ဝင်လိုက်ကြတဲ့ အလင်းတွေ

ကွတ်ခိုင်မြို့နယ်တွင် ခလရ ၄၅ တပ်ရင်းမှ တပ်ကြပ် ၁ ဦး RPG-7 နှင့် G-3 သေနတ်တို့ ယူဆောင်လာပြီး အလင်းဝင်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်၏ ခလရ ၄၅ တပ်ရင်းမှ တပ်ကြပ် ၁ ဦး RPG-7 နှင့် G-3 သေနတ်တို့ ယူဆောင်လာပြီး အလင်းဝင်လာကြောင်း TNLA သတင်းနှင့်ပြန်ကြားရေး ဌာနထံမှ သိရသည်။

ယနေ့ ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ၏ ကွတ်ခိုင် ဗျူဟာ လက်အောက်ခံ ခလရ ၄၅ တပ်ရင်းမှ တပ်ကြပ် ကိုနိုင်သည် စစ်မတိုက်လိုသဖြင့် G-3 သေနတ် ၁ လက်၊ RPG-7 ၁ လက် နှင့် ခဲယမ်းများ ယူဆောင်လာပြီး တအာင်းတပ်မတော် PSLF/TNLA တပ်မဟာ ၅ ထံ အလင်းဝင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ဒီဇင်ဘာလ ၁၇ ရက်နေ့ကလည်း နမ္မတူမြို့နယ် မန်စံကျေးရွာရှိ အကြမ်းဖက် စစ်တပ်စခန်းကို တအာင်းတပ်မတော် PSLF/TNLA က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများ အသုံးပြုသော ခဲယမ်းများစွာ သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

KNU ဒူးပလာယာခရိုင်တွင် ခမရ-၁၀၂ တပ်ရင်းမှ ဗိုလ်ကြီး ၁ ဦး အပါအဝင် တပ်သား ၃ ဦးနှင့် BGF တပ်သား ၂ ဦး လက်နက်များ ယူဆောင်လာပြီး အလင်းဝင်

ကရင်ပြည်နယ်၊ KNU ဒူးပလာယာခရိုင်တွင် အကြမ်းဖက် စစ်တပ်၏ ခမရ-၁၀၂ တပ်ရင်းမှ ဗိုလ်ကြီး ၁ ဦး အပါအဝင် တပ်သား ၃ ဦးနှင့် BGF တပ်သား ၂ ဦး လက်နက်များ ယူဆောင်လာပြီး အလင်းဝင်လာ​ကြောင်း KNU ဒူးပလာယာခရိုင် သတင်းနှင့် ပြန်ကြားရေးက ထုတ်ပြန်ထားသည်။

ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် K.N.L.A အမှတ် ၆ တပ်မဟာ လုံခြုံရေး စစ်ကြောင်းထံကို တပ်မ ၄၄ လက်အောက်ခံ ခမရ-၁၀၂ တပ်ရင်းမှ ဗိုလ်ကြီး ကျော်ဗိုလ်ဗိုလ်ဟိန်းသည် MA-5 သေနတ် ၁ လက်၊ 9 mm ကျည်ဘောက် ၁ ခု နှင့် ကျည် ၁၀ တောင့် တို့ ယူဆောင်လာကာ အလင်းဝင်ခဲ့ကြောင်း၊ ထို့ပြင် ဆေးတပ်သား အောင်မျိုးဝင်းသည် MA-3 သေနတ် ၁ လက် နှင့် ၎င်းကျည်ဘောက် ၁ ခု ၊ တပ်သား အောင်ကိုမင်းသည် MA-3 သေနတ် ၁ လက်၊ ကျည်ဘောက် ၁ ခု နှင့် ၅.၅၆ ကျည်တောင့် ၁၅ တောင့် စသည့် လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ခဲ့ကြောင်း သိရသည်။

ယင်းနေ့တွင်လည်း အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ တပ်ရင်း ၁၀၂၂ တပ်နယ် ၄ မှ B.G.F တပ်သား စောပေထူး(ခ) တော့ဘရားသည် M-4 သေနတ် ၁ လက်၊ ကျည်ဘောက် ၇ ခု၊ ၅.၅၆ ကျည် ၆၀ တောင့် နှင့် လက်ပစ်ဗုံး ၂ လုံး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ခဲ့ကြောင်း သိရှိရသည်။

ဒီဇင်ဘာလ ၁၅ ရက်နေ့ကလည်း တပ်ရင်း ၁၀၂၂ တပ်နယ် ၄ မှ B.G.F တပ်သား ကောင်းဆက်ထွန်းသည်လည်း M-4 Crbine ၁ လက်၊ ကျည်ဘောက်တို ၁ ခု နှင့် ၅.၅၆ ကျည်တောင့် ၂၀ တောင့် လက်နက်ခဲယမ်းများနှင့်အတူ လာရောက် ပူးပေါင်းခဲ့ကြောင်း သိရသည်။

၎င်းတို့နှင့် အတူ ပါလာသော လက်နက်ခဲယမ်းများအလိုက် ဒူးပလာယာခရိုင် သတင်းနှင့် ပြန်ကြားရေးတွင် ထုတ်ပြန်ထားခဲ့သည့်အတိုင်း ဒူးပလာယာခရိုင်၊ အမှတ် ၆ တပ်မဟာ မှ ထောက်ပံ့ငွေများဖြင့် ထိုက်တန်စွာ ပြန်လည်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ မည့်သည့် စစ်သားမဆို တပ်ကို စွန့်ခွါကာ ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး နှင့် ပြည်သူရ့င်ခွင်ထံ လက်နက်ခဲယမ်းများနှင့်အတူ လာရောက်ပူးပေါင်းသော စစ်သားများကို ပြည်သူများက နွေးထွေးစွာ ကြိုဆိုလျက်ရှိပြီး ရှေ့ဆက် ဘဝ ရပ်တည်နိုင်ရေးအတွက် ကူညီထောက်ပံ့ပေးမည် ဖြစ်ကြောင်း၊ ယူဆောင်လာသော လက်နက်အမျိုးအစားအလိုက် ကာလတန်ဖိုးနှင့်အညီ ထပ်မံပေးအပ်မည်ဖြစ်ပြီး သာမန် ပြည်သူအဖြစ် လုပ်ကိုင်စားသောက်သွားမည်ဆိုပါက အလုပ်အကိုင် အခွင့်အလမ်းအတွက် ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်က ထုတ်ပြန်ထားသည်။

ဆားလင်းကြီးမြို့မ ရဲစခန်းမှ ရဲတပ်သား ၁ ဦး G-3 သေနတ် ယူဆောင်လာပြီး အလင်းဝင်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့မ ရဲစခန်းမှ ရဲတပ်သား ၁ ဦး G-3 သေနတ် ယူဆောင်လာပြီး အလင်းဝင်လာကြောင်း ယင်းမာပင်ခရိုင် တပ်ရင်း ၁၆ တပ်ခွဲ ၃ သမန်းကျားပြောက်ကျားတပ်ဖွဲ့ ထံမှ သိရသည်။

ဒီဇင်ဘာလ ၂၀ ရက်နေ့ နံနက် ၃ နာရီ ၃၀ မိနစ်ခန့်တွင် ဆားလင်းကြီးမြို့မရဲစခန်းမှ ရဲ ၁ ဦးသည် လက်နက်ခဲယမ်းများ ယူဆောင်လာပြီး ယင်းမာပင်ခရိုင်တပ်ရင်း ၁၆ တပ်ခွဲ ၃ သမန်းကျား ပြောက်ကျားတပ်ဖွဲ့ထံ အလင်းဝင်လာခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ ရဲတပ်သားသည် G-3ရသေနတ် ၁ လက်၊ ကျည်ဘောက် ၄ ခု ၊ 7.62ရကျည် ၂၀၀၊ လက်ပစ်ဗုံး ၁ လုံး ၊ ဓား ဆ ချောင်း နှင့် ကျည်ကာ ၁ ထည် တို့ ယူဆောင်လာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

သရက်ချောင်းတွင် ရဲတပ်သားတစ်ဦး ပုတီးတစ်လုံးပြောက်ကျားတပ်ဖွဲ့ထံ လက်နက် နှင့် CDM ပြုလုပ်

သရက်ချောင်းမြို့နယ်၊ ဝင်းဝရဲစခန်းမှ ရဲတပ်သားတစ်ဦးသည် စစ်ကောင်စီလက်အောက်တွင် တာဝန်မထမ်းဆောင်တော့သည့်အတွက် လက်နက် ခဲယမ်းနှင့်တကွ ဒီဇင်ဘာလ ၁၂ ရက်နေ့က အလင်းဝင်ရောက်လာခဲ့ကြောင်း ပုတီးတစ်လုံးပြောက်ကျားတပ်ဖွဲ့ ၏ တာဝန်ရှိသူထံမှသိရသည်။

အလင်းဝင်ရောက်လာသည့် ရဲတပ်သားသည် သရက်ချောင်းမြို့နယ်အတွင်းရှိ ဝင်းဝရဲစခန်းတွင် တာဝန်ထမ်းဆောင်နေသော ရဲတပ်သား ဖြစ်ပြီး G3 အမျိုးအစားသေနတ်တစ်လက် ၊ကျည်ပေါက်လေး ခု၊ ကျည်တောင့် ၂၀၀ ကို ယူဆောင်လာပြီး ပုတီးတစ်လုံးပြောက်ကျားတပ်ဖွဲ့ထံသို့ အလင်းဝင်ရောက်ခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော် တို့ စာကပ်ပြီး တစ်လကျော်အတွင်း မှာပဲ ဝင်းဝရဲစခန်းက ရဲတပ်သား အလင်းဝင်ရောက်လာခဲ့တာပါ။ဖုန်းဆက်ပြီး အလင်းဝင်ရောက်ချင်တဲ့ အကြောင်းပြောလာတာပါ။ ဖုန်းဆက်လိုက်ရင် နီးစပ်တဲ့ နေရာတွေ အထိ ကျနော်တို့ လိုက်ကြိုပေးပါတယ်” ဟု ပုတီးတစ်လုံးပြောက်ကျားတပ်ဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ပြည်သူ့ရင်ခွင်ထံ ခိုလှုံပြီး အလင်းဝင်ရောက်လာသည့် CDM ရဲတပ်သားကို ပုတီးတစ်လုံးပြောက်ကျားတပ်ဖွဲ့ မှနွေးထွေးစွာကြိုခဲ့ကြကာ ငွေကျပ် ၃၅ သိန်းချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

စစ်ကောင်စီလက်အောက်တွင် ကျန်ရှိနေသေးသော စစ်ကောင်စီတပ်သား နှင့် ရဲတပ်သားများ အနေဖြင့် အမြန်ဆုံး ပြည်သူ့ရင်ခွင်သို့ ခိုလှုံကြပြီး CDM ပြုလုပ်ကြရန် ပုတီးတစ်လုံးပြောက်ကျားတပ်ဖွဲ့က တိုက်တွန်းထားသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *