Select Page

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် ရဲစခန်းအပါအဝင် ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း၊ ဆေးရုံတွင် စသည့်နေရာများတွင် တပ်စွဲထားသည့်အာဏာသိမ်းစစ်တပ်ကို ကျွန်တော်တို့ ယင်းမာပင်ခရိုင်တပ်ရင်း ၃၅ နှင့်အတူ ဒေသခံကာကွယ်ရေးတပ်တွေက ယနေ့မနက် ၁၀ နာရီ ၁၅ မိနစ်မှာ စတင်တိုက်ခိုက်တာ ဖြစ်ပြီး တိုက်ပွဲကြာချိန် တစ်နာရီကျော် ကြာမြင့်ခဲ့ပါသည်။

အဆိုပါတိုက်ခိုက်မှုအတွင်း အာဏာသိမ်းစစ်တပ်ဘက်က ၁၅ဦးဝန်းကျင် သေဆုံးပြီး ပြည်သူ့ကာကွယ်ရေးရဲဘော် မစိုးရိမ်ရ ဒဏ်ရာ လေးဦး ရှိခဲ့သည်။

အထက်ပါစစ်ဆင်ရေးကို ယင်းမာပင်ခရိုင် ၃၅ – PDA Yinmarbin နှင့်အတူ တပ်ခွဲ ၃ တောင်ပံနီအထူးပျောက်ကြားတပ်ဖွဲ့၊ ယင်းမာပင်ခရိုင် ၁၆ တပ်ခွဲ (၁) – Brother Defence Force၊ ဆားလင်းကြီးမြို့နယ်လက်နက်ကြီးမဟာမိတ်တပ်ပေါင်းစု၊ ချင်းတွင်းနွေဦး၊ SPDF၊ မုံရွာခရိုင်တပ်ရင်း ၂၅ ခွဲ (၁)(၅)၊ Under Ground Force(မုံရွာ)၊ တောသားကြီး၊ ဆားလင်းကြီးပလဖ၊ တိုက်ဂါး၊ မဲမှောင်ပျောက်ကြားတပ် တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်သည်။