လက်နက်တွေကို ကရိန်းကားနဲ့ပါ သယ်ထုတ်ခဲ့ရတဲ့ စခန်းသစ်ကုန်း တိုက်ပွဲ (ရုပ်/သံ)

ဂျပန်ခေတ်ကတည်းက ဆောက်ထားပြီး နမ့်ခမ်းမြို့အဝင်အထွက်ကို စစ်ဆေးတတ်တဲ့ ဒီစခန်းဟာ အဝေးကင်းတွေကို တောင်နှစ်တောင်ကြားမှာ တည်ထားပြီး အလယ်မှာ ပင်မစခန်းတွေ၊ ဘန်ကာတွေ၊ ဆက်သွယ်ရေးတူးမြောင်းတွေနဲ့ အခိုင်အမာ ပြင်ဆင်ထားတဲ့ စခန်း ဖြစ်ပါတယ်။

နမ့်ခမ်းမြို့ကို TNLA က နိုဝင်ဘာ ၇ ရက်နေ့ကတည်းက ထိမ်းချုပ်ခဲ့တာဖြစ်ပြီး မြို့နဲ့ တမိုင်ခန့် အကွာမှာ ရှိနေတဲ့ ဒီစခန်းသစ်ကုန်းကိုတော့ နိုဝင်ဘာ ၁၇ ရက်နေ့ကနေ စတင်ပြီး တလကျော်ကြာ တိုက်ခိုက်ပြီး သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။

လက်နက်ခဲယမ်းအများအပြားကို TNLA က သိမ်းဆည်းခဲ့ပြီး အရေအတွက်အတိအကျ ကိုတော့ TNLA ဘက်က ထုတ်ပြန်ခြင်း မရှိသေးပါဘူး။

နမ့်ခမ်းမြို့ စခန်းသစ်စခန်းကို သိမ်းပိုက်ဖို့ ကြိုးစားစဉ် တပ်ဖွဲ့ဝင် ၄၉ ဦး သေဆုံးခဲ့ပြီး ၊ ၁၄၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ TNLA က ဒီဇင်ဘာ ၁၉ ရက်နေ့မှာ သတင်း ထုတ်ပြန်ခဲ့ပါ တယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *