နမ့်ခမ်းစခန်းသစ်ကုန်း မကျဆုံးရေးအတွက် စစ်ကောင်စီက ရဟတ်ယာဉ်ဖြင့် ပိုဆောင်ခဲ့သော စစ်ကူစစ်ကြောင်းကို TNLA က တိုက်ခိုက်ရာ စစ်သားများ သေဆုံးမှုများပြားပြီး ဗိုလ်မှူး ၁ ဦး အပါအဝင် စစ်သုံ့ပန်း ၄ ဦး ဖမ်းဆီးရရှိ

လက်နက် ၄၀ လက်နှင့် ကျည်ဆန် ခဲယမ်းမြောက်မြားစွာ သိမ်းဆည်းရရှိ

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြိုရှိ စစ်ကောင်စီ စခန်းသစ်မကျဆုံးရေးအတွက် စစ်ကောင်စီတပ်က ရဟတ်ယာဥ်ဖြင့် ပိုဆောင်လိုက်သော စစ်ကူစစ်ကြောင်းများကို တအာင်းတပ်မတော် PSLF/TNLA က တိုက်ခိုက်ရာ စစ်ကောင်စီတပ်မှ ဗိုလ်ကြီးအဆင့် အလောင်းများနှင့် ဗိုလ်မှူးအဆင့် အပါအဝင် စစ်သုံ့ပန်း ၄ ဦး ဖမ်းဆီးရမိခဲ့ကြောင်း TNLA က သတင်းထုတ်ပြန်သည်။

ဒီဇင်ဘာ ၁၂ ရက်နေ့တွင် စစ်ကောင်စီတပ်မှ စခန်းသစ်ကုန်းဘက်သို စစ်ကူပေးရန် နမ့်ခမ်းမြိုနယ်၊ နောင်ကောင်ကျေးရွာ သချိုင်းကုန်းနှင့် ကွန်လုံကျေးရွာဘောလုံးကွင်းဘက်တွင် ရဟတ်ယာဥ်ဖြင့် စစ်ကူ အင်အား ၁၀၀ နီးပါး (၃)ကြိမ် လာရောက်ပိုချခဲ့ကြောင်း၊ စစ်ကောင်စီတပ်မှ ပို့ဆောင်လိုက်သော စစ်ကူစစ်ကြောင်းကို တအာင်းတပ်မတော် PSLF/TNLA က ယမန်နေ့ ဒီဇင်ဘာ ၁၅ရက်နေ့ထိ လိုက်လံရှင်းလင်းချေမှုန်းရာတွင် စစ်ကောင်စီတပ်မှ ဖရိုဖရဲဖြစ်ပြီး သေဆုံးမှုများပြားခဲ့ကြောင်း၊ ချေမှုန်းခံလိုက်ရသော စစ်ကောင်စီတပ်ထံမှ ပစ္စတို၂ လက်၊ လက်နက်မျိုးစုံ ၃၈ လက်၊ ကျည်ဆန်မြောက်များစွာ၊ ဆက်သွယ်ရေးစက်၊ ဗိုလ်ကြီးအဆင့်ပါ အလောင်းများစွာနှင့် စစ်သုံးဆောင်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် စကခ-၇၊ အမှတ် ၄၂၆ မှ ဗိုလ်မှူး မောင်စိုင်းကျော်တူအောင်၊ တပ်ကြပ် ကြီး မျိုးမင်းသန့် ၊ တပ်သား အောင်မျိုးခိုင် ၊ တပ်သား ကောင်းထက်ဇော် တို့ကို စစ်သုံ့ပန်းများအဖြစ် ဖမ်းဆီးရရှိကြောင်း သိရှိရသည်။

စစ်ကောင်စီတပ်မှ စခန်းသစ်မကျဆုံးရေးအတွက် စစ်ကူလူအင်အားများ ပိုဆောင်ခြင်း၊ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်ခြင်း၊ လေကြောင်းဖြင့် နေ့စဥ်ရာချီ အသုံးပြုတိုက်ခိုက်နေသည်။ ထိုပြင် စစ်ရေးပစ်မှတ်မဟုတ်သော ကျေးရွာများကိုလည်း နေ့စဥ်ဦးတည်ပစ်ခတ်တိုက်ခိုက်နေကြောင်း သိရှိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *