နမ့်ခမ်း စခန်းသစ်စခန်းသိမ်းတိုက်ပွဲ ဗိုလ်မှူးအဆင့်အပါအဝင် စစ်ကောင်စီအလောင်းများစွာနှင့်စစ်သုံ့ပန်း ၃ ဦးရဟု TNLA ထုတ်ပြန်

စစ်ကောင်စီလေကြောင်းပစ်ကူအကြိမ် ၄၀၀ ကျော်​ပေးခဲ့သည့်တိုင် နမ့်ခမ်း စခန်းသစ်ကုန်းကို တစ်လအကြာတွင် TNLA သိမ်းပိုက်နိုင်

နမ့်ခမ်းနှင့် နမ့်ဆန် မြို့ကို အလုံးစုံထိန်းချုပ်ထားနိုင်ပြီး မန်တုံတွင် တပ်စခန်းတစ်ခုသာကျန်ဟု TNLA ပြော

ရှမ်းမြောက် နမ့်ခမ်းမြို့နယ်ရှိ စစ်ကောင်စီ၏ စခန်းသစ်တပ်စခန်းကို ယမန်နေ့ ဒီဇင်ဘာ ၁၈ရက် ညပိုင်း၌ တိုက်ခိုက်သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း တအာင်းတပ်မတော်(TNLA) သတင်းပြန်ကြားရေးအရာရှိက ပြောသည်။

“မနေ့ညတုန်းက ည ၁နာရီခွဲအချိန်မှာ ကျမတို့ TNLA တပ်က ဝင်ရောက်ရှင်းလင်းပြီး သိမ်းပိုက်နိုင်ခဲ့တယ်။ ဒီစခန်းသစ်ကုန်းကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၇ရက်နေ့က စပြီးဒီဇင်ဘာ ၁၈ရက်နေ့အထိ တိုက်ယူရတဲ့စခန်းဖြစ်တယ်” ဟု TNLA အရာရှိက ပြောသည်။

အဆိုပါနမ့်ခမ်းစခန်းသစ်စခန်း မကျရေးအတွက် စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှု အကြိမ်များစွာ ပြုလုပ်ခဲ့ရာ ရဟတ်ယာဉ် ၊ လေယာဉ်၊တိုက်လေယာဉ် များဖြင့် တိုက်ခိုက်မှု အကြိမ် ၄၀၀ကျော်ရှိသည်ဟုဆိုသည်။ ထို့ပြင် လက်နက်ကြီး ပစ်ကူအများအပြားပြုလုပ်ခဲ့သည်ဟုလည်း ရှင်းပြသည်။

လက်နက်ခဲယမ်းရရှိမှု အခြေအနေနှင့် စစ်ကောင်စီတပ်များဖမ်းဆီးရရှိမှုများကို နောက်ပိုင်းမှ သတင်းထုတ်ပြန်သွားမည်ဟုလည်း ပြောသည်။

အဆိုပါ စခန်းသစ်စခန်းကုန်းကို သိမ်းပိုက်နိုင်၍ နမ့်ခမ်းမြို့နယ်တွင် စစ်ကောင်စီတပ်စခန်း ၁ခုသာ ကျန်တော့ကြောင်း၊ လက်ရှိတွင် မြို့ကို အလုံးစုံ ထိန်းချုပ်နိုင်ပြီးဖြစ်ကြောင်း ပြောသည်။

“ကျန်တဲ့ဟာတွေတော့ ကုန်သွားပါပြီ။ နမ့်ခမ်းတစ်ဝိုက်မှာ ရှိတဲ့စခန်းတွေ အကုန်လုံး ကုန်သွားပါပြီ။ ကျန်နေသေးတာ ရေကာတာ စောင့်တဲ့ စခန်းတော့ ကျန်ပါသေးတယ်” ဟု TNLA ပြန်ကြားရေးအရာရှိက ပြောသည်။

TNLA အနေဖြင့် လက်ရှိတွင် နမ့်ဆန်၊နမ့်ခမ်းမြို့များကို အလုံးစုံထိန်းချုပ်နိုင်ပြီးဖြစ်သည်ဟု ပြောသည်။

“မန်တုံကျတော့ ကျမတို့တိုက်ခိုက်နေဆဲဖြစ်တယ်။ ခလရ(၁၃၀)တော့ကျန်သေးတယ်” ဟု TNLA အရာရှိက ပြောသည်။

TNLA အနေဖြင့် အောက်တိုဘာ ၂၇ရက်ကစ တင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေး ရက်ပေါင်း ၅၀ကျော်အတွင်း စစ်ကောင်စီတပ်စခန်း ၆၀ကျော်ကို တိုက်ခိုက်သိမ်းပိုက်ရရှိထားသည်။

နမ့်ခမ်းမြို့နယ်ရှိ စစ်တပ်က အခိုင်အမာ တပ်စွဲထားသော စခန်းသစ်ကုန်း အပါအဝင် တပ်စခန်းများကို TNLA က သိမ်းပိုက်ခဲ့ပြီး နမ့်ခမ်းမြို့ကို ထိန်းချုပ်ထား

စခန်းသစ်ကုန်း တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ဗိုလ်မှူးအဆင့် အပါအဝင် အလောင်းများစွာနှင့် လက်နက် ခဲယမ်း အများအပြား သိမ်းဆည်းရရှိ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ စစ်တပ်က အခိုင်အမာ တပ်စွဲထားသော စခန်းသစ်ကုန်း အပါအဝင် တပ်စခန်းများကို TNLA က သိမ်းပိုက်ခဲ့ပြီး နမ့်ခမ်းမြို့ကို ထိန်းချုပ်ထားကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဌာနထံမှ သိရသည်။

ယနေ့ ဒီဇင်ဘာ ၁၉ ရက် နံနက် အစောပိုင်း ၁ နာရီ မိနစ် ၃၀ ခန့်က စစ်ကောင်စီ တအာင်းပြည်နယ် တပ်မဟာ ၁ စစ်ဒေသ၊ နမ့်ခမ်းမြိုရှိ စစ်ကောင်စီ စကခမှူးအခြေချ ကွပ်ကဲနေသည့် စခန်းသစ်ကုန်း အပါအဝင် တပ်စခန်းများဖြစ်သည့် ကံ့ကော်စခန်း၊ ၁၂မိုင်၊ ၁၃ မိုင်၊ မိုက်ခရိုဝိတ်စခန်း၊ ပန်ဆေး၊ တာကွန့် စခန်း၊ ဟဲယိုင်စခန်း၊ မိုင်းဝီးတပ်စခန်း၊ ထိန်ကန်တပ်စခန်း၊ မန်ပူးတပ်စခန်း၊ မန်ဝိန်တပ် စခန်း၊ ရဲစခန်းနှင့် စကစ ဌာနဆိုင်ရာရုံးများ အားလုံးကို သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ နမ့်ခမ်းမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းသည် အင်အား ၉၀၀ နီးပါးရှိသည့် စကခ-၇ နှင့် လက် အောက်ခံ တပ်ဖြစ်သည့် ခလရ-၂၆၁၊ ခမရ-၂၄၆၊ ၂၄၅ နှင့် ဒကစ တို့မှ လာရောက်ထိုး စစ်ဆင် စခန်းချသည့် တပ်စခန်းများဖြစ်ကြောင်း၊ နမ့်ခမ်းစခန်းသစ် တိုက်ပွဲကာလအတွင်း စစ်ကောင်စီ ဗိုလ်မှူးအဆင့်အပါအဝင် အလောင်းများစွာ နှင့် စစ်သုံပန့်အဖြစ် စစ်ကောင်စီတပ်ဝင် စုစုပေါင်း ၃ ဦး ဖမ်းဆီးရမိခဲ့ပြီးလက်နက်ခဲယမ်းများ၊ လက်နက်ကြီးအပါအဝင်၊ လက်နက်မျိုးစုံ၊ မိုင်း၊ ခဲယမ်းမျိုးစုံ နှင့် စစ်သုံးဆောင်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ယင်းအကြမ်းဖက်စစ်ကောင်စီတပ်စခန်းများကို နိုဝင်ဘာလ ၁၇ ရက်နေ့မှ စ၍ TNLA တပ်မတော်မှ ထိုး စစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဒီဇင်ဘာလ ၁၈ ရက်နေ့အထိ ရက်ပေါင်း ၃၁ ရက် အကြာ တိုက် ခိုက်ခဲ့ရကာ တအာင်းတပ်မတော် PSLF/TNLA စစ်သည်တော်များ ၄၉ ဦး မြင့်မြတ်စွာအသက်ပေး လှူခဲ့ရပြီး ၁၄၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

နမ့်ခမ်းမြိုရှိ စစ်ကောင်စီ တပ်စခန်းများကို တိုက်ခိုက်နေစဥ်အတွင်း စစ်ကောင်စီတပ်ဘက်မှ Jet Fighter ဖြင့် အကြမ် ၂၆၀ ၊ Y8 လေယာဥ်ဖြင့် ၃၅ ကြိမ် ၊ Y12 လေယာဥ်ဖြင့် အကြိမ် ၄၀ နှင့် တိုက်ခိုက်ရေး ရဟတ်ယာဥ် Mi35 ဖြင့် ၂၅ ကြိမ် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အပြင် ဖျက် အားပြင်း ပေါင် ၅၀၀ ဗုံး ၁၂ ကြိမ်နှင့် အဆိပ်ငွေ့ဗုံး ၆ လုံး အသုံးပြုကာ အကြမ်းဖက်စစ်ကောင်စီ တပ်က ခုခံပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို့အပြင် စစ်ကောင်စီ၏ မန်တပ်စခန်းမှ ၁၀၅/၁၂၀ ဟောင်ဝစ်ဇာလက်နက်ကြီးဖြင့် ၁၉၅ ကြိမ်နှင့် နမ့်ဖတ်ကာ တပ်စခန်းမှ ၁၀၅/၁၂၂/၁၅၅ ဟောင်ဝစ်ဇာလက်နက်ကြီးဖြင့် အကြိမ် ၃၀၀ ထက် မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထို့သို့ တိုက်ခိုက်မှုများကြောင့် ကလေး ၃ ဦးအပါအဝင် ၁၃ ဦး သေဆုံး၊ ၄၃ ဦး ဒဏ်ရာ ရရှိခဲ့ပြီး ဘာသာရေးအဆောက်အဦး ဘုရားကျောင်းကန်များ၊ ဆေးရုံနှင့် လူနေအိမ် အလုံး ၇၀ လက်နက်ကြီးနှင့် လေယာဥ်ဗုံးစ ထိမှန်ပျက်စီးကာ လူနေအိမ် ၂၄ လုံး မီး လောင်ပြာကျခဲ့ကြောင်း သိရသည်။

စခန်းသစ်ကုန်း မကျဆုံးစေရေးအတွက် စစ်ကောင်စီတပ်မှ ATR-42/72 လေယာဥ်ဖြင့် လက်နက် ခဲယမ်း နှင့် ရိက္ခာများ ၁၅ ကြိမ် ပစ်ချထောက်ပံ့ပေးခဲ့သည့်အပြင် ဒီဇင်ဘာ ၁၂ ရက်နေ့ကလည်း ထောက်ပိုယာဥ် Mi 17 ဖြင့် ၃ ကြိမ် စစ်ကူလူအင်အား ၁၀၀ နီးပါး ထပ်မံ ဖြည့်တင်းပေးခဲ့ကြောင်း သိရသည်။

ယနေ့ ဒီဇင်ဘာ ၁၉ ရက်နေ့တွင် တအာင်းတပ်မတော် PSLF/TNLA က နမ့်ခမ်းမြို့ကို အလုံးစုံ ထိန်းချုပ်ထားပြီး ဖြစ်ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။

လက်နက်ကြီး၊လက်နက်ငယ်အများအပြားရရှိကြောင်း ဖော်ပြ

တစ်လကြာ တိုက်ပွဲအတွင်း TNLA ဘက်က ၄၉ ဦးကျဆုံး၊၁၄၅ ဦးဒဏ်ရာရ၊ပြည်သူ ၁၃ဦး အသက်ဆုံးရှုံးရဟု အသိပေး

ရှမ်းမြောက် နမ့်ခမ်းမြို့ရှိ စစ်ကောင်စီ စကခမှူးအခြေချ ကွပ်ကဲနေသည့် တပ်စခန်းကို အလုံးစုံဝင်ရောက်ရှင်းလင်းချေမှုန်းသိမ်းပိုက်နိုင်ခဲ့ကြောင်း တအာင်းတပ်မတော်(TNLA)က ယနေ့ ညပိုင်း၌ သတင်းထုတ်ပြန်ပြီးမြို့ကို အလုံးစုံထိန်းချုပ်ထားနိုင်ပြီးဖြစ်သည်ဟု အသိပေးသည်။

နမ့်ခမ်းမြို့နယ် စစ်ကောင်စီတပ်စခန်းများကို နိုဝင်ဘာ ၁၇ရက်ကစတင်တိုက်ခိုက်ခဲ့ရာ ဒီဇင်ဘာ ၁၉ရက် မနက်အစော ၁နာရီခွဲတွင် သိမ်းပိုက်နိုင်ခဲ့သည်ဟုဆိုသည်။ ထိုးစစ် ၁လတာအတွင်း နမ့်ခမ်း စခန်းသစ်ကုန်းစခန်း၊ ကံ့ကော်စခန်း၊ ၁၂မိုင်၊ ၁၃မိုင်၊ မိုက်ခရိုဝိတ်စခန်း၊ ပန်ဆေး၊ တာကွန့်စခန်း၊ ဟဲယိုင်စခန်း၊ မိုင်းဝီးတပ်စခန်း၊ ထိန်ကန်တပ်စခန်း၊ မန်ပူးတပ်စခန်း၊ မန်ဝိန်တပ်စခန်း၊ ရဲစခန်းနှင့် စကစ ဌာနဆိုင်ရာရုံးများ အလုံးစုံသိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်သည်ဟုဖော်ပြသည်။

နမ့်ခမ်းမြို့ စစ်ကောင်စီတပ်စခန်းသည် အင်အား (၉၀၀)နီးပါးရှိသည့် စကခ-၇ နှင့် လက်အောက်ခံ တပ်ဖြစ်သည့် ခလရ-၂၆၁၊ ခမရ-၂၄၆၊ ၂၄၅ နှင့် ဒကစ တို့မှ လာရောက်ထိုးစစ်ဆင်စခန်းချသည့် တပ်စခန်းများ ဖြစ်ကြောင်း ဖော်ပြသည်။

နမ့်ခမ်းစခန်းသစ် တိုက်ပွဲကာလအတွင်း စစ်ကောင်စီ ဗိုလ်မှူးအဆင့်အပါအဝင် အလောင်းများစွာနှင့် စစ်သုံ့ပန့်အဖြစ် စစ်ကောင်စီတပ်ဝင် စုစုပေါင်း (၃) ဦး ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်သည်။

တိုက်ပွဲကာလအတွင်း စစ်ကောင်စီ၏ လက်နက်ခဲယမ်းများ၊ လက်နက်ကြီးအပါအဝင်၊ လက်နက်မျိုးစုံ၊ မိုင်း၊ ခဲယမ်းမျိုးစုံ နှင့် စစ်သုံးဆောင်ပစ္စည်းများရှင်းလင်းသိမ်းဆည်းရမိခဲ့ကြောင်း ဓာတ်ပုံမှတ်တမ်းများဖော်ပြအသိပေးသည်။

နမ့်ခမ်းမြို့ စခန်းသစ်စခန်းသိမ်းပိုက်ရရှိရေး ဆောင်ရွက်ရာတိုက်ပွဲကာလအတွင်း TNLA စစ်သည်တော် ၄၉ ဦးကျဆုံးကာ ၁၄၅ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း ထုတ်ပြန်သည်။

နမ့်ခမ်းမြို့ရှိ စစ်ကောင်စီ တပ်စခန်းများကို တိုက်ခိုက်နေစဉ်တွင်း စစ်ကောင်စီတပ်ဘက်မှ Jet Fighter ဖြင့် (၂၆၀)ကြိမ် ၊ Y8 လေယာဥ်ဖြင့် (၃၅)ကြိမ် ၊ Y12 လေယာဥ်ဖြင့် (၄၀)ကြိမ် နှင့် တိုက်ခိုက်ရေး ရဟတ်ယာဉ် Mi35 ဖြင့် (၂၅)ကြိမ် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့တိုက်ခိုက်ရာတွင် ဖျက်အားပြင်း ပေါင် (၅၀၀)ဗုံး (၁၂)ကြိမ်နှင့် အဆိပ်ငွေ့ဗုံး (၆)လုံး အသုံးပြု ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်သည်။

ထို့ပြင် နမ့်ခမ်းမြို့နယ် စစ်ကောင်စီ မန်တပ်စခန်းမှ ၁၀၅/၁၂၀ ဟောင်ဝစ်ဇာလက်နက်ကြီးဖြင့် (၁၉၅)ကြိမ် နှင့် နမ့်ဖတ်ကာ တပ်စခန်းမှ ၁၀၅/၁၂၂/၁၅၅ ဟောင်ဝစ်ဇာလက်နက်ကြီးဖြင့် (၃၀၀)ကြိမ် ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟုဆိုသည်။
လေကြောင်း၊လက်နက်ကြီးတိုက်ခိုက်မှုအပြင် စစ်ကောင်စီတပ်မှ ATR-42/72 လေယာဉ်ဖြင့် လက်နက်ခဲယမ်းနှင့် ရိက္ခါ များ (၁၅)ကြိမ် စခန်းသစ်ကုန်းတွင် လာရောက် ပစ်ချထောက်ပံ့ပေးခဲ့ပြီး ဒီဇင်ဘာ ၁၂ရက်နေ့တွင်လည်း စစ်ကူအင်အား ၁၀၀နီးပါးကို ထောက်ပို့ယာဉ် Mi17 ဖြင့် (၃)ကြိမ် ဖြည့်တင်းခဲ့သည်ဟုဖော်ပြသည်။

စစ်ကောင်စီ နမ့်ခမ်းတပ်စခန်းကို တအာင်းတပ်မတော် PSLF/TNLA က တိုက်ခိုက်နေစဥ်အတွင်း စစ်ကောင်စီ၏ အရပ်ဖက် ဦးတည်တိုက်ခိုက်မှုကြောင့် နမ့်ခမ်းမြို့နယ် ဒေသခံ ကလေး(၃)ဦးအပါအဝင် ၁၃ဦး သေဆုံးကာ ၄၃ဦး ဒဏ်ရာ ရရှိခဲ့သည်ဟု ထုတ်ပြန်သည်။ ဘာသာရေးအဆောက်အဦး ဘုရားကျောင်းကန်များ၊ ဆေးရုံနှင့် လူနေအိမ် (၇၀)လုံး လက်နက်ကြီးနှင့် လေယာဉ်ဗုံးစ ထိမှန်ပျက်စီးပြီး လူနေအိမ် (၂၄) လုံး မီးလောင်ပျက်စီးခဲ့သည်ဟု အသိပေးသည်။

TNLAသည် ၁၀၂၇ စစ်ဆင်ရေးအတွင်းနမ့်ခမ်းနှင့်နမ့်ဆန်မြို့ကို အလုံးစုံထိန်းချုပ်ထားနိုင်ပြီးဖြစ်သည်။

(နမ့်ခမ်း မြို့ စခန်းသစ်ကုန်းသိမ်းယူပြီး​နောက် TNLA ကတစ်မြို့လုံး ထိန်းချုပ်နိုင်ပြီဖြစ်သည်။ဓါတ်ပုံ-TNLA )


Comments

Leave a Reply

Your email address will not be published. Required fields are marked *