NUG ကာကွယ်ရေး ဒုဝန်ကြီး နိုင်ကောင်ရွက်က မွန်ပြည်တော်လှန်ရေးတပ်များနှင့်တွေ့ဆုံ ၊ စစ်အာဏာရှင် အမြစ်ဖြတ်ရေး အဆုံးအထိတိုက်ပွဲဝင်ရန် သစ္စာရေသောက် ကတိသစ္စာပြု

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန ၏ဒုဝန်ကြီး နိုင်ကောင်ရွက်က မွန်ပြည်တော်လှန်ရေးတပ်များနှင့်တွေ့ဆုံ ၊ စစ်အာဏာရှင် အမြစ်ဖြတ်ရေး အဆုံးအထိတိုက်ပွဲဝင်ရန် သစ္စာရေသောက် ကတိသစ္စာပြုကြောင်း NUG က တရားဝင် သတင်းထုတ်ပြန်သည်။

ဒီဇင်ဘာလ ၁၁ ရက်နေ့ ကာကွယ်ရေးဝန်ကြီးဌာန ဒုဝန်ကြီး နိုင်ကောင်းရွက်မှ ရေးမြို့နယ်တောင်ပိုင်းရှိ တော်လှန်ရေးမဟာမိတ်အင်အားစုများနှင့် တွေ့ဆုံခဲ့ကြောင်း၊ တွေ့ဆုံပွဲတွင် ကာကွယ်ရေးဝန်ကြီးဌာန ဒုဝန်ကြီး နိုင်ကောင်းရွက်မှ တော်လှန်ရေးရဲဘော်များနှင့်တွေ့ဆုံကာ ၃နှစ်နီးပါးကာလအတွင်း အောင်မြင်မှု၊ ဆုံးရှုံးမှုပေါင်းများစွာ တွေ့ကြုံခံစားခဲ့ရသည့် ရဲဘော်များ၏ စိတ်ဓါတ်ခွန်အားတက်ကြွစေရန်လည်း အားပေးစကားပြောကြားခဲ့ကြောင်း သိရှိရသည်။

ကာကွယ်ရေးဝန်ကြီးဌာန – ဒုဝန်ကြီး နိုင်ကောင်းရွက်နှင့် တွေ့ဆုံပွဲတွင် မွန်ပြည်တော်လှန်ရေးတပ် – MSRF၊ ဒေါနစစ်ကြောင်း ၊ ABSDF တပ်ရင်း – ၁ ၊ ရေးပြောက်ကျားတပ် – YGF ၊ Ye Defense Force – YDF ၊ Mon State Revolutions Organization – MSRO ၊ Ye Air Force – YAF စသည့် မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့များ ပါဝင်ကြောင်း၊ ကာကွယ်ရေးဝန်ကြီးဌာန တောင်ပိုင်းတိုင်းစစ်ဒေသမှ တာဝန်ရှိသူများလည်း ပါဝင်ခဲ့ပြီး ရဲဘော်များ၏ လိုအပ်ချက်များကိုလည်း အပြန်အလှန် တင်ပြဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

စစ်အာဏာရှင်စနစ်နှင့် အာဏာရှင်မှန်သမျှအမြစ်ပြတ်ရေးအတွက် အဆုံးတိုင်တိုက်ပွဲဝင်သွားကြမည်ဟု တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့များမှ နိုဝင်ဘာလ ၃၀ ရက်နေ့တွင် သစ္စာရေ သောက် ကတိသစ္စာပြုထားခဲ့ကြောင်း သိရှိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *