လေ​ကြောင်းဖြင့် ပစ်ကူရန်လာသည့်စစ်ရဟတ်ယာဥ် ၁ စီး ပစ်ခတ်ခံရပြီး မီးခိုးအူထွက်ကာ အရေးပေါ် ဆင်းသက်ခဲ့ရ

ထီးလင်းရှိ ရေမျက်နီရဲစခန်းကို တစ်ပတ်ကြာ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁၀ ဦး ထက်မနည်းသေဆုံးပြီး ၁ ဦးအရှင်ဖမ်းမိ၊ လေ​ကြောင်းဖြင့် ပစ်ကူရန်လာသည့်စစ်ရဟတ်ယာဥ် ၁ စီး ပစ်ခတ်ခံရပြီး မီးခိုးအူထွက်ကာ အရေးပေါ် ဆင်းသက်ခဲ့ရ

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ၊ထီးလင်းမြို့နယ်(ယောဒေသ)၊ ရေမျက်နီကျေးရွာရှိ စစ်တပ်၊ ရဲ ပူးပေါင်း အထိုင်ချထားသော ရေမျက်နီ နယ်မြေရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ စစ်သား ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ယောဒေသကာကွယ်ရေး တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။

ဒီဇင်ဘာလ ၄ ရက်နေ့ နံနက် ၅ နာရီခန့်တွင် ထီးလင်းမြို့နယ်၊ ရေမျက်နီ ကျေးရွာရှိ နယ်မြေရဲစခန်းကို ယောကာကွယ်ရေးတပ် – YDF နှင့် မဟာမိတ် ပူးပေါင်းတပ်များက စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ နံနက် ၆ နာရီဝန်းကျင်၌ ရဲစခန်း အပြင်ဘက် စည်းရိုးကို ချိုးဖျက်ပြီး ရန်သူ့စခန်း အတွင်းကို ဝင်ရောက်နိုင်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဝင်ရောက်နိုင်ခဲ့သဖြင့် အကြမ်းဖက် စစ်သား၊ ရဲများ လက်နက်ချရန် အသိပေးခဲ့သော်လည်း စစ်သား၊ ရဲများက လက်နက်မချဘဲ ၄၀ မမ၊ ၆၀ မမ များဖြင့် ရေမျက်နီ ရွာအတွင်းသို့ ရမ်းသမ်း ပစ်ခတ်ခဲ့သည့်အပြင် လေကြောင်းမှ Jet Fighter ၅ စီးဖြင့် ပစ်ကူပေးတိုက်ခိုက်ခဲ့ကြောင်း၊ စခန်း သိမ်းပိုက်နိုင်ရေး တနေကုန် တိုက်ပွဲဆင်နွှဲခဲ့ရပြီး အကြမ်းဖက် စစ်သား ၃ ဦးသေဆုံးသည်ကို မျက်မြင် တွေ့ရှိအတည်ပြုနိုင်ခဲ့ကာ ဒဏ်ရာရရှိသူများလည်းရှိကြောင်း သိရသည်။

ဒီဇင်ဘာလ ၅ ရက်နေ့ နံနက် ၅ နာရီ မိနစ် ၃၀ ခန့်တွင် ဒုတိယနေ့အဖြစ် ထပ်မံ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ရဲစခန်းလေးမျက်နှာရှိ ဘန်ကာ ၄၀ ခန့်ရှိသည့်အနက် တောင်ကုန်းပေါ်ရှိ နောက်ဆုံးဘန်ကာ တစ်ခု ကျန်ရှိချိန် စနိုက်၊ လက်နက်ကြီး၊ လေကြောင်းမှ အပြင်းအထန် ခုခံနေသဖြင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ ထိခိုက်ကျဆုံးမှုရှိခဲ့ကြောင်း၊ ထို့ပြင် မြေပြင်မှ စစ်ကူစစ်ကြောင်းများလည်း နီးကပ်လာသဖြင့် ပြန်လည်ဆုတ်ခွာခဲ့ရကာ စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှု အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိခဲ့ကြောင်း သိရသည်။

“တိုက်ပွဲက တစ်ပတ်ကြာတယ်၊ လာတာက မုံရွာ နမခထဲကနေလာတာ၊ ကျနော်တို့ ပစ်လိုက်တာ မီး ခိုးအူထွက်သွားပြီး ကျောပကစထဲကို အရေးပေါ်ဆင်းလိုက်ရသလိုဖြစ်သွားတာ၊ ကျောကပစထဲကို တော့ သတင်းမေးဖို့ လက်လှမ်းမမီပါဘူး၊ ဒါပေမယ့် အဲဒီကနေ ပြန်တက်တယ်လို့တော့ သတင်းမ ကြားရဘူး၊ သိမ်းခါနီးနီးမှာပဲ စစ်ကူတွေက ဂန့်ဂေါကလည်း လာတယ်၊ ကျောကပစ ကနေပြီးတော့ လည်း ၂ ကြောင်း လာတယ်၊ တိုက်ပွဲမှာတော့ ရဲဘော်တစ်ချို့ ကျဆုံးမှုရှိခဲ့တယ်၊ တချို့ထိခိုက်ဒဏ်ရာ ရရှိမှုရှိခဲ့ပါတယ်” ဟု ယောဒေသကာကွယ်ရေး တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။

ဒီဇင်ဘာလ ၆ ရက်နေ့တွင် တတိယနေ့အဖြစ် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး အင်အားဖြည့်တင်းရန်လာသော စစ်ကောင်စီစစ်ကြောင်းကို မွန်းလွဲ ၂ နာရီခန့်၌ ဖြတ်တောက်တိုက်ခိုက်ခဲ့ရာ ၁ နာရီနီး ပါးကြာသည်အထိ လေကြောင်းပစ်ကူပေးတိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့‌ လေကြောင်းမှ တိုက်ခိုက်နေ သည့် ရဟတ်ယာဉ်၊ ဂျက်ဖိုက်တာများအနက်မှ မုံရွာနမခမှ တက်လာသည့် Mi 35 ရဟတ်ယာဉ် ၁ စီးကို စက်လတ် (PKM) ဖြင့် ပစ်ခတ်ခဲ့ရာ ကိုယ်ထည်အမြီးပိုင်းထိမှန်ပြီး မီးခိုးအူထွက်ကာ ကျော မြို့ အနီးရှိ ပကစ ၂၃ တပ်အတွင်းသို့ အရေးပေါ်ဆင်းသက်သွားကြောင်း သိရသည်။

ယင်းနေ့ ညနေ ၅ နာရီဝန်းကျင်၌ ကျောမြို့၊ ကပစ ၂၃ မှ စစ်ကူလာသည့် စစ်ကြောင်းကို ရေမျက်နီကျေးရွာ အရှေ့တောင်ဘက် ၁ မိုင်ခန့်အကွာ၌ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား ၅ ဦးထက်မနည်းသေဆုံးပြီး ခြင်းကြား တစ်လုံးနှင့် MA1 သေနတ် တစ်လက်သိမ်းဆည်းရရှိခဲ့ ကြောင်း သိရသည်။

ဒီဇင်ဘာလ ၇ ရက်နေ့တွင် ရေမျက်နီရဲစခန်းသို့ စစ်ကူလာသော စစ်ကြောင်းကို ရေမျက်နီကျေးရွာ အရှေ့ဘက် တစ်မိုင်ကျော်ခန့်အကွာ မျက်မြှောင်ချောင်းအနီးအရောက် ယောနက စစ်ကြောင်းမှ ဖြတ်တောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးပြီး ၁ ဦးအရှင်ဖမ်းမိခဲ့ ကြောင်း သိရသည်။

ဒီဇင်ဘာလ ၈ ရက်နှင့် ၉ ရက်နေ့များတွင်လည်း ရေမျက်နီရဲစခန်းကို စစ်ကူလာသည့် ဂန့်ဂေါမြို့ ခလရ ၅၀ စစ်ကြောင်း၊ ကျော်မြို့ ကပစ ၂၃ မှ လာသည့် စစ်ကူစစ်ကြောင်းများကို ဟန့်တားတိုက် ခိုက်ခဲ့ပြီး ရေမျက်နီရဲစခန်းသိမ်းပိုက်ရရှိရေး တစ်ပတ်အကြာ ဆင်နွှဲခဲ့သော်လည်း မြေပြင်စစ်ကြောင်း၊ ဝေဟင်မှ ဂျက်ဖိုက်တာ ၊ Mi 35 ရဟတ်ယာဉ်များဖြင့် ကြိမ်ဖန်များစွာ ခုခံတိုက်ခိုက်နေသဖြင့် ပြန် လည်ဆုတ်ခွာခဲ့ရကြောင်း ယောဒေသကာကွယ်ရေးတပ်ဖွဲ့ စစ်ရုံးချုပ်က ထုတ်ပြန်ထားသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *