နေပြည်​တော်နဲ့​ရော ရန်ကုန်နဲ့ပါ ပိုနီးလာတာ​ကြောင့် စစ်​ကောင်စီ အ​တော်​လေး ပြာယာခတ်ထိတ်လန့်

မုန်းမြို့ နဲ့ ဖြူမြို့နယ်က စခန်းသိမ်းတိုက်ပွဲ​တွေဟာ ​နေပြည်​တော်နဲ့​ရော ရန်ကုန်နဲ့ပါ ပိုနီးလာတာ​ကြောင့် စစ်​ကောင်စီ အ​တော်​လေး ပြာယာခတ်ထိတ်လန့်ခဲ့ပါတယ် ။

ဒါအပြင် KNLAနဲ့ ပူးပေါင်းပြီး မုန်းဒေသ စစ်ဆင်ရေးလုပ်ဆောင်ခဲ့တဲ့ တောင်ပိုင်းတိုင်း စစ်ဒေသ အမှတ် (၂) စစ်ဒေသကွပ်ကဲရေးရုံးကတော့ စစ်တောင်းမြစ်ဝှမ်းဒေသတစ်ခုလုံးကို စစ်ဆင်ရေး တိုးမြှင့်ဆောင်ရွက်မယ်လို့လည်း ကြေညာထားပါတယ်။

စစ်ကောင်စီ တပ်သားတွေနဲ့ စစ်ကောင်စီယန္တရား လည်ပတ်စေဖို့ ဆောင်ရွက်နေသူများ အားလုံး ပြည်သူ့ဘက်သို့ ရပ်တည် ပူးပေါင်းကြဖို့ တိုက်တွန်းထားသလို၊ ပြည်သူတွေအနေနဲ့လည်း ဘေးအန္တရာယ် ကင်းဝေးစေရေး ကြိုတင်ပြင်ဆင်ထားကြဖို့ တိုက်တွန်းထားပါတယ် ။

မုန်းမြို့တိုက်ပွဲနဲ့ ​နေပြည်​တော်ဘက်နီးလာတဲ့တတိုက်ပွဲ​တွေ

ပဲခူးတိုင်း ၊ကျောက်ကြီးမြို့နယ် ၊မုန်းမြို့ကို ကရင်အမျိုးသားအစည်းအရုံး(KNU) ဦးဆောင်တဲ့ ပူးပေါင်းတပ်ဖွဲ့တွေက မြို့သိမ်းတိုက်ပွဲ ဆင်နွှဲခဲ့ရာမှာအောင်မြင်မှုရရှိခဲ့တဲ့အကြောင်းကို ဒီတစ်ပတ်မှာ ပြောပြချင်ပါတယ်။

အာဏာသိမ်းစစ်ကောင်စီတပ်ရဲ့ ဌာနချုပ်နေပြည်တော်နဲ့နီးသလို ၊ ထိုင်းနယ်စပ်ဘက်ကို စစ်ကူပို့ဖို့ အတွက်ဆက်သွယ်​ရေးလမ်း​ကြောင်းအရ အချက်အချာကျတဲ့ မုန်းမြို့က စစ်ကောင်စီတပ်စခန်းတွေကို KNLA ၊ PDF ၊ BPLA နဲ့​တော်လှန်​ရေးအဖွဲ့​တွေ ပူး​ပေါင်းတိုက်ခိုက်ခဲ့ကြတာပါ။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၃) တပ်ရင်း(၈)၊ တပ်ရင်း(၉)၊KNLA တပ်မဟာ

(၁)၊ KNLA တပ်မဟာ(၅)၊ပြည်သူ့ကာကွယ်ရေးတပ်မတော်

(PDF) စစ်ကြောင်းတွေဖြစ်တဲ့ ရိုးမစစ်ကြောင်း(၂) ၊ (၄)၊ (၅) နဲ့ ဗမာပြည်သူ့ လွတ်မြောက်ရေးတပ်တော်(BPLA) ပူးပေါင်းတပ်ဖွဲ့တွေက ဒီဇင်ဘာ ၂ ရက် ညသန်း​ခေါင်ဝန်းကျင် မှာ စတင်တိုက်ခိုက်ခဲ့ကြတာပါ။

“ဖားစည်ဟိန်းသံနဲ့ ဆယ်လမွန် ပူးပေါင်းစစ်ဆင်ရေး” လို့ အမည်ပေးထားပြီး ဒီဇင်ဘာ ၂ရက် ည ၁၁နာရီ ၄၀မှာ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့ဒေသအ​ခြေစိုက်တဲ့ ​ခြေမြန်တပ်ရင်း- ခမရ (၅၉၀) တပ်ရင်းဌာနချုပ်၊ ခမရ (၅၉၉) တပ်ရင်းဌာနချုပ်၊ မုန်းမြို့ရဲစခန်း၊ မုန်းသာစည်တံတားကင်းနဲ့ ကော့ပြင်းတပ်စခန်း တွေကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။

မုန်းမြို့ဟာ ​နေပြည်​​တော်နဲ့ ကာလမ်းအတိုင်းသွားရင် မိုင် ၁၂၀ ​လောက်ပဲ​ဝေးပါတယ် ။အ​နောက်ဘက်မှာ ဖြူးမြို့နယ် ၊​တောင်ဘက်မှာ ​ကျောက်တံခါး ၊​ကျောက်ကြီးမြို့နယ် ၊ ​မြောက်ဘက်မှာ ​တောင်ငူမြို့နယ် ၊အ​ရှေ့ဘက်မှာ ထိုင်းနယ်စပ် ဧရိယာ​တွေရှိပါတယ် ။ ၂၀၁၄ သန်း​ခေါင်းစာရင်းအရ မြို့​ပေါ်တွင် လူဦး​ရေ ၁၂၀၀၀ ​ကျော်​နေထိုင်ပါတယ် ။

မုန်းမြို့က စစ်ကောင်စီတပ်တွေဟာ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီး လက်နက်ကြီးနဲ့ အဆက်မပြတ် ပစ်ခတ်အကြမ်းဖက်ခဲ့တာကြောင့် အရပ်သားပြည်သူသေဆုံးထိခိုက်ခဲ့ရပြီး​တော့ နေ့စဉ်လုပ်ငန်းခွင် ဝင်ရောက်ဖို့ အခက်အခဲတွေ ကြုံ​ရတာကြောင့် ပြည်သူလူထုရဲ့ ဆန္ဒနဲ့အညီ အဲဒီ စစ်ကောင်စီ တပ်စခန်းတွေကို တိုက်ခိုက်ချေမှုန်းရတာ ဖြစ်တယ်လို့ KNU ဗဟိုက အသိပေးထုတ်ပြန်ပါတယ်။

KNU ညောင်လေးပင်ခရိုင် တပ်မဟာ(၃)နယ်မြေမှာရှိတဲ့ မုန်း(မူး)မြို့ မြို့သိမ်းတိုက်ပွဲကို တပ်မဟာ(၃)ရှိ Federal Wings နဲ့ PDF ဒရုန်းတပ်ဖွဲ့တွေ အပါအဝင် အင်အားထောင်ချီ အသုံးပြု တိုက်ခိုက်ခဲ့တာဖြစ်ပြီး နာရီပေါင်း ၄၀ကျော်အကြာမှာ ဒီဇင်ဘာ ၄ ရက် ည​နေ ၅ နာရီ​ကျော်မှာ မြို့မှာရှိတဲ့ တပ်စခန်းတွေအားလုံးကို တိုက်ခိုက်ချေမှုန်းနိုင်ခဲ့ပါတယ်။

တိုက်ပွဲဖြစ်ပွား​နေစဉ်မှာ စစ်ကောင်စီဟာ လေကြောင်း ပစ်ကူ အကြိမ်ကြိမ်ပေးခဲ့ပြီး လေကြောင်းက စစ်ကူတပ်တွေ ဖြည့်ခဲ့ပေမယ့် တပ်စခန်းတွေ မကျရှုံးအောင် ကာကွယ်နိုင်ခြင်းမရှိခဲ့ပါဘူး။

စစ်ကောင်စီရဲ့ ခမရ (၅၉၀) တပ်ရင်းဌာနချုပ်၊ မုန်းမြို့ရဲစခန်းနဲ့ ကော့ပြင်းတပ်စခန်းတို့ကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ် သေဆုံးထိခိုက်မှုများစွာ ရှိခဲ့သလို ကျန်တဲ့ ခမရ(၅၉၉)တပ်ရင်းဌာနချုပ်နဲ့ မုန်းသာစည်တံတားကင်း နေရာတွေကိုလည်း အထိနာအောင် ချေမှုန်းနိုင်ခဲ့ကြောင်း KNU က ထုတ်ပြန်ပါတယ်။

မြို့​ပေါ်ကစခန်း​တွေမကျ​အောင် စစ်ကောင်စီဖက်မှ လေကြောင်း တိုက်ခိုက်မှု အကြိမ်ကြိမ် ပြုလုပ်ခဲ့ပေမယ့် စစ်ရေး ရည်မှန်းချက်အတိုင်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ကြောင်း PDF တောင်ပိုင်းတိုင်း စစ်ဒေသ အမှတ် (၂) စစ်ဒေသကွပ်ကဲရေးရုံး ကလည်း အသိပေးပါတယ်။

တိုက်ပွဲအတွင်းမှာ စစ်ကောင်စီအရာရှိ​တွေအပါအဝင်တပ်ဖွဲ့ဝင်အများအပြား လက်နက်ချအလင်းဝင်လာသူ​တွေ အများအပြားရှိခဲ့တယ်လို့ အမှတ်(၂) စစ်ဒေသခွဲ ဒုတိယစစ်ဒေသခွဲမှူးရဲဘော်တင်ဦးက People’s Spring ကို​ပြောပါတယ်။

မုန်းမြို့တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဘက်က ၁၂၀ ဦးကျော်သေဆုံးပြီး​တော့ ၅၀ ဦး​ကျော်ဒဏ်ရာရသလို၊တပ်ရင်းမှူးတွေ အပါအဝင် လက်နက်ချ အညံ့ခံတဲ့သူ ၂၁ဦးရှိခဲ့ကြောင်း KNUနဲ့ အမှတ်(၂) စစ်ဒေသ ကွပ်ကဲရေးရုံးတို့က အသိပေးထုတ်ပြန်ပါတယ်။

KNLAနဲ့ တော်လှန်ရေးပူးပေါင်းတပ်က စစ်သည်တွေ ထိခိုက်ကျဆုံး တချို့ရှိခဲ့တယ်လို့ အသိပေး ခဲ့ပါတယ်။

ထူးခြားတာက မြို့သိမ်းတိုက်ပွဲ တိုက်​နေတုန်းမှာစခန်း​တွေမကျ​အောင် စစ်တပ်က စစ်သားအချို့ကို ​လေ​ကြောင်းက​နေ စစ်ကူပို့ပြီး ခမရ ၅၉၀ ​ရှေ့မှ စစ်သား​တွေက ​အောင်ပွဲခံတဲ့ပုံစံဓါတ်ပုံရိုက် သတင်းပို့ခဲ့ပါတယ် ။

အဲဒီပုံ​တွေနဲ့အတူ စစ်တပ်က စခန်း​တွေပြန်ရပြီလို့ စစ်​ကောင်စီကထုတ်ပြန် ထုတ်ပြန်ပါတယ် ။ ဒီဇင်ဘာ ၃ ရက်မှာ ဖြူးနယ်​မြေက​နေ မုန်းနယ်​မြေကို စစ်ကူလာတာက ခလရ(၈၄) ဒုတပ်ရင်းမှုး ဗိုလ်မှုးကျော်လတ်ခိုင်ဦး​ဆောင်တဲ့ စစ်သား​တွေဖြစ်ပြီး​သူတို့ကို ​တော်လှန်​ရေးအဖွဲ့​တွေက ပိတ်ဆို့တိုက်ခိုက်လို့ ​နောက်ဆုံးလက်နက်ချ အလင်းဝင်ခဲ့ကြပါတယ် ။

​စစ်ကူ​အဖြစ်​ရဟတ်ယာဥ်နဲ့ ရောက်လာပြီး နာရီပိုင်းအတွင်းမှာ ​တော်လှန်​ရေးအဖွဲ့​တွေက ပိတိဆို့တိုက်ခိုက်တာ​ကြောင့်

ခလရ(၈၄) ဒုတပ်ရင်းမှုး ဗိုလ်မှုးကျော်လတ်ခိုင်နဲ့ ဗိုလ်ကြီး(၂)ဦးအပါအဝင် အရာခံဗိုလ်၊ အကြပ်၊ စစ်သည် စုစုပေါင်း (၂၁)ဦး လက်နက်ချ အညံ့ခံခဲ့ကြတာပါ။

သူတို့အပြင် ခမရ ၅၉၀ နဲ့ ခမရ ၅၉၉ တို့ကစစ်တပ်မိသားစုဝင် ၆၀ ဦးခတ့် ကိုလည်း ကျင့်ဝတ်များနဲ့ အညီ ထိန်းသိမ်းခဲ့ကြောင်း PDF အမှတ်(၂)စစ်ဒေသခွဲက ထုတ်ပြန်ပါတယ်။

ဒါအပြင် တိုက်ပွဲအတွင်းထွက်​ပြေးတဲ့ စစ်သား​တွေ ၊စစ်​ကောင်စီတပ်မိသားစုဝင်​တွေကိုလည်း စစ်​ကောင်စီက​လေ​ကြောင်းက​နေ ပစ်ခတ်လို့ ​သေဆုံးဒဏ်ရာရတာ​တွေရှိခဲ့ပါတယ် ။ ထ့က်​ပြေးတဲ့ စစ်သားနဲ့ မိသားစု​တွေကို စစ်​ကောင်စီ​လေတပ်က ပဲ လိုက်ပစ်တာ​ကြောင့် PDF ​တွေက ကယ်​ပေးခဲ့ရတဲ့ အ​ခြေအ​နေပါ ။

မုန်းတိုက်ပွဲမှာ စစ်ကောင်စီဟာ စစ်ဘက်အရပ်ဘက် ပစ်မှတ်တွေမခွဲခြားဘဲ လေကြောင်း တိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုရှိခဲ့သလို ဒေသခံပြည်သူ ခုနှစ်သောင်း ဝန်းကျင် စစ်ဘေးရှောင်ခဲ့ကြရပါတယ်။

မုန်းမြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ဆီကသိမ်းဆည်းရရှိခဲ့တဲ့ လက်နက်ခဲယမ်း​တွေထဲမှာ လက်နက်ကြီး​တွေ၊ စက်သေနတ်​တွေ အပါအဝင် လက်နက်အများအပြားနဲ့ ခဲယမ်းများစွာ ရရှိခဲ့ပါတယ်။

ပြည်သူလူထုတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကို ဒုက္ခပေးတဲ့ စခန်းတွေကို အဓိက ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာ ဖြစ်ကြောင်း KNU ဗဟို ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလယ်စေးက မုန်းမြို့ တိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီး VOA သတင်းဌာနကို ဖြေကြားခဲ့ပါတယ်။

“ကျနော်တို့ Target ထားတဲ့စခန်းတွေပါပဲစစ်စခန်းတွေပါပဲ ။ စစ်ရေးမဟာဗျူဟာအရပြောမယ်ဆိုရင် ခန့်မှန်းရခက်တယ်။ မုန်းမြို့နယ်ကတော့ နေပြည်တော်နဲ့အတော်နီးတဲ့အခြေအနေရှိ တယ်လို့ပြောလို့ရပါတယ်၊

နောက်တခုကတော့ ဒီဘက်ထိုင်းမြန်မာနယ်စပ်ဘက်ကို သူတို့စစ်ကောင်စီတပ် တွေဖြန့်ခွဲပို့တဲ့နေရာမှာအဓိကလမ်းကြောင်းလည်းဖြစ်ပါတယ်၊

အဲဒီလောက်တော့ သူတို့အတွက်အရေးပါတယ် ကျနော်တို့အတွက်လည်း ကျနော်တို့နယ်မြေတွေကို လာပြီးစိုးမိုးတဲ့ လမ်းကြောင်းဖြစ်လို့အရေးကြီး တယ်လို့ပြောလို့ရပါတယ်” ဟုလည်း ပဒိုစောကလယ်စေးက ရှင်းပြခဲ့ပါတယ်။

မုန်းမြို့တိုက်ပွဲ KNUနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေဟာ သိမ်းပိုက်ရရှိခဲ့တဲ့ တပ်ရင်းဌာနချုပ်နဲ့ တပ်စခန်းနေရာတွေကို စစ်ရေးဗျူဟာအရ ကာလကြာရှည်စွာ နေရယူတပ်စွဲနေထိုင်တာမျိုးမပြုလုပ်ပဲ စစ်စခန်း​တွေကို ဖျက်ဆီးပြီး ပြန်လာကြတာဖြစ်ပါတယ် ။

ဒါ​ကြောင့် မြို့​ပေါ်နဲ့ မြို့အနီးကရွာ​တွေကို စစ်​ကောင်စီတပ်က ၃ ရက်နဲ့ ၃ ညတိုင် ​လေ​ကြောင်းက​နေ ဆက်တိုက် တိုက်ခိုက်ပြီး​တော့ မြို့​ပေါ်နဲ့ ရွာ​တွေမှာ တပ်ပြန်စွဲခဲ့ပါတယ် ။

မုန်းမြို့တိုက်ပွဲမှာ ​တော်လှန်​ရေးအဖွဲ့​တွေက စစ်​ရေးပစ်မှတ်​တွေကို ​ချေမှုန်းနိုင်ခဲ့သလို စစ်သားအများအပြား​သေဆုံးပြီးလက်နက်ခဲယမ်း​တွေအများအပြားသိမ်းဆည်းရရှိတာ​ကြောင့် စစ်​ရေးအရအမြတ်ထွက်ခဲ့ပါတယ် ။

တစ်ဖက်မှာ ​တော့ စစ်သား​တွေဟာ အချင်းချင်းပြန်လည်ပစ်ခတ်တာ​တွေကိုပါ ​တော်လှန်​ရေးအဖွဲ့​တွေက ပြန်လည်ကယ်တင်​ပေးရ ၊အလင်းဝင်သူအများအပြားရှိတာ​ကြောင့် နိုင်ငံ​ရေးအရလည်း အမြတ်ထွက်ပါတယ် ။

မုန်းတိုက်ပွဲမှာ လက်နက်ချလာတဲ့စစ်သား​တွေကို PDF ​ထဲကတာဝန်ရှိသူက “ ခင်ဗျားတို့ကို မသတ်ဘူး။ ကျွန်တော်တို့က စနစ်ကိုပြောင်းဖို့ အတွက် တော်လှန်နေတာ ။

ခင်ဗျားတို့ကို မုန်းလို့ ကျွန်တော်တို့က စစ်တိုက်နေတာမဟုတ်ဘူး တော်လှန်နေတာမဟုတ်ဘူး။ ဘာမှ စိတ်မပူနဲ့” လို့ စစ်သား​တွေမ​ကြောင်​အောင် ​ပြောပြပြီး ​ခေါ်ခဲ့တာကိုလည်းတိုက်ပွဲရုပ်သံမှာ​တွေ့ရပါတယ် ။

ရုပ်သံဖိုင်တစ်ခုမှာ​တော့ စစ်တပ်က​လေ​ကြောင်းက​နေ ပစ်ခတ်တာ​ကြောင့် စစ်တပ်မိသားစုဝင် က​လေးမိခင်အမျိုးသမီးတစ်ဦး​သေဆုံးသွားတဲ့အတွက် သူ့ရဲက​လေးငယ်ကို PDF ​တွေက ကယ်တင်​စောင့်​ရှောက်​ပေးခဲ့တာကိုပါ​တွေရပါတယ် ။

မုန်းတိုက်ပွဲမှာ လက်နက်ချခဲ့တဲ့ ခလရ(၈၄) ဒုတပ်ရင်းမှူး ဗိုလ်မှူးကျော်လတ်ခိုင်ကိုယ်တိုင်က လက်နက်ချသူတွေကို နွေးထွေးစွာ ကြိုဆိုပြီး ဥပဒေနဲ့အညီ ဆက်ဆံပေးတဲ့ အပေါ် ကျေးဇူးတင်ကြောင်း ပြောဆိုခဲ့ပါတယ်။

သူကိုယ်တိုင်လည်း သူရဲ့ ရဲဘော်တွေနဲ့ တပ်ဖွဲ့ဝင် မိသားစုတွေ အသက်ဆုံးရှုံးမှုမရှိစေရေးအတွက် လက်နက်ချဖို့ ဆုံးဖြတ်ခဲ့တာလို့ ဗိုလ်မှူးကျော်လတ်ခိုင်က ဝန်ခံပါတယ်။

“ဟိုဘက် ဒီဘက်ထိခိုက်ဆုံးရှုံးမှု မများအောင် ဆုံးဖြတ်နိုင်ခဲ့တဲ့အတွက်လည်း သူတို့ အနေနဲ့ ကျနော်တို့ကို နွေးနွေးထွေးထွေးကြိုဆိုပြီးတော့ လိုလေသေးမရှိအောင် ဆက်ဆံပါတယ်။

စားဝတ်နေရေးကအစ အကောင်းဆုံးဆောင်ရွက်ပေးပါတယ်။ သူတို့ဆီမှာ ရှိတဲ့ဟာနဲ့ အလုံလောက်ဆုံးဖြစ်အောင် ဆောင်ရွက်ပေးပါတယ်။ အဲဒီအတွက် ဒီလိုတရားဥပဒေနဲ့အညီ ဆက်ဆံပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်” လို့ ဗိုလ်မှူးကျော်လတ်ခိုင်က ပြောတာပါ။

အတူ လက်နက်ချခဲ့တဲ့ ခလရ (၈၄) တပ်ခွဲမှူး ဗိုလ်ကြီးအာကာစိုးကလည်း တပ်ဖွဲ့ဝင်မိသားစုတွေ ဘေးကင်းစေဖို့ ဒုတပ်ရင်းမှူးနဲ့ တိုင်ပင်လက်နက်ချခဲ့တာလို့ ပြောပါတယ်။

“ကျနော်နဲ့ အဘလေး(ဒုတပ်ရင်းမှူး)နဲ့ ဦးဆောင်ပြီး တိုင်ပင်ပြီး အကုန်လုံး အန္တရာယ်ကင်းရေးအတွက် ဆုံးဖြတ်ချက်ချလိုက်တာ။ လက်နက်ချမယ့်လမ်းကြောင်းကို ရွေးလိုက်တာ”လို့ ဗိုလ်ကြီး အာကာစိုးက ပြောပါတယ်။

တကယ်လို့သာ လက်နက်မချခဲ့ရင် ဒုတပ်ရင်းမှူးနဲ့ ဗိုလ်ကြီးအာကာစိုးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၁ဦးဟာ KNLA ပူးပေါင်းတပ်တွေရဲ့ တိုက်ခိုက်ချေမှုန်းမှုကို ခံရမှာဖြစ်ပါတယ် ။ မုန်းမြို့တိုက်ပွဲမှာ KNLA ဦး​ဆောင်တဲ့​တော်လှန်​ရေးတပ်​တွေဟာ အင်အား ၁၅၀၀ ​ကျော်နဲ့ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာလို့ KNLA ကအသိ​ပေးပါတယ်။

KNU ဟာ စစ်တပ်အာဏာသိမ်းစကတည်းက စစ်ကောင်စီကို စဉ်ဆက်မပြတ် တိုက်ခိုက်ခဲ့ပြီး သုံးနှစ်တာအတွင်း တိုက်ပွဲ တစ်သောင်းခန့်အထိ ဖော်ဆောင်ကာ စစ်ကောင်စီတပ်အင်အားသောင်းချီ ပြုန်းတီးအောင် လုပ်ဆောင်နိုင်ခဲ့တဲ့ အင်အားကြီးတိုင်းရင်းသားလက်က်ကိုင်တပ်ဖွဲ့ဖြစ်ပါတယ်။ ​

မုန်းမြို့တိုက်ပွဲအပြီးမှာ​တော့ ရွှေကျင်မြို့နယ်က စစ်ကောင်စီတပ်စခန်းအချို့ စခန်းစွန့်ခွာပြီး မြို့နဲ့နီးရာ ပူးပေါင်းသွားခဲ့ပါတယ် ။ဒါအပြင် KNLA နဲ့ ပူးပေါင်းတပ်တွေဟာ မုန်းနဲ့ နယ်မြေချင်းနီးတဲ့ ဖြူးမြို့နယ်က ရဲစခန်းတစ်ခု နဲ့ ကင်းစခန်းတစ်ခုကို ဒီဇင်ဘာ ၁၂ ရက်နဲ့ ၁၃ ရက်မှာ ဆက်လက်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြနိပါတယ်။

ဒီဇင်ဘာ ၁၃ရက် မနက်အစောမှာ တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ ဖြူးမြို့နယ် ညောင်ပင်သာရဲစခန်း နဲ့ ဒီဇင်ဘာ ၁၂ ရက်မှာတိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ ကညွတ်ကွင်းဒေသ ဘုရားငါးစု ကင်းစခန်းဟာ KNU အုပ်ချုပ်ရေးနယ်မြေ သတ်မှတ်မှုအရဆိုရင် မုန်း(မူး)မြို့နယ်အတွင်းမှာ ပါဝင်တယ်လို့ KNLA ဗဟိုဌာနချုပ်က ထုတ်ပြန်ပါတယ်။

ဖြူးမြို့ဟာ စစ်ကောင်စီရဲ့ ဗဟိုချက် နေပြည်တော်နဲ့ မိုင် ၁၀၀ လောက်သာ ဝေးပြီး ရန်ကုန် – နေပြည်တော် လမ်းရဲ့ အလယ်လောက်မှာ ရှိတဲ့ ဒေသဖြစ်ပါတယ်။ ဒါ​ကြောင့် စစ်တပ်က ​လေ​ကြောင်းက​နေအပြင်းအထန် ပစ်ကူ​ပေးခဲ့ပါတယ် ။

ဒါ​ပေမယ့် စခန်း​တွေကို​တော့ ​တော်လှန်​ရေးအဖွဲ့​တွေကသိမ်းပိုက်သွားပြန်ပါတယ် ။တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၇ဦးသေဆုံးပြီးလက်နက် ၂၀လက်နီးပါးနဲ့ ခဲယမ်းများစွာ သိမ်းဆည်း ရရှိခဲ့တယ်လို့ KNU က​ရော ၊ NUG ကာကွယ်​ရေးဝန်ကြီးဌာနက​ရောထုတ်ပြန်ထားပါတယ် ။

မုန်းမြို့ နဲ့ ဖြူမြို့နယ်က စခန်းသိမ်းတိုက်ပွဲ​တွေဟာ ​နေပြည်​တော်နဲ့​ရော ရန်ကုန်နဲ့ပါ ပိုနီးလာတာ​ကြောင့် စစ်​ကောင်စီ အ​တော်​လေး ပြာယာခတ်ထိတ်လန့်ခဲ့ပါတယ် ။

ဒါအပြင် KNLAနဲ့ ပူးပေါင်းပြီး မုန်းဒေသ စစ်ဆင်ရေးလုပ်ဆောင်ခဲ့တဲ့ တောင်ပိုင်းတိုင်း စစ်ဒေသ အမှတ် (၂) စစ်ဒေသကွပ်ကဲရေးရုံးကတော့ စစ်တောင်းမြစ်ဝှမ်းဒေသတစ်ခုလုံးကို စစ်ဆင်ရေး တိုးမြှင့်ဆောင်ရွက်မယ်လို့လည်း ကြေညာထားပါတယ်။

စစ်ကောင်စီ တပ်သားတွေနဲ့ စစ်ကောင်စီယန္တရား လည်ပတ်စေဖို့ ဆောင်ရွက်နေသူများ အားလုံး ပြည်သူ့ဘက်သို့ ရပ်တည် ပူးပေါင်းကြဖို့ တိုက်တွန်းထားသလို၊ ပြည်သူတွေအနေနဲ့လည်း ဘေးအန္တရာယ် ကင်းဝေးစေရေး ကြိုတင်ပြင်ဆင်ထားကြဖို့ တိုက်တွန်းထားပါတယ် ။


Comments

Leave a Reply

Your email address will not be published. Required fields are marked *