လျှိူ့ဝှက်စာ လာပြန်ပီ ဘယ်သူမှမသိစေနဲ့အူး

စစ်ကောင်စီက ဦးစီးကျင်းပမည့် ၇၆ နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားများ ဗုံးခွဲခံရမည်စိုးရိမ်၍ လုံခြုံရေး အထူးတင်းကျပ်ရန် လျှို့ဝှက် ညွှန်ကြား

ဖုန်းယူမလာရ၊ အခမ်းအနားပြီးဆုံးသည်အထိတက်ရမည်၊ လက်ကိုင်အိတ်မယူရ၊ X-ray စက် ဖြတ်ရမည် အပါအဝင် စစ်ဆေးရမည့် အချက် ၁၁ ချက် လုပ်ဆောင်ရမည်

အကြမ်းဖက်စစ်ကောင်စီက ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ ကျရောက်မည့် ၇၆ နှစ်မြောက် လွတ်လပ်ရေး အခမ်း အနားများတွင် ဗုံးခွဲခံရမည်စိုးရိမ်၍ လုံခြုံ ရေး အထူးတင်း ကျပ်ရန် လျှို့ဝှက် ညွှန်ကြားချက်များ ထုတ်ပြန်လိုက်ကြောင်း စစ်ကိုင်းတိုင်း စစ်ကောင်စီ သတင်းရင်းမြစ်ကပြောဆိုသည်။

၇၆ နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားများတွင် လုပ်ဆောင်စစ်ဆေးရမည့် စည်းကမ်းချက် ၁၁ ချက်ကို စစ်ကောင်စီက တိုင်း/ပြည်နယ်စစ်ကောင်စီများသို့ လျှို့ဝှက် ပေးပို့လိုက်ပြီး ယင်းတို့အထဲတွင်

၁- ဆေးလိပ်/မီးခြစ်များ ယူဆောင်လာခြင်းမပြုရန်

၂-ကွမ်းယာဗူး/ကွမ်းယာထည့်ထားသည့် ပလတ်စတစ်အိတ်များ ယူဆောင်လာခြင်းမပြုရန်။

၃-သတ်မှတ်ထားသည့် လည်ဆွဲကတ်များ ချိတ်ဆွဲထားရှိရန်။

၄- သတ်မှတ်ထားသော Phone Pass များ ပါရှိသူများသာ Phone ယူဆောင်စေပြီး Phone Pass မပါပါက ဖုန်းများကို အခမ်းအနားကျင်းပသည့် နေရာသို့ ယူဆောင်ခွင့်မပြုရန်။

၅-မော်တော်ယာဉ် ဝင်/ထွက်ကတ်များအား ယာဉ်၏ ရှေ့ခန်းလေကာမှန်တွင် ကပ်ထားရန်။

၆- အခမ်းအနားသို့ ခွင့်ပြုချက်ပေးထားသူများမှအပ ဓာတ်ပုံရိုက်ခြင်းမပြုလုပ်ရန်။

၇-အခမ်းအနားသို့ တက်ရောက်လာသူအားလုံးသည် လက်ပွေ့အိတ်များ လက်ကိုင်အိတ်များ သယ်ယူလာခြင်းမပြုရန်။

၈- ကျန်းမာရေးနှင့် တစ်ကိုယ်ရည်သုံးပစ္စည်းများကို အိတ်အကြည်ဖြင့်သာ ထည့်သွင်းယူဆောင်လာရန်

၉-အခမ်းအနားတက်သူများအားလုံးသည် အခမ်းအနားပြီးဆုံးသည်အထိ တက်ရန်နှင့် ကျန်းမာရေးကိစ္စရှိလျှင် သက်ဆိုင်ရာသို့ သတင်းပို့ပြီးမှ သွားရန်။

၁၀- X-ray / Walk Through စက်များဖြင့် အစစ်ဆေးခံသွားရန်နှင့် နှလုံးစက်တပ်ထားသူများပါရှိလာပါက သီးခြား သတင်းပေးပို့သွားကြရန်။

၁၁- အခမ်းအနားသို့ တက်ရောက်လာသူအားလုံးသည် ဝင်/ထွက်ခွင့်ပြုထားသည့် နေရာနှင့် သတ်မှတ်ထားသည့်နေရာမှအပ ကန့်သတ်နေရာများသို့ သွားလာခြင်းမပြုရန် တို့ကို စစ်ဆေးဆောင်ရွက်ရန် ညွှန်ကြားထားသည်။

ထို့ပြင် စစ်ကောင်စီက အခမ်းအနားကျင်းပမည့် နေရာများတွင် ဒရုန်း Jammer များ တပ်ဆင်ထားရန် ညွှန်ကြာထားပြီး အခမ်းအနားကျင်းပနေသည့်နေရာနှင့် ၃ မိုင်ပတ်လည်တွင် လုံခြုံရေးများများ တင်းတင်းကျပ်ကျပ် ချထားရန် ရဲနှင့်စစ်ဘက်ဆိုင်ရာများကို လျှို့ဝှက်သီးခြားညွှန်ကြားမှုများ ရှိကြောင်း သိရှိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *