ကော့မှူးမြို့နယ်၊ ကျိုက်ထော်ကျေးရွာ ရဲစခန်းမှ နယ်ထိန်း ၁ ဦး အရပ်ဝတ်ဖြင့် တော်လှန်ရေး ရဲဘော်များ၏ သတင်းများ စုံစမ်းနေစဥ် ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ်၊ ကျိုက်ထော်ကျေးရွာ ရဲစခန်းမှ နယ်ထိန်း ၁ ဦး အရပ်ဝတ်ဖြင့် တော်လှန်ရေး ရဲဘော်များ၏ သတင်းများ စုံစမ်းနေစဥ် ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း ကော့မှူး ပကဖမှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

ယနေ့ ဒီဇင်ဘာလ ၁၇ ရက်နေ့ နံနက် ၁၁ နာရီ ၂၅ မိနစ်ခန့်တွင် ကျိုက်ထော်ကျေးရွာ ရဲစခန်းမှ နယ်ထိန်း ၁ ဦးဖြစ်သော တင်မိုးဇော် (ခ) စမိုင်းသည် အရပ်သားအသွင်ဖြင့် တော်လှန်ရေး ရဲဘော်များ၏ သတင်းများ စုံစမ်းနေစဥ် တလုတ်ထော်ကျေးရွာနှင့် အင်ယားချောင်ကျေးရွာ အကြားတွင် ကော့မှူးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပစ်ခတ် တိုက်ခိုက်ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသွားသော တင်မိုးဇော်သည် တော်လှန်ရေး ရဲဘော်များ၊ မိသားစုများကို ဖမ်းဆီးစစ်ဆေးရာတွင် အဓိက ပါဝင်သူ ၁ ဦးဖြစ်ပြီး၊ နယ်မြေအပိုင်များတွင် 2D ၊ 3D ၊ ကြက်ဝိုင်း၊ ဖဲဝိုင်း၊ လေးကောင်ဂျင် အစရှိသော လောင်းကစားပေါင်းစုံကို ဖွင့်ခွင့်ပေးပြီး ပိုက်ဆံရှာဖွေစားသောက်နေသူ ဖြစ်ကြောင်း သိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *