နမ့်ခမ်းမြို့သိမ်းတိုက်ပွဲအတွင်း TNLA ဘက်က ၄၉ ဦးကျဆုံးပြီး ၁၄၅ ဦးထိခိုက်ဒဏ်ရာရတယ်လို့ ထုတ်ပြန်

ရက်ပေါင်း ၃၀ ကျော်ကြာမြင့်ခဲ့တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့သိမ်းတိုက်ပွဲအတွင်းမှာ တအာင်းတပ်မတော် PSLF /TNLA ဖက်က ၄၉ ဦးကျဆုံးခဲ့ပြီး ၁၄၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒီဇင်ဘာလ ၁၉ရက်မှာ TNLA ကထုတ်ပြန်ခဲ့ပါတယ်။

နိုဝင်ဘာလ ၁၇ ရက်နေ ဒီဇင်ဘာလ ၁၈ ရက်အထိ တလကျော်ကြာမြင့်ခဲ့တဲ့တိုက်ပွဲတွေအတွင်းကျဆုံးခဲ့တာဖြစ်ပြီး စစ်ကောင်စီရဲ့လက်ချက်နဲ့ ကလေး ၃ ဦးအပါအဝင် လူပေါင်း ၁၃ ဦးလည်းသေဆုံးခဲ့ရတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အဲ့ဒီအပြင် စစ်ကောင်စီရဲ့အကြိမ်ပေါင်း ၃၅၀ ကျော်တဲ့လေကြောင်းတိုက်ခိုက်မှုနဲ့ ၃၀၀ ထက်နည်းတဲ့ လက်နက်ကြီးနဲ့ပစ်ခတ်မှုတွေကြောင့် ဘုရားကျောင်းကန် ဘာသာရေးအဆောက်အဦးတွေ၊ ဆေးရုံတွေနဲ့ လူနေအိမ်ခြေပေါင်း ၉၀ ကျော်ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ အပြင်းထန်ဆုံးခုခံကာကွယ်ခဲ့တဲ့ စခန်းသစ်ကုန်းတိုက်ပွဲအတွင်းမှာ ဗိုလ်မှူးအဆင့်ရှိသူအပါအဝင် ရာနဲ့ချီတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ရုပ်အလောင်းတွေရရှိခဲ့ပြီး ၃ ဦးကိုအရှင်ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *