နေပြည်တော် ဝင်ပေါက် တံခါးခေါက်ပြီ🥰

PDF တွေ နေပြည်တော်နဲ့ အနီးဆုံး လမ်းပိုင်းမှာ ဂိတ်ချပြီး ပြည်သူနဲ့ ထိတွေ့စစ်ဆေး

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF အဖွဲ့တွေဟာ နေပြည်တော်မြို့နဲ့အနီးဆုံး သာဂရ-ကိုးပင်လမ်းပိုင်းမှာ ဂိတ်ချပြီး ဒေသခံပြည်သူတွေ ကို ထိတွေ့စစ်ဆေး မှုတွေ လုပ်နေတယ်လို့ သတင်းရရှိပါတယ်။

ဒီဇင်ဘာ ၁၆/၁၇ ရက်တွေမှာ သာဂရ -ကိုးပင်လမ်းပိုင်းအနီးမှာ ရှိတဲ့ ဒေသခံပြည်သူတွေ ၊ ကုန်တင်ယဉ်တွေမှာ စစ်တပ်ရဲ့ ထုတ်ကုန်တွေ တင်ဆောင်သွားလာတာ ရှိ မရှိ တောင်ငူခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဂိတ်ချ စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။

ပဲခူး-နေပြည်တော် လမ်းပိုင်းတွေမှာ ၁၀၂၇ စစ်ဆင်ရေးမစတင်ခင် အချိန်ထိ ၊ စစ်ကောင်စီရဲ့ စစ်ဆေးရေး ဂတ်တွေ ဟာ ဆယ်မိုင် ကို တစ်ဂိတ်ခန့်ရှိပြီး လမ်းကြောတစ်လျှောက်စစ်ဆေးနေတာ ဖြစ်ပါတယ်။

PDF တွေရဲ့ နယ်မြေစိုးမိုးမှုအားသာလာတာနဲ့ အမျှ စစ်ကောင်စီစခန်းတွေ ဆုတ်ခွာသွားကြရတာလည်းဖြစ်ပါတယ်။

PDF တွေ ရဲ့ စစ်ဆေးရေးဂိတ်တွေဟာ နေပြည်တော်နဲ့ ၅ မိုင်ခန့်အကွာအထိ ရောက်ရှိနေပြီး အခုလို နေရာယူစစ်ဆေးတာဟာ ပြည်သူ့ရဲဘော်တွေ နေပြည်တော် မြို့ ထိ ချီတက် လာပြီဖြစ်ကြောင်း သတင်းစကား ပါးလိုက်တာ လို့လည်းဆိုပါတယ်။

နေပြည်တော်နဲ့ ၇ မိုင်အကွာလမ်းပိုင်းထိ PDF က ပြည်သူနဲ့တွေ့ဆုံကာ စစ်တပ်ထုတ်ကုန်များစစ်ဆေး( ရုပ်/သံ)

စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်နယ်မြေနဲ့ ၇မိုင်အကွာရှိ ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ သာဂရ -ကိုးပင်လမ်းပိုင်းမှာ ပြည်သူတွေနဲ့တွေ့ဆုံပြီး စစ်ဆေးမှုတချို့ပြုလုပ်နိုင်ခဲ့တယ်လို့ တောင်ငူခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၃၅၀၁၊ တပ်ခွဲ ၆ ဆီက သိရပါတယ်။

ဒီဇင်ဘာ ၁၆ နဲ့ ၁၇ ရက်တွေမှာ သာဂရ-ကိုးပင်လမ်းပိုင်း ၁၅ မိုင်အနီးမှာ လမ်းသွား၊လမ်းလာပြည်သူတွေရဲ့ ယာဉ်တွေမှာ စစ်တပ်ထုတ်ကုန်ပစ္စည်းတွေ တင်ဆောင်နေခြင်း ရှိ၊မရှိ၊ စစ်ကောင်စီနဲ့ ပတ်သက်သူတွေ ပါ၊မပါ စစ်ဆေးမှုတွေပြုလုပ်ခဲ့တာအပြင် ပြည်သူတွေနဲ့တွေ့ဆုံတဲ့သဘောမျိုး မေးမြန်းစကားပြောဆိုတာတွေ လုပ်ခဲ့တာလို့ ဆိုပါတယ်။

ဒါ့အပြင် အခုလိုလုပ်ဆောင်တာဟာ တောထဲက PDF တွေ စစ်ကောင်စီဌာနချုပ်နေရာအနီးထိ ရောက်ရှိလာပြီး ပြည်သူတွေနဲ့တွေ့ဆုံလာနိုင်တာကို ပြည်သူတွေထံသတင်းစကားပါးချင်တာနဲ့ စစ်ကောင်စီကိုဂရုမစိုက်ကြောင်း ပြသချင်တာဖြစ်တယ်လို့ သူက ဆိုပါတယ်။
PDF တွေ စစ်ဆေးမှုပြုလုပ်ခဲ့တဲ့နေရာနဲ့ ၅ မိုင်ခန့်အကွာ နေရာ ၃ ခုထက်မနည်းမှာ စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွေနဲ့ အထိုင်တပ်ရင်းတွေတည်ရှိတာဖြစ်ပြီး အခြေအနေပေါ်မူတည်ပြီး တပ်ရင်းတွေအနီးအထိ ပစ်ခတ်တိုက်ခိုက်မှုတွေလုပ်နိုင်ဖို့ စီစဥ်ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

PDF တွေဘက်က စစ်ဆေးမှုလုပ်ဆောင်ပြီးနောက် စစ်ကောင်စီတပ်က အဆိုပါလမ်းပိုင်းကို နာရီပိုင်းခန့်ရှာဖွေမှုတွေပြုလုပ်ခဲ့ပြီး အခုလို နေပြည်တော်အနီးထိ PDFတွေ လမ်းပေါ်တက်ပြီး စစ်ဆေးတာနဲ့ပတ်သက်လို့ စစ်တပ်ထောက်ခံသူတွေအကြား စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ စစ်တပ်တာဝန် ရှိသူတွေအပေါ် ဝေဖန်မှုတွေလည်းရှိနေခဲ့တာပါ။


Comments

Leave a Reply

Your email address will not be published. Required fields are marked *