လွိုင်ကော်ထောင်အနီးရှိ ဒေါဥခူရဲစခန်းကို ကရင်နီတော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်း ပိုက် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ (ရုပ်/သံ)

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့ အကျဉ်းထောင်အနီးရှိ ဒေါဥခူရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့တယ်လို့ ရှေ့တန်းသတင်းရင်းမြစ်များဆီက သိရပါ တယ်။

ဒီဇင်ဘာလ ၉ ရက်နေ့ လွိုင်ကော်မြို့၊ ဒေါဥခူရပ်ကွက်၊ အကျဉ်းထောင်အနီးရှိ ဒေါဥခူရဲစခန်းကို ကရင်နီတော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး အကြမ်းဖက်စစ်သားအများအပြား သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းများလည်း သိမ်းပိုက်ရရှိခဲ့တယ်လို့ သိရပါတယ်။

လွိုင်ကော်မြိုအကျဉ်းထောင်အနီးရှိ ဒေါဥခူရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် အကြမ်းဖက်စစ် ကောင်စီတပ်သားများက ၎င်းတို့ တပ်စွဲထားရာ အနီးတဝိုက်ရှိ ပြည်သူ့နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ ကြောင်း ကရင်နီတော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

ဒီဇင်ဘာလ ၉ ရက်နေ့က လွိုင်ကော်မြို့၊ ဒေါဥခူရပ်ကွက်၊ အကျဉ်းထောင်အနီးရှိ ဒေါဥခူရဲစခန်းကို ကရင်နီတော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုအများအပြားရှိပြီး လက်နက်ခဲယမ်းများလည်း သိမ်းပိုက်ရရှိခဲ့ကြောင်း၊ ထိုသို့ တိုက်ခိုက်သိမ်းပိုက် ပြီးနောက် အကျဉ်းထောင်အနီးတဝိုက်၊ ဒကစ တပ်အနီးတဝိုက်အပါအဝင် ၎င်းတို့တပ်စွဲထားရာ နေရာအနီးတဝိုက်ရှိ ပြည်သူ့နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

“ဒီ ၁၀ ရက်ပတ်ဝန်းကျင်မှာ ထောင်အနီးအနားက နေအိမ်တွေ မီးလိုက်ရှို့တာ တစ်ရက်ကို ၅ လုံး အထက်လောက်ရှို့သွားတယ်၊ ဒီ ၁၀ ရက်အတွင်းပေါ့၊ ဒေါဥခူရဲစခန်း မသိမ်းခင်ကလည်း ရှို့တာတွေ တော့ရှိတယ်၊ အဲလောက်အထိမရှို့ဘူး၊ တစ်ရက်ကို တစ်လုံးလောက် နှစ်လုးလောက်ရှို့နေရာက ရဲစခန်းသိမ်းပြီးနောက်တော့ နေအိမ်တွေတောက်လျှောက်ရှို့လာတာ၊ ထောင်အနီးနားတင်မကဘူး၊ တခြား ဒကစ နေရာ၊ နောင်ယားတို့ဘက်ပေါ့၊ သူတို့ခြေကုပ်ယူထားတဲ့နေရာ ဘေးပတ်ပတ်လည်ကို အကုန်မီးရှို့တာ၊ ပစ်ကွင်းရှင်းအောင် မီးရှို့တာလား သို့မဟုတ် မြို့ပျက်ကြီးဖြစ်သွားအောင် ဒီအတိုင်း ပဲ မီးရှို့တာလားတော့ မသိဘူး၊ ရှို့တော့ရှို့နေတယ်” ဟု ကရင်နီတော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

ဒီဇင်ဘာလ ၁၆ ရက်နံနက် ၆ နာရီမိနစ် ၃၀ ခန့်က လွိုင်ကော်မြို့အကျဉ်းထောင်ကို ကရင်နီတော် လှန် ရေး ပူးပေါင်း တပ်ဖွဲ့ များက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး အကျဉ်းထောင်တဝက်အထိ စီးနင်းနိုင်ခဲ့ သော်လည်း လက်နက်ခဲ ယမ်းအင်အားနည်းသဖြင့် ည ၆ နာရီ မိနစ် ၃၀ အချိန်တွင် ပြန်လည် ဆုတ် ခွာခဲ့ရကြောင်း သိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *