ပခုက္ကူမြို့နယ်ဘက်သို့ စစ်ကြောင်းထိုးလာသည့် စစ်တပ်ကို ဒရုန်းဖြင့် ဗုံးသီး ၁၈ လုံး ကျဲချမှု စစ်သား ၃ ဦး ဒဏ်ရာအပြင်းအထန်ရ (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ဘက်သို့ စစ်ကြောင်းထိုးလာသည့် စစ်သားများကို ဒရုန်းဖြင့် ဗုံးသီး ၁၈ လုံး ကျဲချ တိုက်ခိုက်ရာ စစ်သား ၃ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း မြိုင်ပကဖ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

ဒီဇင်ဘာ ၂၁ ရက်နေ့ နံနက် ၆ နာရီခန့်အချိန် တွင်းမပျူစောထီးရွာမှ ထွက်လာသည့် အင်အား ၈၀ ကျော်ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်း ပခုက္ကူမြို့နယ် ညောင်ဂျစ်ပင်ကျေးရွာ အရောက်တွင် တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် အီနာဂါ ဗုံးသီး ၁၈ လုံးခန့် ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုတိုက်ခိုက်မှုအတွင်း စစ်သား ၃ ဦး ပြင်းထန်စွာ ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး ယင်းခြေလျင် စစ်ကြောင်းကို ယင်းနေ့ နံနက် ၈ နာရီ မှ ညနေ ၅ နာရီ ကျော်အထိ တော်လှန်ရေး တပ်ဖွဲ့များက လိုက်လံ တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ထိခိုက် ဒဏ်ရာရရှိမှု များနိုင်ကြောင်း၊ ဒဏ်ရာရ စစ်သား အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မြိုင် ပကဖ နှင့် ပခုက္ကူခရိုင် တပ်ရင်း ၁၀ ၊ DMG ဓါးမင်းကြီးအဖွဲ့ ၊ Black Cobra နှင့် Pku Thurain အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *