မနက် ၁၆၀၅၃၀ ချိန်မှ ညနေ ၁၆၄၀ ချိန်ထိ လွိုင်ကော် ထောင် တိုက်ပွဲ
တခြား နေ့တွေထက်ပြင်းထန် ပီး တစ်လကျော် အတွင်း အပြင်းထန်ဆုံးပွဲသိမ်း တိုက်ရန် ရန်သူ့စီမံချက်
တကယ့် ကို လေး စား စရာဂုဏ်ယူစရာ ကောင်း တဲ့ သူရဲကောင်းတွေ ကို မနေ့ က မျက်ဝါး ထင်ထင် တွေ့ရှိကြားသိလိုက်ရပါတယ်
ထောင် အုတ်တံတိုင်း အား လုံး ကို RPG ၁၅လက် တစ်ပြိုင်နက်ပစ် ပြို ကျသွား တာနဲ့ မီးခိုးလုံး ဖုန်လုံး တွေ နဲ့ အတူ လုံးခနဲ မည်းနေအောင် ဝင်လာတဲ့ ရန်သူ့ အင်အား ၆၀၀ ကျော် Hand speaker နဲ့ အော်နေတဲ့ လက်နက်ချဖို့ အသံဝင်အောင်အော်နေတဲ့ ကယား ပဒတ်များ …
သေချင်တဲ့ကောင် တက်ခဲ့ ဆိုပီး ပြန်အော်ရင်းဆဲရင်း ပစ်ခတ် ခုခံနေတဲ့ တပ်ရင်း ကစစ်သည်တွေ ရဲ့ အသံတွေ..
ရတ ခမရ ….က စစ်သည်အား လုံး နဲ့တပ်ရင်းမှူး ဆိတ်ကြီး ဆုံး ဖြတ်ချက်ချလိုက် ပီ သူသေကိုယ်သေ တိုက်ဖို့ ကျန်ရှိ စစ်သည်အား လုံး ကို ရင်ဘတ်ထဲ လက်ပစ်ဗုံး ၂ လုံးဆီ ထဲ့ အသေခံ ချဖို့ အမိန့်ပေးကာ သူကိုယ်တိုင်လဲ နောက်ဆုံး အချိန် ရန်သူပါ သေလမ်း ခေါ်ဖို့ ဖြူးစ်တပ်ပီးသား လက်ပစ်ဗုံး ၂ လုံး ကို ကျည်ကာအောက်ထဲ ထိုးထဲ့ လိုက်တော့တယ်
ထောင် ဗူး ဝ ကျော် ပေ ၁၅၀ လောက်ထိ အတွင်း ထဲ ဝင်လာတဲ့ သူပုန်များ မ၄ စစ်သည်များ ရဲ့ မဆုတ်မနစ် နေရာမရွေ့ ပဲ ခံပစ်တဲ့ ကျည် အား ဒဏ်ကြောင့် တန့် ပီး ထောင်ဗူး အပြင် ပေ၂၀ ထိ ပြန် ဆုတ်သွား ကြတယ်
ခံတိုက်တဲ့ စစ်သည်တွေ က နေရာမှာတင် ကျည် ဒဏ်ဗလပွနဲ့
အံ့ကြိတ်ကာ အသက်မဲ့ ခန္ဓာသာ…….တကယ့် သူရဲကောင်းညီလေးတွေ
အဲဒိ အချိန် ထောင်ဗူးဝ အပေါ် ဗဟိုကင်း လက်နက်တိုက် ကို ရာမဆိတ်ကြီး အကျဉ်းသားတွေထဲ က သူ့ တပတ်စဉ် ထဲသူငယ်ချင်း ၂ ယောက် ညီ တစ်ယောက် နဲ့ သူ့စစ်သည် ၁ ဦးကို သူငယ်ချင်းတို့ ငါ အမိန့်ပေးတယ် မင်းတို့ ထောင် ဗဟိုကင်း ကနေ ဒီကောင်တွေ ဗူးးဝ ထပ်မကျော်လာအောင် ပစ်ပေးး
အမိန့်ရပီး ချက်ခြင်း ပဲ ၄၆ က လင်းလင်းနဲ့ ရဲထွန်းနောင် ၄၈ က စစ်သားဟောင်း အကျဉ်းသား တို့ ဟာ သံတိုင်ကြား က ထွက် ကျနေသေနေတဲ့ သူပုန် အလောင်းတွေက ကျည်ကာ /ဦးထုတ် တွေ ချွတ်ယူပီး ပစ်နေတဲ့ကြား က ဗဟိုကင်းဆီပြေးတက် ကြပါတော့တယ် ဗဟိုကင်းမှာတော့ ကျနေတဲ့ စစ်သည် တွေ ရဲ့ လက်နက်တွေ ကျည်ဆံမျိုးစုံ လက်နက်ငယ်မျိုးစုံ နဲ့ ပစ်ပေါက်တွေ ကနေ ဗူးရှေ့ ၁၀ ပေက ထောင်ကို ပြန်တိုက်ဖို့ ကပ်လာတဲ့ ရန်သူကို ဆက်တိုက် အားရပါးရပစ်ကြပါတော့တယ် လနင မျိုးစုံ နဲ့ ပစ်နေတဲ့ အတွက် ၄ ဦးပဲ ရှိတာ ကို သူပုန်က အအအများကြီး ရှိတယ်ထင်ပီး နောက် ၁၀ ပေခန့် ထပ်ဆုတ်ကာ RPG အလက်များစွာနဲ့ ထောင် ဗဟိုကင်းကို ပစ်ပါတော့ တယ် တစ်လုံး ကအကျဉ်းသား ဗိုလ်မှူးဟောင်း ရဲထွန်းနောင် လင်းလင်းနဲ့ မ ၄ က စစ်သည်ကြား ကျရောက်ပေါက်ကွဲ ပီး စစ်သည် ကျဆုံး ခဲ့ပါတယ် အကျဉ်းသား အရာရှိဟောင်းတွေ လဲ ဒဏ်ရာကိုယ်စီ ဒါပေသိ လုံးဝ မဆုတ်ပဲ ဆက်တိုက် ပစ် ဟိုသူပုန်က ပြန်လုံးးနဲ့ ပေါ့ အကြိမ်ကြိမ်
တပ်ရင်းမှူး ဆိတျဲကွီး ဟာ RPG ဒဏ် ဒရော့ ဗုံး ဘေးကျတဲ့ အရှိန် ခုန်ဆင်း ေ့ပွးတကျ နဲ့ ဒဏ်ရာတချို့ ရထား တဲ့ ပေမယ့် သူ့စစ်သည်တွေ အကျ များပေမယ့် လုံးဝ ဆုတ်ဖို့ စဉ်းစား ထား သူမဟုတ်ပါ ရှိတဲ့ လက်ကျန် စစ်သည် နဲ့ ခုခံ ရင်း နောက်ဆုံးအချိန်အတွက် ပြင်ဆင်ရင်း သူနဲ့ သူ့အိုင်အို နေရာယူ ပစ်ခတ်နေတဲ့ နေရာမှာ အသေခံ ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ် သူတစ်လကျော် ခံတိုက်နေတာ အချည်းအနှီး အဖြစ်မခံ တော့ပါ ရန်သူကိုပါ သေလမ်း တစ်ပါးတည်းခေါ်ဖို့ ဆုံးဖြတ်လိုက်တော့သည်
ကယားပဒက်တွေရဲ့ ထောင်ကို မရသေးလို့ အပစ်တင်သံ အချင်းချင်းပြန်ဆဲသံတွေ စက်ထဲကကြားနေရပါတယ် မင်းကိုယ်တိုင်လာလုပ်ပါ့လား သူပုန်၆၀၀ မှာ ၂၀၀ ကျော် ကျ သွား ပီ အထဲက တပ်မတော်က ကောင် တွေ လက်နက်မချဘူး ခံပစ်နေတယ် မယုံ ရင် မင်းလာကြည့် ဆိုတဲ့ သူတို့ ခေါင်းဆောင်ကို ပြန်ဆဲအသံတွေ
၁၆၀၀ မှာ ပစ်အား အင်အားအလုံးအရင်း နဲ့ ပွဲသိမ်းအကြိမ် ပြန်လုံး ပါပီ ထောင်လေးဘက်လေးတန် ရာမ ဆိတ်ကြီး ကလဲ စစ်သည်တွေ ပစ်ခတ်နေတဲ့ နေရာထိ ကျားသစ်ချောင်း သွားအားပေးပီး ညွှန်ကြား သူ့သွားနေတဲ့ ဘေး မှာ လဲ သူပုန်ရဲ့ စနိူက်ပါကျည် ထောက် တာတွေ တရုတ်မ စက်လက်ရဲ့ ကျည်ထာက် ပြန်တွေ တရွှီ ရွှီ နဲ့
စစ်သည် တွေ ရဲ့ အနီးကပ် ပစ်ခတ်ထွေးလုံး …
နောက်ဆုံး အင်အား ကွာ ပစ်အားကွာ အတွင်းထိ ရောက်နေတဲ့ သူပုန် တွေ နဲ့ ကျတော့မယ် အသေခံ ရတော့မယ်လို့ ဖြစ်သွားတဲ့ အချိန် ၁၆၃၀ မှာ ငါ့တို့အပါတ်စဉ် ဒုမှူးကြီး ဘုတလင် သားး ရာမ ဦးစီး ဓနုဖြူသားခမရ တွေနဲ့ ရတ ခမရ …. တပ်ရင်း ၂ ရင်း ရဲ့ ညာသံပေးး ကျားထိုးး သံ နဲ့ အတူ တပ်မတော်ကွ ..တပ် ၆၆ ကွ ..လို့ အော်ပီး ပစ်ရင်း ပြေးး တက်လာတဲ့ အသံတွေ ……စစ်ကူတွေ စစ်ကူတပ်တွေ ..အချိန်မှီလေး မှီတယ်ဆိုရုံလေးးးလက်မတင်လေး
ဟေးးးးးးခနဲ အော်ကာ အားတက်သွားတဲ့
ရတခမရ …က သူရဲကောင်းတွေ နေရာ ယူ နေရာကနေ ထပီး ရင်ဘောင်တန်း ထွက်ပစ်တော့တာပဲ ဘယ်လောက်တောင်အားရှိသွားးလဲ
သွေးပျက် ဆုတ်ခွာ ကိုယ့်အလောင်းကိုယ် ပြန်ဆွဲကာ ဆုတ်ခွာပြေး သွား ကြတဲ့ ကယား ပဒက် သူပုန်တွေ…..
အမိမြေ အတွက် တပ်မတော် အတွက်
Never Surrender စိတ် ဓာတ်အတွက်
လက်တင်အလေးပြု လိုက်ပါတယ်
တကယ့် သမိုင်းဝင်မဲ့ တိုက်ပွဲ
ကျဆုံး လို့ ထောင်သွင်း မှာ မြေ မြှပ် ခဲ့ ရတဲ့ စစ်သည် အလောင်းတွေတော့ သူရဲကောင်းဗိမ္မာန်ကို ပြန်ရောက်စေချင်ပါတယ်
အပြစ်ဒဏ် ကျ ထောင်ကျ အကျဉ်းသား ဖြစ်နေတာတောင် တိုင်းပြည်ကို ထိရင် မီးပွင့် မယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ ကိုယ်တိုင် လက်နက် ကိုင် အသက်စွန့် တိုက်ပွဲ ဝင်ခဲ့ တဲ့ တပ်ရင်းမှူး ဟောင်း အရာရှိဟောင်း တွေ ကို လဲ တပ်ချုပ်ကြီး ရဲ့ ဂရုဏာ ရရှိကြပါစေ ခွင့် လွှတ်ပေး ပါ အဘ ဒီလို အရေးကြီးတဲ့ အချိန် တိုင်းပြည်အတွက် ပြန်ထမ်းဆောင် ပါရစေ မိသားစု တွေ ဂုဏ်ယူ စေချင်ပါတယ် အဘ ကျနော်တို့ အဘကျောင်းအုပ်ကြီး နဲ့ ကျောင်းဆင်းပေး လိုက်တဲ့ အဘရဲ့ တပည့်ရင်း တွေပါလို့ သူတို့ တင်ပြတဲ့ ဟာလေး ကို ကိုယ်စား တင်ပြလိုက်ပါတယ် အဘခဗျာ
We r soldiers,
We were soldiers!
ရေးသားတင်ပြသူ တပ်သစ္စာခံ မောင်ဖုန်း
K P M.
Leave a Reply