သာလီစွာပါ (၁၀၅)မိုင်ဟု နှုတ်ခွန်းဆက်လိုက်သည့် AA စစ်ဦးစီးချုပ်

သထုံခရိုင်၊ ဘီးလင်းမြို့နယ်ရှိ တပ်မ (၄၄) လက်အောက်ခံ ခမရ (၃) တပ်က ကင်းပုန်းနဲ့ စနိုက်ပါကို ပြန်ကင်းပုန်းဝပ်တိုက်ခိုက်ရာ စစ်တပ်က စနိုက်ဘာသမား သေဆုံးသွားတယ်လို့ တပင်ရွှေထီးစစ်ကြောင်းက ထုတ်ပြန်ပါတယ်။

တပ်မ (၄၄) လက်အောက်ခံ ခမရ (၃)တပ်က ကင်းပုန်းနဲ့ စနိုက်ဘာ အဖွဲ့များဟာ ပြည်သူ့ကာကွယ်ရေးအဖွဲ့များကို ချောင်းမြောင်းတိုက်ခိုက်နိုင်ဖို့ ဘီးလင်းမြို့နယ်၊ ဒညင်းကုန်းကျေးရွာထိပ်မှာ တပ်စွဲထားကြောင်း သတင်းရရှိတာကြောင့် တပင်ရွှေထီးစစ်ကြောင်း၊ တပ်ခွဲ(၂) နဲ့ တပ်ရင်း sniper team တို့ သွားရောက်စောင့်ဆိုင်းခဲ့ရာ sniper team ပြန်လည်ချောင်းမြောင်းတိုက်ခိုက်မှုကြောင့်အကြမ်းဖက်စစ်တပ် စနိုက်ဘာသမား ဒီဇင်ဘာ ၁၄ ရက်နေ့ နေ့လည် ၁၀ နာရီ ၄၅ မိနစ်အချိန်မှာ သေဆုံးသွားတယ်လို့ သိရပါတယ်။

မူဆယ်(၁၀၅)မိုင် စစ်တပ်ဗျူဟာကုန်းတွင် ရက္ခိုင့်တပ်တော်(AA)အလံ လွှင့်ထူထားသည့် ဓာတ်ပုံနှင့်အတူ ‘သာလီစွာပါ ၁၀၅ မိုင်’ဟု AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ၎င်း၏ တွစ်တာပေါ်တွင် ရေးသားပြီး ယင်းဗျူဟာကုန်းအား သိမ်းပိုက်ထားကြောင်း ပြည်သူများအားအသိပေးလိုက်သည်။

ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ် (၁၀၅)မိုင် စစ်ကောင်စီဗျူဟာကုန်းကို မြောက်ပိုင်းမဟာမိတ်သုံး ဖွဲ့က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး လက်နက်ခဲယမ်းများ အပါအဝင် စစ်ကောင်စီ၏ တင့်ကားနှစ်စီးကိုပါ ရရှိခဲ့ကြောင်း သတင်းများထွက်ပေါ်နေချိန် AAရဲဘော်များ တင့်ကား နှစ်စီးကို နောက်ခံထား အောင်ပွဲခံနေပုံသည့် ရုပ်ပုံနှင့်အတူ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ယနေ့ နေ့လယ်တွင် အသိပေးလာခြင်းဖြစ်သည်။

(၁၀၅)မိုင်တပ်စခန်းကို ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် ပူးပေါင်းတပ်ဖွဲ့များက ရက်အတန်ကြာတိုက်ခိုက်ခဲ့ပြီး ဒီဇင်လာ ၁၄ရက်တွင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ယင်းနေ ညနေပိုင်းတွင် (၁၀၅)မိုင် ဗျူဟာကုန်းရရှိခဲ့ပြီး စခန်းတစ်ခုလုံးကို ဒီဇင်ဘာ ၁၅ရက်ညတွင် သိမ်းပိုက်ခဲ့ခြင်းဟု ဒေသခံများက ဆိုသည်။

” ၁၀၅ မိုင် တကယ် Sold Out ပါပြီ။ စစ်တပ်က လေကြောင်းကနေပဲ ပစ်နေတော့တာ။ မြေပြင်မှာက မဟာမိတ်တွေသိမ်းထားပါပြီ”ဟု (၁၀၅)မိုင်ကုန်သွယ်ရေးဇုံးအနီးနေသူတစ်ဦးက ပြောသည်။

စစ်ကောင်စီက လေကြောင်းမှ လာရောက်တိုက်ခိုက်နေပြီး လုံခြုံရေးအထူးဂရုစိုက်ကြရန် မြို့ခံအချင်းချင်း သတိပေးနေသည်။

” မဟာမိတ်‌တွေက စစ်တပ်နဲ့ ဆွေးနွေးတဲ့သတင်းထွက်လာတော့ စိတ်ပူရသေးတယ်။ ဒီတိုက်ပွဲက ပေးဆပ်မှုတွေများတယ်။ အနိုင်အရှုံးပေါ်မှ ရမယ်။ အခု(၁၀၅)မိုင်ကို သိမ်းပြီဆို မူဆယ်ကို စစ်တပ်က မဲမှာ”ဟု မြို့ခံတစ်ဦးက ပြောသည်။

(၁၀၅)မိုင်ဗျူဟာကုန်းတွင် ကိုးကန့်တပ်(MNDAA)၏ အလံကိုပါ လွှင့်ထူထားသည်ကိုလည်း တွေ့ရသည်။

မူဆယ်ဒေသ နောက်ဆုံးအခြေအနေနှင့်ပတ်သက်၍ ဒေသခံတစ်ဦးက” မူဆယ်ကို မဟာမိတ်တွေ သုံးရက်အတွင်း ဝင်မယ်ပြောတယ်။ ဒါကြောင့် စစ်ရေးနဲ့ မဆိုင်တဲ့‌ နေရာတွေ အလံဖြူတွေ ထောင်ထားဖို့ တဆင့်စကား၊ တဆင့်နား သတိပေးနေတယ်”ဟု ပြောသည်။
ယ‌နေ့ နေ့လယ်တွင် ပစ်ခတ်သံများမကြားရတော့ဘဲ ငြိမ်သက်နေသည်ဟု မြို့ခံများက ပြောသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *