မန္တလေး နန်းတွင်း၊ အိုးဘိုထောင် ဗဟိုကင်း အပါအဝင် ရဲစခန်း ၃ ခုကို ရွှေပြည်စိုး စစ်ဆင်ရေး အဖြစ် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

မန္တလေးမြို့ပေါ်ရှိ မန္တလေး နန်းတွင်း၊ အိုးဘိုထောင် ဗဟိုကင်း အပါအဝင် ရဲစခန်း ၃ ခုကို ရွှေပြည်စိုး စစ်ဆင်ရေး အဖြစ် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း မန္တလေးခရိုင် တပ်ရင်း ၄ မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

ယနေ့ ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် မန္တလေးမြို့ပေါ်ရှိ အမှတ် ၄ ရဲစခန်း ၊ အမှတ် ၆ ရဲစခန်း ၊ အမှတ် ၉ ရဲစခန်း၊ အိုးဘိုထောင် ဗဟိုကင်း ၊ နန်းတွင်းတိုင်းမှူး အဆောင်၊ နန်းတွင်း ဒုတိုင်းမှူး အဆောင် ၊ နန်းတွင်း အမှတ် ၁၆၁ တပ်ထိန်းတပ်ခွဲ နှင့် ရတနာပုံခန်းမ တို့ကို တော်လှန်ရေး တပ်ဖွဲ့များက ရွှေပြည်စိုး စစ်ဆင်ရေး အဖြစ် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

” တောင်သမာန်မှာ အောင်လံစိုက်မယ်ဆိုတဲ့ ကြွေးကြော်သံနှင့် အတူ ရွှေပြည်စိုး စစ်ဆင်ရေးကို အရှိန်အဟုန်နဲ့ ဆောင်ရွက်လျက်ရှိရာ ဒီနေ့ ဒီဇင်ဘာလ ၂၀ ရက်နေ့မှာ မန္တလေးမြို့ပေါ်မှာရှိတဲ့ စစ်ကောင်စီ လက်အောက်ခံ ရဲစခန်းနဲ့ နန်းတွင်း စစ်စခန်းတွေကို တိုက်ခိုက်ခဲ့တာပါ။ မြို့ထဲမှာ လမ်းတွေ ပိတ်ပြီး စစ်နေတာတွေ့ရှိ သလို အမှတ် ၆ ရဲစခန်းကတော့ ဗုံးသီးကွဲပြီးနောက်မှာ စခန်းထဲက ခွေးတွေအကုန် စခန်းအပြင်ကို ထွက်ပြေးကြပြီး အတားအဆီးတွေပိုချတယ်လို့ သိရတယ်” ဟု မန္တလေးခရိုင် တပ်ရင်း ၄ မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို မန္တလေးခရိုင် တပ်ရင်း ၃ ၊ ၄ ၊ ၅ ၊ ၆ နှင့် Shar Htoo Waw နည်းပညာတပ်ဖွဲ့ Team-6 Drop For Justice တို့မှ ပူးပေါင်း တိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရွှေပြည်စိုးစစ်ဆင်ရေးအစိတ်အပိုင်းအဖြစ် မန္တလေးမြို့ပေါ်ရှိ စစ်ကောင်စီရဲစခန်းတချို့နှင့် မန္တလေးနန်းတွင်းထဲရှိ တပ်စခန်းတချို့အား တပြိုင်ထဲတိုက်ခိုက်

မန်းခရိုင် တပ်ရင်း (၃) ၊ (၄) ၊ (၅) ၊ (၆)တို့ပူးပေါင်းပြီး တောင်သမာန်မှာအောင်လံစိုက်မယ်ဆိုတဲ့ကြွေးကြော်သံနှင့်အတူ ရွှေပြည်စိုးစစ်ဆင်ရေးကိုအရှိန်အဟုန်ဖြင့်ဆောင်ရွက်လျက်ရှိရာ

ယနေ့ဒီဇင်ဘာလ ၂၀ရက်နေ့ တွင်မန္တလေးမြို့တွင်းရှိ စစ်ကောင်စီ ကျောထောက်နောက်ခံရဲစခန်းနှင့် နန်းတွင်းစစ်စခန်းတွေဖြစ်တဲ့

အမှတ် ၄ ရဲစခန်း

အမှတ် ၆ ရဲစခန်း

အမှတ် ၉ ရဲစခန်း

အိုးဘိုထောင် ဗဟိုကင်း

နန်းတွင်းတိုင်းမှူးအဆောင်

နန်းတွင်း ဒုတိုင်းမှူးအဆောင်

နန်းတွင်း အမှတ် ၁၆၁ တပ်ထိန်းတပ်ခွဲ

ရတနာပုံခန်းမ အစရှိတဲ့နေရာများကို

ရွှေပြည်စိုးစစ်ဆင်ရေးနှင့် Shar Htoo Waw နည်းပညာတပ်ဖွဲ့ Team-6 Drop For Justice တို့မှ ပူးပေါင်းပြီး

Drone များ Suicide UAV Drone များဖြင့်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုတွေ ရှိနိုင်ကြောင်း ရွှေပြည်စိုးစစ်ဆင်ရေးတာဝန်ရှိသူများထံမှသိရှိရပါတယ်။

မန္တလေးတိုင်းအတွင်းရှိ မိဘပြည်သူများအနေဖြင့်လည်း ရွှေပြည်စိုးစစ်ဆင်ရေး အရှိန်မြင့်လာသည်နှင့်အမျှ စစ်ကောင်စီနဲ့သက်ဆိုင်သောနေရာများနှင့် ပျော်ပွဲရွှင်ပွဲများအား မလိုအပ်ဘဲသွားလာခြင်းကို ဂရုပြုကြပါရန်နှင့် စစ်ကောင်စီတပ်သားများအနေနဲ့အမြန်ဆုံးပြည်သူနဲ့အတူ ရပ်တည်ကြဖို့ ရွှေပြည်စိုးစစ်ဆင်ရေးဆင်နွှဲနေကြသော ရဲဘော်များက အနူးအညွတ်မေတ္တာရပ်ခံထားပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *