အချင်းချင်းတွေ ဆော်ကုန်ကြပြန်ပီဟ

လောက်ကိုင်မှာ တိုက်ပွဲပြင်းထန်နေပြီး ပြည်သူ့စစ်တွေပါ ဗုံးကြဲခံနေရ

လောက်ကိုင်မြို့တွင်းထဲမှာ ကိုးကန့်နဲ့စစ်ကောင်စီတပ်တင်မက ပြည်သူ့စစ်အချင်းချင်းတွေပါ မနေ့ ဒီဇင်ဘာ ၁၉ရက်နေ့က စတင်ပစ်ခတ်နေကြပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ မြေပြင်သတင်းအရစုံစမ်းသိရပါတယ်။

တိုက်ပွဲဟာ မနေ့က ပြည်သူ့စစ်အချင်းချင်းကြား ပစ်ခတ်မှုတွေ စတင်ဖြစ်ပွါးရာကနေ တိုက်ပွဲအပြင်းအထန်ဖြစ်ပွါးခဲ့တာဖြစ်ပါတယ်။

“ပယ်ရှောက်ချိန်ရဲ့ ညာလက်ရုံး ကောဝူးဆိုတဲ့လူကို ကောဝူးရဲ့ သမက်လည်းဖြစ် ပြည်သူ့စစ်တပ်မှူးလည်းဖြစ်သူက သတ်ဖြတ်ခဲ့ပြီး အချင်းချင်းကြားမှာလည်း ပစ်ခတ်မှုတွေ ဖြစ်နေတာ”လို့ သတင်းအရင်းမြစ်တစ်ဦးက ဖြစ်ပါတယ်။

ပြည်သူ့စစ်တပ်မှူးတွေက လက်နက်ချလိုပေမယ့် ခေါင်းဆောင်ပိုင်းတွေက ရွေးစရာလည်းမရှိတာကြောင့် အငြင်းပွါးမှုတွေနဲ့ပစ်ခတ်မှု ဖြစ်နေတာဖြစ်ပါတယ်။

ဒါ့အပြင် လောက်ကိုင်တိုက်ပွဲအတွင်းမှာပါ စစ်ကောင်စီဘက်က လက်နက်ကိုင်တပ်ဖွဲ့ မရွေးဘဲ ဗုံးကြဲနေတယ်လို့ ဆိုပါတယ်။

“အခု ကိုးကန့်အဖွဲ့လား ပြည်သူ့စစ်လား မခွဲတော့ဘူး။ အကုန်ကြဲနေတာ။ တိုက်ပွဲကပြင်းထန်နေတုန်းပဲ”လို့ သတင်းအရင်းမြစ်က ဆိုပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၇ရက်နေ့မှာ ရန်လုံကျိုင်းနယ်စပ်ဂိတ်ကို ကိုးကန့်တပ်က သေနတ်မဖောက်ပဲ သိမ်းပိုက်နိုင်ခဲ့ပြီးနောက် လောက်ကိုင်ဘက်ကို ထပ်မံထိုးစစ်ဆင်နေတာဖြစ်ပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *