သဲကုန်းတွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတစ်ဦး ပစ်သတ်ခံရပြီး သေဆုံး

ပဲခူးတိုင်း၊ သဲကုန်းမြို့နယ်တွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတစ်ဦးကို နေအိမ်အတွင်းဝင်ရောက်၍ ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ပြည်ခရိုင် တပ်ရင်း ၃၆၀၁(PPDF)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယမန်နေ့(ဒီဇင်ဘာ ၁၆)ည ၉ နာရီခန့်က သဲကုန်းနယ်၊ ဓါးသွေးကျောက်ကျေးရွာအုပ်စုမှ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ကျော်ဝင်း (ခ)ကျော်ကြီးအား တပ်ရင်း ၃၆၀၁၊ တပ်ခွဲ (၃) Wisdomအဖွဲ့နှင့် တပ်ခွဲ(၅)နွေဦးအဖွဲ့မှ ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး နေရာတင်ပွဲ သေဆုံးသွားကြောင်း ၎င်းက ဆက်ပြောသည်။

အဆိုပါ အုပ်ချုပ်ရေးမှူး ကျော်ဝင်း(ခ)ကျော်ကြီးမှာ ပျူစောထီးဖွဲ့ရန်လူငယ်များအား စည်းရုံးခြင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ၏ သတင်းအချက်အလက်များကို စုံစမ်းကာ စစ်ကောင်စီထံ ပေးပို့ခြင်း၊ သစ်သမားများနှင့် ၂ လုံး ၃လုံးလောင်းကစားဒိုင်များထံမှ လိုင်းကြေးကောက်၍ စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ထောက်ပံ့နေသူဖြစ်သည်ဟု တပ်ရင်း(၃၆၀၁)က ဆိုသည်။

ပစ်ခတ်ခံရ၍ သေဆုံးသွားသော အုပ်ချုပ်ရေးမှူး ကျော်ကြီးထံမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဆက်သွယ်ထားသော လက်ကိုင်ဖုန်းတစ်လုံးကို သျိမျးဆညျးရရှိခဲ့ကွောငျး စုံစမ်းသိရသည်။

စစ်ကောင်စီနှင့်ပူးပေါင်းနေသော ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများအနေဖြင့် ပြည်သူနှင့်ပူးပေါင်းပြီး နူတ်ထွက်ကြရန်အကြိမ်ကြိမ်သတိပေးပြီးဖြစ်ရာ နှုတ်ထွက်ခြင်းမရှိဘဲ စစ်ကောင်စီနှင့်ပူးပေါင်း၍ ဆက် လက် လုပ်ဆောင်နေပါက ပြတ်ပြတ်သားသားအရေးယူသွားမည်ဟု အသိပေးထားသည်။

ပျူဖွဲ့ဖို့ လူစုစည်းပေး၊ PDFတွေရဲ့သတင်းကို စစ်အုပ်စုထံပေးနေတဲ့ သဲကုန်းနယ်က အုပ်ကြီး ပစ်ခတ်ရှင်းလင်းခံရ

ပဲခူးတိုင်း၊ သဲကုန်းမြို့နယ်ထဲက ဓားသွေးကျောက်ကျေးရွာအုပ်ချုပ်ရေးမှူးဆိုသူဟာ စစ်အုပ်စုအတွက် သတင်းပေးခြင်းနဲ့ ထောက်တိုင်လုပ်နေလို့ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ Bago Region PDF ကသတင်းထုတ်ပြန်ထားချက်အရသိရပါတယ်။

ယမန်နေ့ ည၉နာရီခန့်က စစ်အုပ်စုခန့်အုပ်ကြီး ကျော်ဝင်း(ခ)ကျော်ကြီးကို၎င်းနေထိုင်ရာအိမ်အထိသွားရောက်ပစ်ခတ်ရှင်းလင်းခဲ့တာလို့ဆိုပါတယ်။

အုပ်ကြီးကျော်ဝင်းဆိုသူဟာ ပျူထဲဝင်ဖို့ လူစုခြင်း၊PDFတွေရဲ့ သတင်းကို စကစထံပေးပို့ခြင်း၊ သစ်မှောင်ခိုနဲ့ လောင်းကစားဒိုင်တွေထံကနေ ဆပ်ကြေးကောက်ခြင်းနဲ့ရရှိလာတဲ့ ငွေတွေကိုစစ်အုပ်စုထံထောက်ပံ့ပေးနေလို့ ပစ်ခတ်ရှင်းလင်းခဲ့တာလို့ဆိုပါတယ်။

“လူကောင်းမှမဟုတ်တာဗျာ သေတော့ ကောင်းတာပေါ့။ ဒီကောင်စခတွေအတွက် အလုပ်မျိုးစုံလုပ်ပေးပြီး အရိုးကိုက်နေတဲ့ကောင် လာအရှင်းခံရတာနည်းတောင်နည်းသေးတယ်”လို့အမည်မဖော်လိုတဲ့ ဒေသခံတဦးကပြောပါတယ်။

အထက်ပါတိုက်ခိုက်မှုကိုတော့ ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၁၊ တပ်ခွဲ ၃ (Wisdom အဖွဲ) နှင့် တပ်ခွဲ ၅ (နွေဦးအဖွဲ)တို့ကပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်နေသော အုပ်ချုပ်ရေးမှူး၊ ပျူများအနေဖြင့် ပြည်သူ့ ရင်ခွင်သို့ အချိန်မီ အလင်းဝင်ရောက်ကြရန် အကြိမ်ကြိမ် သတိပေးပြီးဖြစ်သော်လည်း ဆက် လက် ပူးပေါင်း ဆောင်ရွက်နေပါက ပြတ်ပြတ်သားသား ချေမှုန်းတိုက်ခိုက်သွားမည်ဖြစ်ကြောင်း သတိပေးထားပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *