နမ့်ဆန်မြို့ကို တအာင်းတပ် သိမ်းပိုက်လိုက်ပြီး စစ်ကောင်စီဘက်က ရဟပ်ယာဉ်နဲ့ ဗျူဟာမှူးကို ကယ်ဖို့ လုပ်ပေမယ့် မရခဲ့

၆ရက်တာ အပြင်းအထန်တိုက်ပွဲဖြစ်ပွါးခဲ့ပြီးနောက် တအာင်းဒေသ နမ့်ဆန်မြို့ကို တအာင်းတပ်(PSLF/TNLA)က သိမ်းပိုက်လိုက်ပြီဖြစ်ပါတယ်။

တိုက်ပွဲဟာ အပြင်းအထန်ဖြစ်ခဲ့ပြီး နောက်ဆုံးကျန်ရှိနေတဲ့ စစ်ကောင်စီတပ်ရဲ့ နောက်ဆုံးခံတပ်ဖြစ်တဲ့ ဗျူဟာကုန်းကို ဒီနေ့ ဒီဇင်ဘာ ၁၅ရက်နေ့မှာ သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လေကြောင်းနဲ့ အကြိမ်ရေအများအပြား လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး နေအိမ် ၈လုံးထက်မနည်းမီးလောင်ပျက်စီးခဲ့ပါတယ်။

ဗျူဟာကုန်းသိမ်းပိုက်ရရှိပြီးနောက် ထွက်ပြေးသွားတဲ့ ဗျူဟာမှူးနဲ့ အပေါင်းအပါ ၅ယောက်ကို စစ်ကောင်စီဘက်က ရဟပ်ယာဉ်နဲ့ လာရောက်ကယ်ဆယ်ဖို့ လုပ်ပေမယ့် မကယ်နိုင်ခဲ့ဘဲ နောက်ပြန်ဆုတ်ခဲ့ရပါတယ်။

တိုက်ပွဲပြီးခဲ့ပေမယ့် စစ်ကောင်စီဘက်က ဂျက်လေယာဉ်နဲ့ ဆက်လက်တိုက်ခိုက်နေဆဲဖြစ်ပါတယ်။

နောက်ဆုံးဗျူဟာကုန်းကို တိုက်ခိုက်ချိန်မှာ အရပ်သားတစ်ဦး ထိခိုက်မှုရှိခဲ့ပြီး ဒဏ်ရာရရှိခဲ့ပါတယ်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top