KNUအုပ်ချုပ်နယ်မြေ ညောင်လေးပင်ခရိုင်တွင်တိုက်ပွဲဆက်လက်ဖြစ်ပွား

KNUအုပ်ချုပ်နယ်မြေ ညောင်လေးပင်ခရိုင်တပ်မဟာ၃တွင် စစ်ကောင်စီတပ်နှင့်KNU/KNLAပူးပေါင်းတပ်ဖွဲ့တိုက်တိုက်ပွဲဆက်လက်ဖြစ်ပွားနေတယ်လို့KNUသတင်းရင်းမြစ်ထံမှသိရှိရပါတယ်။

“နေ့တိုင်းလိုလိုဘဲတိုက်ပွဲဖြစ်နေတယ်။ ကညွတ်ကွင်း၊၄၃၉နှင့်ဖြူးမြို့ဘက်အဝေးပြေးလမ်းမဘက်မှာလှုပ်ရှားမှုပိုများတယ်။ အနောက်ဘက်မှာဆို ကျောက်ကြီးဘက်တွေမှာစကစ တို့ညဘက်မှာလက်နက်ကြီးရမ်းသမ်းပစ်ခတ်တာလုပ်ဆောင်တာလည်းရှိနေတယ်။ စစ်ကောင်စီဘက်က လေကြောင်းဖြင့် မြို့အနီးနားဝန်းကျင်အပါအဝင်တောတောင်များကိုပါရမ်းသမ်းပစ်ခတ်မှုလည်းလုပ်နေတယ်” လို့KNUသတင်းရင်းမြစ်တစ်ဉီးကလည်းပြောဆိုပါတယ်။

ဒီဇင်ဘာလ၉ရက်နေ့ကနေ၃ရက်အတွင်းတိုက်ပွဲပြင်းထန်နေတာလည်းရှိနေပြီးစစ်ကောင်စီဘက်မှလေကြောင်းဖြင့်ပစ်ခတ်မှုလည်းလုပ်ဆောင်နေတယ်လို့ထိုသတင်းရင်းမြစ်ကပြောဆိုပါတယ်။

မုန်းမြို့ထဲတွင်ပြန်လည်ဝင်ရောက်တပ်စွဲထားတဲ့စစ်ကောင်စီတပ်ဖွဲ့တို့သည်ပြည်သူပိုင်အိမ်များကိုဖောက်ထွင်းဝင်ရောက်ပြီးပစ္စည်းများမွှေနှောက်ရှာဖွေခိုးယူမှုများလုပ်ဆောင်နေတာတယ်လို့သူကဆိုပါတယ်။

“မုန်းမြို့ထဲတွင်ကျန်ရှိနေသည့်ပြည်သူအချို့သည်စစ်ကောင်စီတပ်ဖွဲ့နှင့်ပတ်သက်ဆက်နွယ်နေတဲ့လူရှိနေတယ်။ အိမ်ထဲမှာဝင်ခိုးတာဝင်မွှေတာလုပ်ဆောင်နေတဲ့ထဲမှာစစ်ကောင်စီနဲ့ဆက်နွယ်နေသူအချို့ပါဝင်နေတာတော့သတင်းရရှိထားတယ်” လို့KNLAတပ်မှူးတစ်ဉီးကလည်းပြောဆိုထားပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *