးလိုက်ပါတယ်ဗျ။

ပညာတက်ပြီးတည်ငြိမ်စွာ ရင်ဘက်ချင်းတူ ညီကို ‌‌တွေပေါင်း စပ်ပြီးကိုယ့်ဘောင်အတွင်းမှာ ကိုယ်အချိုး ကိုယ့်အထာနဲ့ နေထိုင်ကြတဲ့ တပင်ရွှေထီးစစ်ကြောင်း ရဲ့ Sniper team အဖွဲ့သားများရဲ့ စကေး များကိုဂုဏ်ယူရင်း ရှေ့ဆက်ခရီး အပြန်လမ်းနီးပြီးမို့ ဆက်လျှက်ကြိုးစားကြပါဆို့လို့ ပြောကြားရင်း…..

ခေတ်ကိုပြောင်းဖို့ ခေါင်းကိုပစ်ရင်း

တပင်ရွှေထီး စစ်ကြောင်း


Comments

Leave a Reply

Your email address will not be published. Required fields are marked *