မြောင်မြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို ဒရုန်း၊ ရော့ကတ်၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်၊ စစ်ကိုင်းမြို့နယ်ရှိ စစ်တပ် စခန်း ၁ ခုကိုလည်း လက်နက်ကြီး၊ ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ကျောက်ရစ်စခန်းသို့ ပြန်ဝင်လာသော အကြမ်းဖက်စစ်တပ် စစ် ကြောင်းကို ဒရုန်း၊ ရော့ကတ်၊လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂ ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း စစ်ကိုင်းခရိုင်အမှတ် ၄ တပ်ရင်း – MSPDF တပ်ဖွဲ့မှ သတင်း နှင့်ပြန်ကြားရေး တာဝန်ခံ လွင်ဂူးကပြောကြားသည်။

ယနေ့ ဒီဇင်ဘာလ ၁၈ နံနက် ၆ နာရီခန့်ကမြောင်မြို့နယ်၊ ကျောက်ရစ်စခန်းမှ သနပ်ကုန်းကျေးရွာ နှင့် ကျောက်တန်းကျေးရွာဘက်သို့ စစ်ကြောင်းထိုးပြီး ပြန်လည်သော အကြမ်းဖက်စစ်တပ် စစ် ကြောင်းကို နံနက် ၁၀ နာရီ ၄၅ မိနစ်အချိန်တွင် “Shar Htoo WAW”နည်းပညာ တိုက်ခိုက်ရေး Fixed Wings Droneများဖြင့် Air Bomb ၁၂ လုံး ၊ လက်လုပ် Rocket ၁၂ လုံး ၊ လက်လုပ် ၆၀ မမ ၂၃ လုံး တို့ ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၂ ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။

“အဲဒီရွာတွေက ကျောက်ရစ်နဲ့နီးတော့ နယ်မြေစိုးမိုးမှု လုပ်တဲ့သဘောပါ၊ အဲဒီရွာတွေကို သူတို့က ဝင်နေကြပါ၊ အဝေးကနေပဲ တိုက်ခိုက်ခဲ့တာ၊ အပြင်းအထန်ဒဏ်ရာရတဲ့သူတွေ များတယ်လို့ သိရတယ်၊ အဲဒီထဲကမှ ၂ ဦးက စိုးရိမ်ရ အပြင်းအထန်ဒဏ်ရာရတာ” ဟု စစ်ကိုင်းခရိုင် အမှတ် ၄ တပ်ရင်း – MSPDF တပ်ဖွဲ့မှ သတင်းနှင့်ပြန်ကြားရေဥး တာဝန်ခံ လွင်ဂူးကပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို စစ်ကိုင်းခရိုင်အမှတ် ၄ တပ်ရင်း-MSPDF/MSDF ၊ မြင်းခြံခရိုင် အမှတ် ၁ တပ် ရင်း မြင်းခြံခရိုင်အမှတ် ၂ တပ်ရင်း မြင်းခြံခရိုင်အမှတ် ၃ တပ်ရင်း၊ မြင်းခြံခရိုင်အမှတ် ၈ တပ်ရင်း၊ မိတ္ထီလာခရိုင်အမှတ် ၂ တပ်ရင်း၊ ချောက် PDF ၊ ကျေးရွာတပ်ပေါင်းစု၊ ချင်းတွင်းတပ်ပေါင်းစု (Zone 6) ၊ MBTT-LDF ၊ အောင်သပြေညီနောင်(ကျောက်ဆည်) နှင့် KTTM(GBF)တို့ ပူးပေါင်းကာ တိုက် ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ စစ်ကိုင်မြို့နယ်၊ မာလဲတော ပျူစာထီးရွာရှိ အကြမ်းဖက် စစ်တပ် စခန်းကို လက်နက်ကြီး၊ ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း YOUNG WOLF Local PDF အဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောဆိုသည်။

ဒီဇင်ဘာလ ၁၈ ရက်နေ့ ညနေပိုင်းတွင် စစ်ကိုင်းမြို့နယ် မာလဲတောရွာရှိ အကြမ်းဖက် စစ်တပ်နှင့် ပျူစောထီးများ တပ်စွဲထားသော စခန်းကို တော်လှန်ရေး တပ်ဖွဲ့များက လက်နက်ကြီးများ၊ Fixwings Dorne တို့ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

” စစ်ခွေးသေစာရင်းတော့ မသိရသေးဘူး။ တော်လှန်ရေး ရဲဘော်တွေတော့ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့တယ်” ဟု YOUNG WOLF Local PDF အဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို YOUNG WOLF Local PDF အဖွဲ့နှင့် အညာညီနှောင် တပ်ပေါင်းစု (ABCF) အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *