နောင်ပိုအောင်တွင် ရှမ်းနီတပ် SNA က ဆက်ကြေးယူကာ ခွင့်ပြုထားသည့် ရွှေမျှောဖောင်များကို စစ်ကောင်စီတပ်က မီးရှိုဖျက်ဆီး၍ နှစ်ဖက် စစ်ရေးတင်းမာ

စားခွက် လုနေပြန်ပြီ !

” နောင်ပိုအောင်တွင် ရှမ်းနီတပ် SNA က ဆက်ကြေးယူကာ ခွင့်ပြုထားသည့် ရွှေမျှောဖောင်များကို စစ်ကောင်စီတပ်က မီ့-ရှို-ဖျ-က်ဆီး-လို့ နှစ်ဖက် စစ်ရေးတင်းမာနေကြောင်းသိရ ဧရာဝတီတိုင်းမ် ဒီဇင်ဘာ ၁၄ သတင်း ”

ချမှာဖြင့် မြန်မြန်ချတော့လေ အားပေးနေတယ် အင်အားမရှိတဲ့ စစ်တပ်က ဖံထထယားနေတာမြင်ရတော့ အတော်လည်း ရီချင်မိတယ် နိုင်တာလည်း မဟုတ်ပဲ ဖြဲလိုက် ဒူးထောက်လိုက်နဲ့ဆိုတော့ ပြည်သူရင်ဆိုင်နေရတာ တကယ့် ရွာသာကြီးစစ်တပ်ပါပဲ စစ်တိုက်တာနည်းနည်း အကြ-မ်း-ဖ-က်တာ များများရယ်

တွေးကြည့်ရင် အကုန် ဇော-က်-ပေါ အာရုံနောက်ရတဲ့ ‌စစ်ဗိုလ်ချုပ်တွေ ဒီနိုင်ငံ စစ်တပ်ကို မောင်ပိုင်စီး လုယူထားလို့ ခုလိုတွေ ဗရမ်းဗတာ ဖြစ်နေရတာ ရင်နာရတယ် ပြည်သူတွေ အချိန်ကုန် ဒုက္ခ ဆိုက်ရောက်ကြရတယ် ‌ေ-ခွးတွေ လူရာဝင်ချင်နေတဲ့ အရူးစိတ်တွေ ဖောက်လွဲပြန်နေကြလို့ပဲ !
#နန်းကြည်ညိုဝေ 🦚

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ နောင်ပိုအောင်စံပြကျေးရွာအနီးတွင် ရှမ်းနီအမျိုးသား တပ်မတော်(SNA)က ဆက်ကြေးကောက်ယူကာ ခွင့်ပြုထားသည့် ရွှေမျှောဖောင်များကို ပြီးခဲ့သည့် ဒီဇင်ဘာ ၆ ရက်နေ့တွင် စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့၍ ရှမ်းနီတပ်နှင့် စစ်ကောင်စီတပ်တို့အကြား စစ်ရေးတင်းမာနေကြောင်း ဒေသခံများထံက သိရသည်။

ရွှေမျှောဖောင်လုပ်ကိုင်သူများသည် လစဥ်တိုင်း ရှမ်းနီ အမျိုးသားတပ်မတော်(SNA)ကို ဖောင်တစ်စီးလျှင် ကျပ်သိန်း ၅၀ ပုံမှန်ဆက်ကြေးပေးသွင်းကာ ရွှေမျှောများလုပ်ကိုင်နေခြင်းဖြစ်ပြီး စစ်ကောင်စီတပ်က ဝင်ရောက်မီးရှို့၍ ရွှေမျှောလုပ်ကိုင်သူများကို ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

“နောင်ပိုအောင် တံတားအောက်မှာ လုပ်ကိုင်နေကြတာ။ ရှမ်းနီတွေကို ဆက်ကြေးပေးပြီး လုပ်ကြရတာ။ စစ်တပ်က သူတို့ခွဲတမ်းမရတော့ လာပြီးမီးရှို့ကြတာ။ မျှောဖောင်သမားတွေကိုလည်း ရိုက်နှက်ထားခဲ့တာ။ မီးမရှို့တဲ့ ဖောင်တွေကို ပြန်ရွေးယူခိုင်းတယ်။ မရွေးနိုင်တဲ့ မျှောပိုင်ရှင်တွေကို ကြိုးနဲ့တုတ် ဖမ်းခေါ်သွားကြတယ်။ ရှမ်းနီခေါင်းဆောင် ကိုယ်တိုင်တောင်းပန်တာတောင်မရဘူး။ အခုတော့အချင်းချင်းတွေ ပြသနာတက်ပြီး ရှင်းနေကြတယ်” ဟု နောင်ပိုအောင် ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

မီးမရှို့ဘဲ ချန်လှပ်ထားခဲ့သည့် ရွှေမျှောဖောင်များကို ပိုင်ရှင်များက တစ်စီးလျှင် သိန်း ၄၀၀ ဖြင့် ပြန်လည်ရွေးယူရမည်ဟု စစ်ကောင်စီတပ်မှ ပြောဆိုထားကြောင်း ရွှေမျှောဖောင်လုပ်ကိုင်နေသူတစ်ဦးထံက သိရသည်။

လက်ရှိတွင် နောင်ပိုအောင်ရှိ စစ်ကောင်စီတပ်ခေါင်းဆောင်များနှင့် ရှမ်းနီအမျိုးသား တပ်မတော် (SNA) ခေါင်းဆောင်တို့ မျှောဖောင်မီးရှို့ဖျက်ဆီးသည့် ကိစ္စနှင့် မျှောပိုင်ရှင် များအားဖမ်းဆီးမှုတို့ကို ညှိနှိုင်းနေသော်လည်း ပြေလည်မှုမရှိသေးကြောင်း ရှမ်းနီတပ်နှင့် နီးစပ်သူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောကြားသည်။

ဟုမ္မလင်းအခြေစိုက် ခမရ-၃၆၉ မှ စစ်ကောင်စီတပ်သားများ၊ ပျူစောထီးများနှင့် ရှမ်းနီ(SNA)တပ်များသည် ချင်းတွင်းမြစ်အတွင်း သွားလာနေသည့် ရေယာဥ်များကို မကြာခဏဆိုသလို အဓမ္မ ဆက်ကြေးတောင်းယူနေကြောင်း ဒေသခံများထံက သိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *