မန္တလေး၊ နန်းတွင်းရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၆ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှု တိုင်းမှူး၊ ဒုတိုင်းမှူး နေအိမ်နှင့် အမျိုးသမီး စစ်သည်အဆောင်ကို ထိမှန်ပြီး စစ်တပ်ဘက်မှ ရာထူးကြီးအဆင့် ၁ ဦးသေဆုံး

မန္တလေးမြို့၊ နန်းတွင်းရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၆ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ရာ တိုင်းမှူး၊ ဒုတိုင်းမှူး နေအိမ်များနှင့် စစ်သည်အမျိုးသမီးအဆောင်ကို ထိမှန်ပြီး စစ်တပ်ဘက်မှ ရာထူးကြီး အဆင့် ၁ ဦးသေဆုံးကြောင်း Brave Warriors for Myanmar (BWM) က နောက်ဆက်တွဲအဖြစ် သတင်းထုတ်ပြန်သည်။

ဒီဇင်ဘာလ ၂၁ ရက်နေ့ နံနက် ၂ နာရီကျော်အချိန် မန္တလေး၊ နန်းတွင်းထဲရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ထဲသို့ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခဲ့ခြင်းကြောင်း၊ မြို့ပြ အထူးစစ်ဆင်ရေး Urban Special Operation (U.S.O) ကမူ မန္တလေး၊ နန်းတွင်းထဲတွင် တပ်စွဲထားသော စစ်တပ်ကို တာဝေးပစ် ၁၀၇ မမ ဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ ယင်းမစ်ရှင်ကို Brave Warriors For Myanmar (BWM) ၏ ကူညီပံ့ပိုးမှုဖြင့် No More Dictatorship(NMD-PDF) ၊ Security & Special Task Force(SSTF-MDY) နှင့် ပြင်ဦးလွင်ခရိုင် ပကဖတို့က ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၏ အဆောင်သို့ထိမှန်ပေါက်ကွဲခဲ့မှုကြောင့် အာဏာသိမ်းစစ်ကောင်စီဘက်မှ ရာထူးကြီး တစ်ဦး သေဆုံးခဲ့ပြီး ၊ သေဆုံးသူအမည်နှင့်ရာထူးကို စုံစမ်းနေဆဲဖြစ်ကြောင်း၊ အမျိုးသမီး စစ်သည်အဆောင်သို့ထိမှန် ပေါက်ကွဲမှု ဒဏ် ကြောင့် အဆိုပါအဆောက်အဦးနှင့် စစ်သည်အချို့ ထိခိုက်မှု များ ရှိခဲ့ကြောင်း၊ အခြားဒဏ်ရာရရှိသူများ အများအပြားလည်း ရှိကြောင်း Brave Warriors for Myanmar (BWM) ကဆိုသည်။

ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်မှုတွင်ပါဝင်ခဲ့သော တော်လှန်ရေးအဖွဲ့တစ်ခုကမူ ရှော့တိုက်ဒုံးများသည် အဆင့်မြှင့်ထားသည့် ဒုံးများဖြစ်၍ ပစ်မှတ်ထိမှန်မှုနှင့်ပေါက်ကွဲမှုအား မြင့်မားနိုင်ကြောင်း ပြောဆိုသည်။

စစ်ကောင်စီက ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခံရသည့်အတွက် ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်ခန့် ရှော့ဒုံးပစ်သည်ဟု ၎င်းတို့ယူဆသော နေရာရှိ နီးစပ်ရာ ရွာများသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား၂၀၀ ခန့်ဖြင့်ဝင်ရောက်လာပြီး ပြည်သူများနှင့် ကျောင်းသားလေးများကို တစ်အိမ်ဆင်းတစ်အိမ်တက်အဓမ္မစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

နောက်ဆက်တွဲသတင်းထုတ်ပြန်ကြေညာချက်

၁။ Brave Warriors for Myanmar (BWM) အဖွဲ့၏ စီမံမှုဖြင့် မြို့ပြအထူးစစ်ဆင်ရေး (U.S.O) အောက်ရှိ မဟာမိတ်အဖွဲ့တို့ပူးပေါင်း၍ မန္တလေး နန်းတွင်းရှိ စစ်ကောင်စီအလယ်ပိုင်းတိုင်းစစ်ဌာနချုပ်အား ၁၀၇ မမ ရှော့တိုက်ဒုံး ၆ လုံး ပစ်ခတ် တိုက်ခိုက်ခဲ့ရာ လပခ တိုင်းမှူးနှင့်ဒုတိုင်းမှူး နေထိုင်ရာအဆောင် နှင့် အမျိုးသမီးစစ်သည်များ နေထိုင်ရာ အဆောင်သို့တိုက်ရိုက်ထိမှန်ပေါက်ကွဲခဲ့ကြောင်းစုံစမ်းသိရှိရပါသည်။

၂။ လပခတိုင်းမှူးအဆောင်သို့ထိမှန်ပေါက်ကွဲခဲ့မှုဒဏ်ကြောင့် အာဏာသိမ်းစစ်ကောင်စီ၏ အကောင်ကြီး တစ်ကောင် ဘဝကူးသွားခဲ့ကြောင်းနှင့်အခြားဒဏ်ရာရသူအများအပြားရှိခဲ့ကြောင်း၊ ဘဝကူးသွားသူ၏ အမည်နှင့်ရာထူးအားစုံစမ်းဆဲဖြစ်ကြောင်း၊ အမျိုးသမီး စစ်သည်အဆောင်သို့ထိမှန် ပေါက်ကွဲမှု ဒဏ် ကြောင့် အဆိုပါအဆောက်အဦးနှင့် စစ်သည်အချို့ ထိခိုက်မှု များ ရှိခဲ့ကြောင်း ထပ်မံ စုံစမ်းသိရှိရပါသည်။

၃။ ယနေ့ မွန်းလွဲ ၃ နာရီခအချိန်န့်တွင် ရှော့ဒုံးပစ်သည်ဟု၎င်းတို့ယူဆသော နေရာရှိ နီးစပ်ရာ ရွာများသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား၂၀၀ ခန့်ဖြင့်ဝင်ရောက်လာပြီး ပြည်သူများနှင့် ကျောင်းသားလေးများကို တစ်အိမ်ဆင်းတစ်အိမ်တက်အဓမ္မစစ်ဆေးနေကြောင်းထပ်မံသိရှိပါသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *