သရက်ချောင်းမြို့နယ်၊ ညောင်ဇင်ကျေးရွာတွင် စစ်ကြောင်းကို မိုင်းဆွဲတိုက် ခိုက်မှု စစ်သား ၅ ဦး ထက်မနည်းသေဆုံး

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ညောင်ဇင်ကျေးရွာတွင် အကြမ်းဖက်စစ် ကောင်စီတပ်သားများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၅ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဦး – DDPDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။

ဒီဇင်ဘာလ ၁၇ ရက်နေ့ နံနက် ၁၁ နာရီခန့်က အင်အား ၅၀ ခန့်ပါ ကား ၃ စီးဖြင့် သရက်ချောင်းမြို့နယ် ညောင်ဇင်ကျောင်းကြီးတိုက် ဘုန်းကြီးကျောင်းသို့ရောက်ရှိလာပြီး ရွာမြောက်ပိုင်းမှ ပြည်သူများ၏ နေအိမ်များကို တအိမ်၀င်တအိမ်ထွက် ဧည့်စာရင်းစစ်ခြင်းနှင့် ဖုန်းများစစ်ဆေးခြင်းကိုပြုလုပ်ခဲ့ပြီး နောက် မွန်းလွဲ ၁ နာရီခန့်တွင် ရွာပြင်ရှိ အထက ညောင်ဇင်စာသင်ကျောင်းသို့ ဦးတည်ထွက်ခွာ လာစဉ် ညောင်ဇင်ကျေးရွာ ဈေးနှင့် အထက ညောင်ဇင်စာသင်ကျောင်းကြားအရောက် မိုင်းဆွဲ တိုက် ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၅ ဦးထက်မနည်းသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိ ကြောင်း သိရသည်။

“ရွာအစွန်ဘက် ဈေးနဲ့ စာသင်ကျောင်းကြားမှာ တိုက်ခိုက်ခဲ့တာပါ၊ အခုတော့ ရွာထဲမှာ မရှိတော့ဘူး၊ တိုက်ခိုက်ခံရပြီးတော့ ညနေ ၄ နာရီခွဲလောက်မှာ ရွာအနောက်ဖက် ရထားလမ်းဘက်ကနေ ထွက် သွားပါတယ်၊ သရက်နှစ်ခွ စစ်တပ်ဂိတ်ဖက်ကို ဦးတည်ထွက်သွားတယ်လို့ ယူဆရပါတယ်” ဟု ထား ဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဦး – DDPDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို ထား၀ယ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဦး- DDPDF ရဲဘော်များက တိုက်ခိုက် ခဲ့ခြင်း ဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သားများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိအောင်မြင်ခဲ့ကြောင်း သိရသည်။

စစ်ရေးသတင်းထုတ်ပြန်ချက်

စာအမှတ် ၂၇/၂၀၂၃
၂၁ ရက်နေ့၊ ဒီဇင်ဘာလ ၊ ၂၀၂၃

ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဉီး ( DDPDF )
၁၇.၁၂.၂၀၂၃ ရက်နေ့ မနက် ၁၁ နာရီခန့်တွင် အင်အား (၅၀)၀န်းကျင်ပါသည့် စစ်ကောင်စီ ကား (၃) စီးသည် တနင်္သာရီတိုင်းဒေသကြီး ၊ ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ် ညောင်ဇင်ကျောင်းကြီးတိုက် ဘုန်းကြီးကျောင်းသို့ရောက်ရှီလာပြီး ရွာမြောက်ပိုင်းမှ ပြည်သူများ၏ နေအိမ်တွင် တအိမ်၀င်တအိမ်ထွက် ဧည့်စာရင်းစစ်ခြင်းနှင့် ဖုန်းများစစ်ဆေးခြင်းကိုပြုလုပ်ခဲ့သည်။

ထိုနောက် နေ့လည် ၁ နာရီ၀န်းကျင်ခန့်တွင် စစ်ကောင်စီတပ်ဖွဲ့၀င်များသည် ရွာပြင်(အထက.ညဇ) စာသင်ကျောင်းဘက် ဉီးတည်ထွက်လာချိန် ညောင်ဇင်ရွာစျေးနှင့် (အထက.ညဇ) စာသင်ကျောင်း အကြား ကျွန်ုပ်တို့ ထား၀ယ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဉီး DDPDF တပ်ဖွဲ့၀င်ရဲဘော်များမှ အသင့်စောင့်ပြီး မိုင်းဆွဲ တိုက်ခိုက်မှုပြုလုပ်ခဲ့သည်။

ထိုမိုင်းဆွဲတိုက်ခိုက်မှုတွင် စစ်ကောင်စီအဖွဲ့၀င် ၅ ဉီးထက်မနဲ သေဆုံးပြီး ထိခိုက် ဒဏ်ရာရသူများလည်းရှိနိုင် သည်။ တိုက်က်ခိုက်မှုပြီးတွင် စစ်ကောင်စီအဖွဲ့၀င်များသည် လက်နက်ကြီး/ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်မှုများပြုလုပ်ခဲ့ပြီး ကျွန်ုပ်တို့ ထား၀ယ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဉီး DDPDF ဘက်မှတော့ ရဲဘော်များ ထိခိုက်မှုမရှိခဲ့ပေ။

အထက်ပါ တိုက်ခိုက်မှုအကြောင်းအရာနှင့်ပတ်သက်ပြီး စစ်ကောင်စီပိုင် မြ၀တီ-MWD ရုပ်သံမှလည်း မဟုတ်မမှန်ကြောင်းကို အရှက်မဲ့စွာ လိမ်လည် ထုတ်လွှင့်နေသည်ကိုတွေ့ရှိရပါသည်။

သတင်းနှင့်ပြန်ကြားရေး
ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဦး
(တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်ခရိုင်)


Comments

Leave a Reply

Your email address will not be published. Required fields are marked *