ကရင်နီတွင် စစ်ကောင်စီတပ်များအနေဖြင့် “ချေမှုန်းခံမလား၊ လက်နက်ချမလား။ ကြိုက်တဲ့လမ်းရွေး။ ချေမှုန်းခံမယ်ဆိုရင် ရယ်ဒီလုပ်ထားပါ” ဟု KNDF ဒုစစ်ဦးစီးချုပ် မာဝီ သတိပေး

ကရင်နီပြည်နယ်တွင် စစ်ကောင်စီတပ်များအနေဖြင့် “ချေမှုန်းခံမလား၊ လက် နက်ချမလား။ ကြိုက်တဲ့လမ်းရွေး။ ချေမှုန်းခံမယ်ဆိုရင် ရယ်ဒီလုပ်ထားပါ” ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ် – KNDF ဒုစစ်ဦးစီးချုပ် မာဝီ သတိပေး ပြောဆိုလိုက်သည်။

ယနေ့ ဒီဇင်ဘာလ ၂၂ ရက်နေ့ ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတစ်ဆင့် သတိ ပေးချက် ဗီဒီယိုထုတ်ပြန်၍ အထက်ပါအတိုင်း KNDF ဒုစစ်ဦးစီးချုပ် မာဝီက စစ်ကောင်စီတပ်များကို သတိပေးလိုက်ခြင်းဖြစ်သည်။

“လူထုနဲ့ပူးပေါင်းပြီးတော့ လက်နက်ချမလား၊ ချေမှုန်းခံမလား၊ လမ်း ၂ လမ်းရှိတယ်။ ကြိုက်တဲ့လမ်းရွေး။ နောက်တစ်လှိုင်းထပ်လာမယ်။ ချေမှုန်းခံမယ်ဆိုရင် ရယ်ဒီလုပ်ထားပါ ” ဟု မာဝီက သတိပေးသည်။

KNDF ဒုစစ်ဦးစီးချုပ် မာဝီ၏ ဗီဒီယိုတွင် မာဝီ အပါအဝင် KNDF ရဲဘော်များက စက်သေနတ်များ၊ ငါးကြင်းမြီး ဟုခေါ်ဆိုသည့် MG 3 သေနတ်များကို ကျည်အပြည့်အစုံဖြင့် ကိုင်ဆောင်ထားကြသည်ကို မြင်တွေ့ရသည်။

ကရင်နီမှာရှိတဲ့ စစ်တပ် ရဲတပ်

လမ် း၂ လမ်းရှိတယ်

– လူထုနဲ့ပူးပေါင်းပြီးတော့ လက်နက်ချမလား?

– ချေမှုန်းခံမလား?

ကြိုက်တဲ့လမ်းရွေး….

နောက်တစ်လှိုင်း ထပ်လာမယ်

ချေမှုန်းခံမယ်ဆိုရင်တော့ READY လုပ်ထားပါ..။

မာဝီ

KNDF ဒုစစ်ဦးစီးချုပ်


Comments

Leave a Reply

Your email address will not be published. Required fields are marked *