မြောက်ပိုင်းကတော့ မြစ်ဧရာ အရှေ့ခြမ်းထိတက်လာပီ

တလှိုင်းပြီးတလှိုင်းလာမယ်….. 👏👏👏 ရှယ်မိုက်ပြီဟေ့

15.12.2023 ဒီမနက် 5:30 am ချိန် ဧရာဝတီမြစ် အရှေ့ဘက်ကမ်းရှိ တာလောကြီး ကျေးရွာ မအလ စစ်စခန်းကြီး KIA မှ အောင်မြင်စွာရှင်းလင်းနိုင်ခဲ့

မြစ်ကြီးနားနားက တာလောကြီး စကစစခန်းကို KIA ကသိမ်းလိုက်တယ်ဆိုတော့ လေတပ်ဌာနချုပ်နဲ့ နီးလာပြီပေါ့

မိုက်နေပြီကွာ မြောက်ပိုင်းကတော့ မြစ်ဧရာ အရှေ့ခြမ်းတက်လာပီ 😍

အချိန်နဲ့တပြေးညီ တာလောကြီး အခြေအနေဖြစ်ပါသည်။

မကြာသေးခင် ၁ဝးဝ၈ နောက်ဆုံးချိန်ထိ လေယာဉ်နဲ့ပစ်နေပါတယ်တဲ့

အခု post တင် အသိပေးချိန် ၁ဝး၂၅ ရှိပါပြီ

အပြစ်မဲ့ပြည်သူတွေ လုံခြုံဘေးကင်းကြပါစေ

#အရေးပေါ်_သတိပေးကြေညာချက်

စာအမှတ်။ ။၅/၂၀၂၃/SNUA(သတိပေးကြေညာချက်)။

ရက်စွဲ ။ ။၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ(၁၅)ရက်။

၁။ ရှမ်းနီတိုင်းရင်းသားများ နေထိုင်ရာ ကျေးရွာကြီးဖြစ်သော မြစ်ကြီးနားမြို့နယ်၊ တာလောကြီး(မၢၼ်ႈတႃႈလေႃႉ)ရွာကို ယနေ့ ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ(၁၅)ရက်၊ နံနက် ၅:၀၀နာရီတွင် KIO/KIAတပ်ဖွဲ့က ဝင်ရောက်စီးနင်းပြီး လီဆူပြည်သူ့စစ်များနှင့် တိုက်ပွဲဖြစ်ပွားနေကြောင်း သိရှိရပါသည်။

၂။ KIO/KIAတပ်ဖွဲ့က ထိုသို့စီးနင်းထားရာတွင် ရွာနေရှမ်းနီပြည်သူလူထုကို ထွက်ပြေးတိမ်းရှောင်ခွင်မပေးဘဲ လူသားတံတိုင်းပြု၍ အကာအကွယ်ယူကာ ယခုအချိန်ထိ တိုက်ခိုက်နေကြောင်း သိရှိရပါသည်။

၃။ ထို့အပြင် စစ်ကောင်စီသည် မြစ်ကြီးနားမြို့ဘက်မှ လက်နက်ကြီးများ၊ လေကြောင်းပစ်ကူများဖြင့် KIO/KIAတပ်ဖွဲ့ကို တုန့်ပြန်တိုက်ခိုက်လာရာ တာလောကြီး(မၢၼ်ႈတႃႈလေႃႉ)ရွာဘေးအထိ ကျရောက်ပေါက်ကွဲနေကြောင်း သိရှိရပြီး ရွာနေရှမ်းနီပြည်သူလူထုအတွက် အန္တရာယ်ကြီးစွာ ကျရောက်နေ ပါသည်။

၄။ စစ်ရေးပဋိပက္ခအတွင်း ပါဝင်လျက်ရှိသည့် KIO/KIAတပ်ဖွဲ့၊ လီဆူပြည်သူ့စစ်နှင့် စစ်ကောင်စီတို့သည် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဥပဒေ(IHL)နှင့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးဥပဒေ(IHRL)အပေါ် လေးစားလိုက်နာရန် လိုအပ်ကြောင်း သတိပေးပါသည်။

၅။ KIO/KIAတပ်ဖွဲ့၊ လီဆူပြည်သူ့စစ်နှင့် စစ်ကောင်စီတို့သည် ရှမ်းနီပြည်လူထုကိုအကာအကွယ်ယူ၍ တိုက်ခိုက်ခြင်း၊ ရှမ်းနီပြည်သူလူထုနေထိုင်ရာ အဆောင်အဦများ၊ စာသင်ကျောင်း၊ ဆေးရုံနှင့် ဘာသာရေးအဆောက်အဦများတွင် ဝင်ရောက်နေရာယူခြင်း၊ ၎င်းနေရာများကို စစ်ရေးပစ်မှတ်အဖြစ် ပစ်ခတ်တိုက်ခိုက်ခြင်း မပြုကြရန်နှင့် ရှမ်းနီပြည်သူလူထုကို စစ်ဘေးလွတ်ရာသို့ ထွက်ခွာခွင့်ပြုရန် တောင်းဆိုပါသည်။

၆။ တာလောကြီး(မၢၼ်ႈတႃႈလေႃႉ)ရွာသည် ရှမ်းနီတိုင်းရင်းသားများ အစဉ်အဆက်နေထိုင်ခဲ့ကြသည့် သမိုင်းဝင်ကျေးရွာကြီးဖြစ်ပြီး KIO/KIAတပ်ဖွဲ့၏ ရန်ပြုခြင်း၊ အဓမ္မစစ်သားစုဆောင်းခြင်းကို အကြိမ်ကြိမ်ခံရသည့် ရွာတစ်ရွာဖြစ်ရာ ယခုစစ်ရေးပဋိပက္ခဖြစ်စဉ်အတွင်း ၌လည်း လူ့အခွင့်အရေးချိုးဖောက်ခံရသည့်ဖြစ်စဉ်များ ရှိလာမည်ကို များစွာစိုးရိမ်နေရပြီး အခြေအနေရပ်ရပ်ကို မိမိတို့အစည်းအရုံးက စောင့်ကြည့်မှတ်တမ်းတင်သွားမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။

အလုပ်အမှုဆောင်အဖွဲ့

ရှမ်းနီအမျိုးသားများ ညီညွတ်ရေးအစည်းအရုံး(SNUA)


Comments

Leave a Reply

Your email address will not be published. Required fields are marked *