မုံရွာတွင် (၂)နှစ်နီးပါးမြုပ်နှံထားသော ပြင်းအားပြင်းမိုင်းဖြင့် စစ်ကောင်စီတပ်အား ဖောက်ခွဲတိုက်ခိုက်

စစ်ကိုင်းတိုင်း၊မုံရွာမြို့နယ်တွင် (၂)နှစ်နီးပါး မြုပ်နှံထားသော ပေါက်ကွဲအားပြင်းသည့် မိုင်းဖြင့် စစ်ကောင်စီတပ် စစ်ကြောင်းအား ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

ဒီဇင်ဘာ ၁၃ ရက် ညက အနောက်မြောက်တိုင်း စစ်ဌာနချုပ်(နမခ)မှ အင်အား၅၀ခန့်ဖြင့် စစ်ကြောင်းထိုးရန် ထွက်လာသော စစ်ကောင်စီတပ်သည် ဖန်းခါးကျင်းကျေးရွာသို့ အင်အား ၂၅ဦး၊ အဆိုပါရွာ၏ အနောက်ဘက်ရှိ ရေနံချက်ဖိုသို့ အင်အား ၂၅ဦးဖြင့် စစ်ကြောင်းနှစ်ကြောင်းခွဲ ထွက်လာခဲ့သည်။

ရေခံချက်ဖိုဘက်သို့ ထွက်လာသော စစ်ကြောင်းအား ည ၁၀ နာရီ ၁၅ မိနစ်ခန့်တွင် အကျယ်၁၈လက်မ၊ အရှည်၂ပေခွဲရှိ ပေါက်ကွဲအားပြင်းသော မိုင်းလုံးကြီးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အများအပြားထိခိုက်ခဲ့ကြောင်း မုံရွာခရိုင်တပ်ရင်း(၁၆) Chin Dwin Brothers အဖွဲ့က ယနေ့ (ဒီဇင်ဘာလ ၂၁ ရက်)တွင် သတင်းထုတ်ပြန်သည်။

အဆိုပါ ပေါက်ကွဲအားပြင်းသော မိုင်းကြီးကို ၂၀၂၂ မတ်လခန့်ကတည်းက ၎င်းနှင့်အရွယ်တူမိုင်းကြီးများဖြင့် နမခ၏ ခြံစည်းရိုးအနီး သုံး​​​​​​နေရာတွင်မြုပ်နှံထားခဲ့ပြီး ယခုနှစ် နိုဝင်ဘာကတည်းက မိုင်းအသက်သွင်းထားကြောင်း မုံရွာခရိုင်တပ်ရင်း(၁၆)၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“ကျွန်တော်တို့မိုင်းလုံးကြီးက ရေနံချက်ဖိုရဲ့အနောက်ဘက်မီတာ၁၀၀ခန့်လောက်မှာပါ။ အဝေးထိန်းနဲ့ခွဲတာ။ အရင်ကတော့ မိုင်းကွင်းနဲ့မတိုးလို့ မခွဲရတာ။ အခုမှခွဲရတာ။အနားကရွာတွေကတော့တုန်ဟီးသွားတယ်။

ခွဲပြီး နှစ်ရက်လောက်ကျ လက်နက်ကြီးတွေနဲ့ပစ်တယ်။ အဲ့နားကလမ်းမှာတော့မာရှလောဆွဲနေတယ်။ အဲဒီမိုင်းတွေက အရမ်းကြီးပြီး ကုန်ကျစရိတ်ပိုများလို့ ခဏခဏမခွဲနိုင်ဘူး။ အခုစျေးနဲ့ဆိုမလုပ်နိုင်သေးဘူး။”ဟု မုံရွာခရိုင်တပ်ရင်း(၁၆)၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

မိုင်းကြီးခွဲလိုက်စဥ် ပေါက်ကွဲမှုအရှိန်ကြောင့် ငါးမိုင်ပတ်ချာလည် လူနေအိမ်အဆောက်ဦးများငလျင်လှုပ်သကဲ့သို့ ​တုန်သွားသည်ဟု ဆိုသည်။

အဆိုပါ တိုက်ခိုက်မှုအား မုံရွာခရိုင်တပ်ရင်း (၁၆)နှင့် ဒေသခံ (ပကဖ)များ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

မုံရွာခရိုင်တပ်ရင်း(၁၆) Chin Dwin Brothers အဖွဲ့သည် ပြီးခဲ့သည့် ဒီဇင်ဘာ ၁၄ ရက်ကလည်း ဘုတလင်မြို့ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်တစ်ခုကို ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ခဲ့သေးသည်။

မိုင်းမစ်ရှင်ထုတ်ပြန်ကြေညာချက်

ဒီဇင်ဘာ13ရက်နေ့ည နမခမှ အင်အား50ဖြင့်စစ်ကြောင်းထွက်လာသော စကစများသည် နမခခွေးခြံရဲ့မြောက်ဘက် ဖန်းခါးကျင်းရွာသို့၂၅ယောက်၊ဖန်းခါးကျင်းရွာရဲ့အနောက်ဘက်ရှိရေနံချက်ဖိုရှိရာအနောက်မေမြာက်သို့၂၅ယောက်နဲ့နှစ်ကြောင်းခွဲထွက်လာကြသည်။

ကျွန်တော်တို့မိုင်းလုံးကြီးကရေနံချက်ဖိုရဲ့အနောက်ဘက်မီတာ၁၀၀ခန့်လောက်မှာပါ စခတွေကထီးတော်တင်ကားလမ်းကိုဖြတ်ကျော်ပီးမိုင်းလုံးကြီးရှိရာသို့မီးထိုး၍ဦးတည်လာနေတာကြောင့် 10:16မိနစ်ခန့်တွင် အကျယ်၁၈လက္မ၊အရှည်၂ပေခွဲရှိ ပေါက်ကွဲအားပြင်းသော မိုင်းလုံးကြီးဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အများအပြားထိခိုက်မှု့ခဲ့သည်ကိုလဲ ပြည်သူများရဲ့ပြောပြချက်အရသိခဲ့ပါတယ်။

တချို့စခတွေသည် ကြောက်လန့်ပြီး ထီးတော်တင်ဖောက်လမ်းပေါ်သို့ ပြေးတက်လာပီး ဖန်းခါးကျင်းသွားဘက်သို့ ပြန်ခေါက်သွားပြီး ဖန်းခါးကျင်းရွာနားသို့ရောက်သောအခါ မင့်ရဲ့နားတော့မသိဘူးငါ့နားတွေတော့ဘာမှမကြားတော့ဘူး ဘာကြီးနဲ့ပစ်လိုက်တာလဲမသိဘူးလဲပြောကြသည်ကိုလဲ ဒေသတင်းအရင်းမြစ်ကပြောပြခဲ့ပါတယ်။

ဒီလိုပေါက်ကွဲအားပြင်းသောမိုင်းကြီးကို 2022မတ်လလောက်က၄င်းနှင့်အရွယ်တူမိုင်းကြီးများကိုနမခခြံရဲ့ခြံစီးရိုးနား​သုံး​​​​​​နေရာတွင်မြုတ်နှံထားခဲ့ပြီး2023 နိုဝင်ဘာလတည်းကစတင်အသက်သွင်းထားခဲ့သဖြင့် စခများအားလုံးသတိနဲ့တာ သွားလာကြပေတော့။အသွားမတော်တလမ်းအစားမတော်တလုပ်ဆိုတဲ့စကားပုံအတိုင်းဖြစ်သွားမည်သာဖြစ်သည်။

မိုင်းကြီးခွဲလိုက်စဥ်ကမိုင်းကြီးရဲ့အရှိန်ကြောင့် လေးမိုင်ငါးမိုင်ပတ်ချာလည် လူနေအိမ်အဆောက်ဦးများငလျင်လှုပ်သလိုတုန်ဟီးသွားပြီး ခွေးစာနဲ့မသေအသံနဲ့သေနိုင်သည်ဟု ပြည်သူများရဲ့နှုတ်ဖျားကပြောစမတ်ပြုကြပါတယ်။
ပူးပေါင်းအဖွဲ့များ

မုံရွာခရိုင်တပ်ရင်း၁၆

ဒေသခံပကဖများ

ယင်းတိုက်ခိုက်မူတွင်မိမိတို့ဘက်မှအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *