ငါးကြင်းဆီနဲ့ ငါးကြင်းပြန်ကြော်လို့ရပြီ 😍

မာဝီရဲ့ Story မှာတွေ့ရတဲ့ စကစ MA-15 (MG 3) GPMG တွေပါ။ သူ့ရဲ့ ငါးမြီးပုံစံနဲ့တူတဲ့ သေနတ်ဒင်ကို အစွဲပြုပြီး ငါးကြင်းမြီးလို့လဲ ခေါ်ကြပါတယ်။

ပုံထဲမှာမြင်ရတာ စုစုပေါင်း 9 လက်ရှိတယ်။ ရေးထားတာအရ လွိုင်ကော်ထောင်ထဲကို ပို့မယ့် လက်နက်တွေကို ကြားဖြတ်သိမ်းဆည်းလိုက်နိုင်ပုံရပါတယ်။ ရေးထားတဲ့အတိုင်းသာတကယ်ဆိုရင်တော့ ထောင်ထဲက စခတွေ လောင်နေလောက်ပါပြီ။

MA-15 တွေရဲ့ မူရင်းဒီဇိုင်းက ဂျာမန်တို့ရဲ့ MG 3 ဖြစ်ပါတယ်။ MG 3 ဆိုတာ ဒုတိယကမ္ဘာစစ်တုန်းက နာမည်ကြီးခဲ့တဲ့ MG 42 ကိုအခြေခံထားတဲ့ စက်သေနတ်ဖြစ်ပါတယ်။ ကပစ က ဂျာမန် MG 3 ကို တရားဝင်လိုင်စင်ယူပြီး ပြန်ထုတ်တာဟုတ်မဟုတ်တော့ မသိရပါဘူး။

ဒီလို စက်သေနတ် GPMG တွေဟာ 7.62x51mm လို full-power catridge သုံးတယ်၊ တစ်မိနစ်ပစ်နှုန်း 1200 အထိရှိတာကြောင့် ခြေလျင်ပစ်ကူပေးတဲ့ နေရာ‌မှာ တော်တော်လေးထိရောက်တဲ့လက်နက်တွေဖြစ်ပါတယ်။ ပစ်ဖို့ကျည်အလုံအလောက်ရှိဖို့အပြင်၊ သေနတ်ပြောင်းပူလာရင် လဲလှယ်ဖို့ ပြောင်းအပိုတွေရှိနေဖို့တော့လိုတာပေါ့။ ဆက်တိုက်ပစ်ထားမယ်ဆိုရင် ကျည် 150 ပစ်ပြီးတိုင်း သေနတ်ပြောင်းလဲပေးရမယ်လို့ ပြောကြပါတယ်။

ဒီ ငါးကြင်းမြီးတွေသာ လွိုင်ကော်ထောင်ထဲရောက်သွားရင်တော့ စခတွေဘက်က တော်တော်လေး ပစ်အားကောင်းသွားမှာဖြစ်ပါတယ်။ အခုတော့မရောက်အောင်တားဆီးနိုင်ခဲ့ပြီဖြစ်လို့ ငါးကြင်းဆီနဲ့ငါးကြင်းပြန်ကြော်နိုင်တော့မှာဖြစ်ပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *