ပြည်ထဲရေးဝန်ကြီး ရာပြည့်နှင့်ပတ်သက်သူများ၊ စစ်အရာရှိဟောင်း မိုးကျရွှေကိုယ်များ အပါအဝင် ဒုညွှန်မှူး ၇ ဦးကို ထွေ/အုပ် ညွှန်ကြားရေးမှူးအဖြစ် ရာထူးတိုးပေး၊ ခရိုင်အုပ်ချုပ်ရေးမှူး ၃၈ ဦးကို အပြောင်းအရွှေ့လုပ်

ပြည်ထဲရေးဝန်ကြီး ရာပြည့်နှင့်ပတ်သက်သူများ၊ စစ်အရာရှိဟောင်း မိုးကျရွှေကိုယ်များ အပါအဝင် ဒုညွှန်မှူး ၇ ဦးကို ထွေ/အုပ် ညွှန်ကြားရေးမှူးအဖြစ် ရာထူးတိုးပေး၊ ခရိုင်အုပ်ချုပ်ရေးမှူး ၃၈ ဦးကို အပြောင်းအရွှေ့လုပ်

ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် ပတ်သက်သူများ၊ စစ်အရာရှိဟောင်း မိုးကျရွှေကိုယ်များ အပါအဝင် ဒုညွှန်ကြားရေးမှူး ၇ ဦးကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ညွှန်ကြားရေးမှူး များအဖြစ် ရာထူးတိုးမြှင့်ပေးလိုက်ကြောင်း နေပြည်တော် ပြည်ထဲရေးဝန်ကြီးဌာနသတင်းရင်းမြစ်က ပြောဆိုသည်။

ပြည်ထဲရေးဝန်ကြီးဌာန၊ ထွေ/အုပ် ရုံးချုပ်မှ ဒုညွှန်ကြားရေးမှူး ဒေါ်ခိုင်ခိုင်စိုးကို နေပြည်တော်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ ညွှန်ကြားရေးမှူးအဖြစ်လည်းကောင်း၊ ရမည်းသင်းခရိုင်မှ ဒုတိယအုပ်ချုပ်ရေးမှူးကို စစ်ကိုင်းတိုင်းထွေ/အုပ်ဌာန၏ ညွှန်ကြားရေးမှူး အဖြစ်လည်းကောင်း၊ ပဲခူးတိုင်းထွေ/အုပ်မှ ဒေါ်စုစုအောင်ကို ဧရာ၀တီတိုင်းထွေ/အုပ်ဌာန၏ ညွှန်ကြားရေးမှူးအဖြစ်လည်းကောင်း၊ ထွေ/အုပ်ရုံးချုပ်မှ ဒေါ်ညွှန့်သူဇာမြင့်ကို ကယားပြည်နယ် ထွေ/အုပ်၏ ညွှန်ကြားရေးမှူးအဖြစ်လည်းကောင်း၊ ပဲခူးတိုင်းထွေ/အုပ်မှ ဦးခင်မောင်ထွေးကို ဟိုပန်ခရိုင် ၏ ညွှန်ကြားရေးမှူးအဖြစ်လည်းကောင်း၊ ထွေ/အုပ်ရုံးချုပ်မှ ဒေါ်ဆွေဆွေလွင်ကို ချင်းပြည်နယ်ထွေ/အုပ်၏ ညွှန်ကြားရေးမှူးအဖြစ်လည်းကောင်း၊ ရန်ကုန်တိုင်းထွေ/အုပ်မှ ဒုညွှန်မှူး မျိုးအောင်ကို စစ်ကိုင်းခရိုင်ထွေ/အုပ်၏ ညွှန်ကြားရေးမှူးအဖြစ်သို့လည်းကောင်း ရာထူးတိုးမြှင့်လိုက်ကြောင်း သိရှိရသည်။

“ညွှန်ကြားရေးမှူး ရာထူးတိုးသွားတဲ့ ဒုတိယညွှန်ကြားရေးမှူး(ခေါ်) ဒုတိယအုပ်ချုပ်ရေးမှူးတွေမှာ ဝန်ကြီးနဲ့ပတ်သက်သူတွေ၊ ညွှန်ချုပ်တွေနဲ့ပတ်သက်သူတွေပါတယ်။ နောက်တစ်ခါ စစ်တပ်က ပြောင်းလာတဲ့ မိုးကျရွှေကိုယ် စစ်အရာရှိဟောင်းတွေကို ရာထူးတိုးပေးလိုက်တာ။ အခု ရာထူးတိုးက ထွေ/အုပ်ဌာနအတွင်းမှာ အတော်ဂယက်ရိုက်နေတယ်။ ပေးနိုင် ကမ်းနိုင် ကျွေးနိုင် မွေးနိုင်သူတွေကို တိုးပေးတာဆိုတော့ ပွဲဆူနေတယ်” ဟု ပြည်ထဲရေး သတင်းရင်းမြစ်က ပြောဆိုသည်။

ထို့ပြင် နိုင်ငံတစ်ဝန်းမှ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင် အုပ်ချုပ်ရေးမှူး ညွှန်ကြားရေးမှူး ၃၈ ဦးကိုလည်း နေရာအပြောင်းအရွှေ့များ ပြုလုပ်ပြီး ငွေကြေးတတ်နိုင်သူများသည် လာဘ်ပေး၍ အကျင့်ပျက်ခြစားနိုင်သည့် ခရိုင်များသို့ ပြောင်းရွှေ့ခွင့်ရကြကြောင်း၊ ငွေမပေးနိုင်သူများမှာ တိုက်ပွဲဖြစ်ပြီး မတည်မငြိမ်ဖြစ်နေသော ခရိုင်များသို့ ပြောင်းရွှေ့ရကြောင်း သိရှိရသည်။

” ခရိုင်အုပ်ချုပ်ရေးမှူး အပြောင်းအရွှေ့တွေမှာလည်း ငွေပေးနိုင်တဲ့သူတွေက ဂွင်ကောင်းတဲ့နေရာတွေရကုန်ကြတာ။ မဂါ(မကန်တော့၊ လာဘ်ငွေမပေး) နိုင်သူတွေကတော့ ပြာပုံတိုးရမယ့် ခရိုင်တွေ ရွှေ့ရတာ” ဟု ပြည်ထဲရေး သတင်းရင်းမြစ်က ပြောဆိုသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *