ဝမ်းတွင်းတွင် ပျူစောထီး ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံးကာ အလောင်း လာကောက်သည့် စစ်သားများပါ မိုင်းဆွဲ တိုက်ခိုက်၊ မင်းလှမြို့နယ်တွင် အရက်မူးနေသည့် စစ်ဗိုလ် ၁ ဦး ဆိုင်ကယ် မှောက်၍ သေဆုံး

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်တွင် ပျူစောထီး ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံးကာ အလောင်း လာကောက်သည့် စစ်သားများပါ မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း Wundwin Township Revolution Force အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

ဒီဇင်ဘာလ ၁၅ ရက်နေ့ မွန်းလွဲပိုင်းတွင် ဝမ်းတွင်းမြို့နယ် ကမ်းပါးနီရွာသား ပျူစောထီးအဖွဲ့ဝင် တင်မင်းကို Wundwin Township Revolution Force (WTRF) အဖွဲ့က ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ သေဆုံးသွားသော ပျူစောထီး အလောင်းကို လာကောက်သည့် စစ်သားများလိုက်ပါလာသော ယာဥ်တန်းကိုလည်း WTRF အဖွဲ့က မိုင်းဆွဲ တိုက်ခိုက်ခဲ့​​ရာ ကား ၁ စီး ထိမှန် ပျက်စီးခဲ့ပြီး စစ်သားများ ထိခိုက်သေဆုံးမှု ရှိမရှိကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။

ထို့ပြင် ပဲခူးတိုင်း၊ မင်းလှမြို့နယ်တွင် အရက်မူးနေသည့် စစ်ဗိုလ် ၁ ဦး ဆိုင်ကယ် မှောက်၍ သေဆုံးခဲ့ကြောင်း ဒေသပြည်သူများနှင့် တပ်တွင်း သတင်းရင်းမြစ်များကပြောဆိုသည်။

ဒီဇင်ဘာလ ၁၀ ရက်နေ့ ညနေ ၄ နာရီခန့်တွင် မင်းလှမြို့နယ်အပိုင် ပဲခူးရိုးမအတွင်းရှိ မြို့ချောင်း-စိန်ကန့်လန့် ရိုးမ ဖြတ်လမ်း၊ ဘန့်ဘွေးကုန်းကျေးရွာနှင့် အောင်ဆန်းမြိုင်(ဝံလူး)ကျေးရွာ အကြားရှိ သဲဖြူကွေ့ ကားလမ်းပိုင်းတွင် ကင်းပုန်းဝပ်ပြီး ပြန်လာသည့် အရက်မူးနေသော စစ်ဗိုလ် ၁ ဦး ဆိုင်ကယ်မှောက်၍ သေဆုံးသွားကြောင်း သိရသည်။

” အဲ့စစ်ခွေးက ၃ ပွင့် ယူနီဖောင်းဝတ် အရက်က မူးနေတာ ဟိုင်းယုလမ်းဆုံကနေ ခလရ ၁ တပ်ကို ပြန်လာရင်း မှောက်တာ အဲ့နေ့ညနေကပဲ ပရဟိတ အသင်းကားနဲ့ လာသယ်သွားတယ်။ PDF တွေ လက်ချက်ကြောင့် သေတာဆိုပြီး သတင်းလွှင့်ထားတယ်။ အလောင်းလာသယ်တော့လည်း သေနတ် ၅ ချက် ဖောက်သွားတယ်” ဟု ဒေသပြည်သူများနှင့် တပ်ရင်း သတင်းရင်းမြစ်က ပြောဆိုသည်။

15.12.2023(နေ့လည်ပိုင်း) မန္တလေးတိုင်း၊မိတ္ထီလာခရိုင်၊ဝမ်းတွင်းမြို့နယ် ကမ်းပါးနီကွင်း ပျူစောထီးအဖွဲ့ဝင် တင်မင်းအား သုတ်သင်ရှင်းလင်းပြီး အလောင်းလာကောက်သည့် စကစ ယာဉ်တန်းအား ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ပါသည်။ထိုဖြစ်စဉ်နှင့်ပတ်သက်၍ ပျူစောထီး(တင်မင်း)သည် စကစ စစ်ကြောင်းများကို ဦးဆောင်လမ်းပြခြင်း တော်လှန်ရေးဘက်တော်သားများအား လိုက်လှန်စုံစမ်းသတင်းပေးခြင်း ၎င်းအလောင်းလာကောက်သည့် စကစ (စခဗ)ကားပျက်စီးသွားပြီး ထိခိုက်မှု မသိရှိရပါ

စကစ ထောက်တိုင်မှန်သမျှကို WTRF အဖွဲ့မှ သုတ်သင်ရှင်းလင်းမည်ဖြစ်ကြောင်း တော်လှန်ရေး သစ္စာ ပြုပါ၏။


Comments

Leave a Reply

Your email address will not be published. Required fields are marked *