လွိုင်ကော်မြို့တွင် အရပ်ဝတ်ဖြင့် WY မူးယစ်ဆေးဝါးများ ရောင်းဝယ်နေသူ ရဲတပ်သားတစ်ဦးကို လက်ပစ်ဗုံးများနှင့်အတူ ဖမ်းဆီးရမိ၊ လွိုင်ကော် KBZ ဘဏ်တွင် တပ်စွဲထားသော ရဲတပ်ဖွဲ့ဝင်ဖြစ်ဟုဆို

လွိုင်ကော်မြို့တွင် အရပ်ဝတ်ဖြင့် WY မူးယစ်ဆေးဝါးများ ရောင်းဝယ်နေသူ ရဲတပ်သားတစ်ဦးကို လက်ပစ်ဗုံးများနှင့်အတူ ဖမ်းဆီးရမိ၊ လွိုင်ကော် KBZ ဘဏ်တွင် တပ်စွဲထားသော ရဲတပ်ဖွဲ့ဝင်ဖြစ်ဟုဆို

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အတွင်း အရပ်ဝတ်ဖြင့် မူးယစ်ဆေးဝါး ဖြစ်သည့် WYဆေးပြားများ‌ သယ်ဆောင် ရောင်းဝယ်နေသော ရဲတပ်သားတစ်ဦးကို ဖမ်းဆီးရရှိကြောင်း KNDFတပ်ရင်းအမှတ် ၅ က သတင်းထုတ်ပြန်သည်။

ဒီဇင်ဘာလ၊ (၁၁)ရက်နေ့၊ လွိုင်ကော်မြို့တွင် ရဲတပ်သား တင်မောင်နိုင်ကို လက်ပစ်ဗုံး ၃ လုံး၊ WYဆေးပြား ၁၂ ပြား၊ လက်ကိုင်ဖုန်း ၂ လုံး နှင့် ငွေသားတချို့နှင့်အတူ ဖမ်းဆီးရရှိခဲ့ကြောင်း၊ ရဲတပ်သား တင်မောင်နိုင်သည် လွိုင်ကော်မြို့၊ တောင်ဈေးအနီးရှိ KBZ ဘဏ်တွင် တပ်စွဲထားသော ရဲတပ်ဖွဲ့ဝင်များထဲမှတစ်ဦးဖြစ်ကြောင်း ၊ WYဆေးပြားများကို အပြင်မှဝယ်ယူကာ တပ်ဖွဲ့ဝင်များထံ ပြန်လည်ရောင်းချနေသူတစ်ဦးဖြစ်ပြီး ယခုဖြစ်စဉ်တွင်လည်း အပြင်တွင် ဆေးပြားများဝယ်ယူရန် အရပ်ဝတ်ဖြင့် သွားလာနေချိန်အတွင်း KNDF ရဲဘော်များမှ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

စိတ်ကြွဆေးပြားများနှင့်အတူ ဖမ်းဆီးရရှိသူ ရဲတပ်သား တင်မောင်နိုင်ကို KNDF က သက်ဆိုင်ရာ ကရင်နီပြည် ရဲဌာန ( KSP) လက်ထဲသို့ အပ်နှံလိုက်ကြောင်း သိရှိရသည်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top