ရန်ကုန်တွင် Alpha Operation​၏ ပထမဆုံးစစ်ဆင်ရေးစတင်

ရန်ကုန်မြို့ နေရာ ၁၁ ခုမှာ မိုင်းဖောက်ခွဲမှုနဲ့ စစ်ဆင်ရေး စတင်ဖော်ဆောင်နေပြီလို့ Alpha Operation ထုတ်ပြန်

လမ်းဘေးချထားတဲ့ Bluetooth Speaker များကိုတွေ့ရှိပါက မထိတွေ့ မကိုင်တွယ်ဖို့ အထူးသတိပေးထား

လွတ်မြောက်နယ်မြေအသီးသီးက အထူးလေ့ကျင့်မှုများ ပြီးဆုံးပြီး ရန်ကုန်တိုင်းအတွင်း ပြန်လည်ဝင်ရောက် တာဝန်ထမ်းဆောင်နေကြတဲ့ အထူးတပ်ဖွဲ့များနဲ့ ရန်ကုန်မြေအောက် တော်လှန်ရေးတပ်ဖွဲ့များတဲ့ စုပေါင်းထားတဲ့ Alpha Operation ကို ရန်ကုန်မြို့တွင်းမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၅၊ ၁၆ ရက်ကတည်းက စတင်လုပ်ဆောင်နေပြီလို့ Alpha Operation တာဝန်ရှိသူတစ်ဦးထံမှ သိရပါတယ်။

ပထမဆုံး Alpha Operation စုပေါင်းစစ်ဆင်ရေးကို စစ်ကောင်စီ ယန္တရားနဲ့ အဆွယ်အပွားများရှိရာ စစ်ကောင်စီ ထောက်တိုင်နေရာများကို ရည်ရွယ်ပြီး စမ်းသပ်စစ်ဆင်ရေး လုပ်ဆောင်ခဲ့တာလည်း ဖြစ်တယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၅၊ ၁၆ ရက် ညပိုင်းက ရန်ကုန်မြို့နေရာအနှံ့အပြားမှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တာဖြစ်ပြီး ယင်းဖောက်ခွဲမှုနဲ့ပတ်သက်ပြီး Alpha Operation က လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့လည်း ယနေ့ ဒီဇင်ဘာ ၁၇ ရက်မှာ အသိပေးထုတ်ပြန်လာတာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၁၅၊ ၁၆ ရက်မှာ ရန်ကုန်မြို့ နေရာအနှံ့အပြားမှာ ဖြစ်သွားတဲ့ ပေါက်ကွဲမှုဖြစ်စဉ်တွေကို လုပ်ခဲ့တဲ့ မြို့ပြစစ်ဆင်ရေး Alpha Operation ကို လုပ်ဆောင်ခဲ့တာပါ။ စစ်ကောင်စီနဲ့ သူတို့လက်ပါးစေ အရပ်ဝတ် ဒလန်တွေကိုပဲ ပစ်မှတ်ထားလုပ်ဆောင်ခဲ့တာပါ လို့ Alpha Operation တာဝန်ခံ ကိုမင်းခေါင်က Burma VJ ကို ပြောပါတယ်။

ပထမဦးဆုံး စမ်းသပ်စစ်ဆင်ရေးကို ကမ်းပိန်းပုံစံဖြင့် ဆောင်ရွက်ခဲ့ပြီး နည်းပညာကိုလည်း တိကျမှန်ကန်စွာ အသုံးပြုခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီ တပ်စွဲထားတဲ့နေရာများ၊ အနီးဝန်းကျင်နဲ့ ပျူစောထီး (ဒလန်)များ စုစည်းရာနေရာတွေကို နည်းပညာသုံး မိုင်းများတပ်ဆင်ထားတဲ့ Bluetooth Speaker များကို ရန်ကုန် နေရာအနှံ့မှာ ဖြန့်ကျက်ချထားခဲ့တာဖြစ်ပြီး စစ်ကောင်စီနဲ့ ၎င်းတို့ရဲ့ ထောက်တိုင်များကို ရည်ရွယ်ကာ စစ်ဆင်ရေး လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

နည်းပညာသုံး မိုင်းများတပ်ဆင်ထားတဲ့ Bluetooth Speaker များတွင် Alpha Operation က ၎င်းတို့လုပ်ဆောင်နေတဲ့ ကမ်ပိန်းများအား ရှင်းပြခြင်း၊ လာရောက် မကိုင်၊ မထိ၊ မဖယ်ရှား၊ မပိတ်ပစ်ရန် သတိပေးစကားများ ပြောကြားခြင်း၊ တော်လှန်ရေး အောင်မြင်မှုအခြေအနေများကို အဆက်မပြတ် ထုတ်လွှတ်နေမှာဖြစ်ပြီး ပြည်သူများအနေနဲ့ ဘေးအန္တရာယ်ကင်းအောင် ရှောင်သွားဖို့ကိုလည်း ယင်း Bluetooth Speaker များကနေတဆင့် အသိပေးသွားဖြစ်တယ်လို့ သိရပါတယ်။

ယင်းစပီကာများကို ခလုတ်ပိတ်သူ၊ ဖျက်ဆီးသူများ၊ စတင်ဖယ်ရှားခြင်းများ လုပ်ဆောင်ခဲ့ပါက စတင်လုပ်ဆောင်တဲ့အချိန်မှစပြီး သတ်မှတ်ချိန်အတွင်း မိုင်းအဖြစ် ပြောင်းလဲသွားကာ ပေါက်ကွဲသွားမှာဖြစ်တာမို့ ပြည်သူများအနေနဲ့ မထိတွေ့ မကိုင်တွယ်ဖို့ကိုလည်း Alpha Operation က သတိပေးထားပါတယ်။

အဲသလိုအရာတွေကိုတွေ့ရင် သာမန်ပြည်သူတွေက ခပ်ဝေးဝေးကနေ ရှောင်သွားတတ်ကြပါတယ်။ သူတို့ စစ်ကောင်စီနဲ့ အရပ်ဝတ် ပျူ၊ ဒလန်တွေပဲ အဲ့အနီးဝန်းကျင်ကို ရောက်လာကြတာပါ။ နောက်တစ်ခုက စစ်ကောင်စီအဖွဲ့က ပြည်သူကို ဓားစာခံအသုံးချပြီး အဲသလို ပေါက်ကွဲစေတတ်တဲ့ဟာတွေကို သယ်ခိုင်းတာ၊ လုပ်ဆောင်ခိုင်းတာတွေမျိုးတွေလည်း ရှိတယ်၊ ဒါကြောင့် ပြည်သူတွေအနေနဲ့ စစ်ကောင်စီနဲ့ ဝေးရာ ရှောင်ကွင်းနေကြဖို့ကိုလည်း အသိပေးချင်ပါတယ် လို့ ကိုမင်းခေါင်က ပြောပါတယ်။

ဒီဇင်ဘာ ၁၅၊ ၁၆ မှာ လုပ်ဆောင်ခဲ့တဲ့ ပထမဆုံး Alpha Operation ကို ဟန်ချက်ညီ အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပြီး ပိုမိုပြင်းထန်တဲ့ စစ်ဆင်ရေးများကိုလည်း ရန်ကုန်နဲ့ အခြားမြို့များတွင် တပြိုင်နက် ဆက်လက်ဆင်နွှဲသွားမယ်လို့လည်း Alpha Operation က ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့သည့်ရက်က ရန်ကုန်တိုင်းရှိ မြို့နယ်များ၌ ဖြစ်ခဲ့သည့် ပေါက်ကွဲမှုများမှာ လွတ်မြောက်နယ်မြေများမှ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိ၍တာဝန်ထမ်းဆောင်နေသည့် အထူးတပ်ဖွဲ့ဝင်များနှင့် ရန်ကုန်မြေအောက်တော်လှန်ရေးတပ်ဖွဲ့များစုပေါင်းထားသည့် Alpha Operation ၏ ပထမဆုံးစမ်းသပ်စစ်ဆင်ရေးဖြစ်ကြောင်း ယင်းစစ်ဆင်ရေး၏ တာဝန်ခံကပြောသည်။

အဆိုပါစစ်ဆင်ရေးကို ကမ်ပိန်းအသွင်ဆောင်သည့် ပုံစံဖြင့်လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး နည်းပညာသုံးမိုင်းများတပ်ဆင်ထားသည့် Bluetooth Speakerများကို စစ်ကောင်စီတပ်စွဲထားသည့်နေရာများ ၊ ပျူစောထီးများစုစည်းလေ့ရှိသည့်နေရာများ အနီးအနားတွင် ထားရှိကာဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

ပေါက်ကွဲမှုမဖြစ်မီ ပထမအဆင့်တွင် အသံသပိတ်အနေဖြင့် Bluetooth Speaker များမှ ကမ်ပိန်းနှင့်ပတ်သက်၍ ရှင်းပြခြင်း ၊ စပီကာကို မထိ ၊မကိုင် ၊မပိတ်ရန် သတိပေးစကားပြောကြားခြင်း၊ တော်လှန်ရေး အောင်မြင်မှုအခြေအနေကိုရှင်းပြခြင်း နှင့် ပြည်သူများဘေးအန္တရာယ်ကင်းအောင်နေထိုင်သွားလာရန်သတိပေးစကားများကို ဖွင့်ပြပေးမည်ဖြစ်သည်။

ဒုတိယအဆင့်အနေဖြင့် ယင်းစပီကာများကို ပိတ်သူ ၊ဖယ်ရှားသူ ၊ ဖျက်ဆီးသူများရှိပါက သတ်မှတ်ထားသည့် အချိန်အတွင်း စပီကာများသည် မိုင်းအဖြစ် ပေါက်ကွဲခြင်းဖြစ်ပေါ်သည် ဟု Alpha Operation က ထုတ်ပြန်ထားသည်။

ယင်းတိုက်ခိုက်မှုကြောင့် စစ်ကောင်စီနှင့် ၎င်းတို့၏လက်အောက်ခံများ အထိအခိုက်ရှိသည်ဟု စုံစမ်းသိရှိရသော်လည်း စစ်ကောင်စီ​၏ ဝါဒဖြန့် လော်ဘီများက ပြည်သူများသာထိခိုက်ကြောင်း ဖော်ပြထားသည်။

သို့သော် ထိခိုက်သူများတွင် စပီကာကို ကောက်ယူခဲ့သည့် ပြည်သူနှစ်ဦးရှိကြောင်း ကြားရသောကြောင့် စိတ်မကောင်းဖြစ်ရပြီး ပြည်သူများအနေဖြင့် မိမိနှင့်မသက်ဆိုင်သည့်ပစ္စည်းများကို ထိတွေ့ကိုင်တွယ်ခြင်းမပြုပဲ ရှောင်ရှားရန် ယင်းအဖွဲ့က တိုက်တွန်းထားသည်။

ယင်းစစ်ဆင်ရေးကို အောင်အောင်မြင်မြင်လုပ်ဆောင်နိုင်ခဲ့သလို စစ်ဆင်ရေးလုပ်ဆောင်သည့် ရဲဘော်အားလုံးဘေးကင်းကြောင်းအထက်ပါတာဝန်ရှိသူက ပြောသည်။

Alpha Operation အနေဖြင့် ဆက်လက်၍ စစ်ဆင်ရေးများ ပိုမိုပြင်းထန်‌သောစစ်ဆင်ရေးများကို ရန်ကုန်အပါအဝင် အခြားမြို့များတွင်လည်း တပြိုင်နက် လုပ်ဆောင်မည်ဖြစ်သောကြောင့် ပြည်သူများအနေဖြင့် မိမိနှင့်မသက်ဆိုင်သည့်အရာများကို ပါဝင်ခြင်းမပြုရန် နှင့် မြို့ပြအထူးစစ်ဆင်ရေးအား နိုင်သည့်ဘက်မှ ဝိုင်းဝန်းအားဖြည့်ရန် ယင်းအဖွဲ့က မေတ္တာရပ်ခံသည်။

ယင်းစစ်ဆင်ရေးများကို ဒီဇင်ဘာ ၁၅ ရက်တွင် လုပ်ဆောင်ခဲ့ခြင်း ရန်ကုန်တိုင်းရှိ အနည်းဆုံးမြို့နယ် ၁၀ မြို့နယ်တွင် ပေါက်ကွဲမှုများဖြစ်ခဲ့ကြောင်း လူထုနွေဦးမှ စုံစမ်းသိရှိရသည်။

‼️ သတိပြုရန် ‼️

လမ်းပေါ်မှာ ဒီလို ဘလူးတု အသံဖွင့်စက် (Bluetooth Speaker) တွေ တွေ့ရင် ယောင်လို့တောင် အနားမကပ်ကြဖို့ Alpha Operations က သတိပေး လိုက်ပါတယ်။

ဒီ ပစ္စည်းတွေဟာ Alpha အထူး တပ်ဖွဲ့ဝင်တွေရဲ့ အသံသပိတ် အတွက် အသုံးပြုတဲ့ ပစ္စည်းတွေ ဖြစ်ပြီး သတိပေးချက်နဲ့ တော်လှန်ရေး သတင်းစကားတွေကို စဉ်ဆက်မပြတ် ထုတ်လွှင့်နေမှာ ဖြစ်ပါတယ်။

ဒါပေမယ့် အဲဒီ အသံဖွင့်စက်တွေကို သွားရောက် ဖယ်ရှားတာ၊ ပိတ်ဖို့ ကြိုးစားတာတွေ ပြုလုပ်ရင်တော့ စနက်တံ အသက်ဝင်သွားပြီး ပြင်းထန်တဲ့ ထိခိုက်မှုတွေ ဖြစ်လာနိုင်တယ်လို့ သိရပါတယ်။ ဒီပစ္စည်းတွေကို စစ်ကောင်စီ တပ်စွဲထားတဲ့ နေရာတွေ၊ စစ်တပ် ထောက်တိုင် ပျူတွေ အများစု ရှိတဲ့နေရာတွေ နားမှာ လိုက်လံ ထားရှိမှာ ဖြစ်တယ်လို့ ကြေညာထား ပါတယ်။

ပထမတစ်ကြိမ် ပြုလုပ်စဉ်က စစ်တပ်ရဲ့ ဩဇာခံ ပျူအရပ်ဝတ် တချို့နဲ့ သာမန် ပြည်သူလို့ ယူဆရသူ နှစ်ဦး စပီကာကို ပိတ်ဖို့ ကြိုးစားရင်း ထိခိုက်မှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။ စစ်တပ်လော်ဘီ ချန်နယ် တွေမှာ သူတို့လူတွေ ထိခိုက်တဲ့ သတင်းကို ဖုံးကွယ်ပြီး စစ်တပ်နဲ့ မဆိုင်တဲ့ သာမန်ပြည်သူတွေ ထိခိုက်ခဲ့တယ်လို့ လိမ်လည် ဝါဒဖြန့်ခဲ့တာ တွေ့ရပါတယ်။

ဒါကြောင့် မတော်တဆ ထိခိုက်မိတဲ့ ပြည်သူ နှစ်ဦး အတွက် အထူး စိတ်မကောင်း ဖြစ်ရကြောင်းနဲ့ နောင်ကို ဒီလို ပစ္စည်းတွေ တွေ့ရင် ပြည်သူတွေ ဝေးဝေးက ရှောင်ကြဖို့ Alpha Operation က ကြေညာချက် ထုတ်ခဲ့ပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *