ဘုံဇုံးစခန်းသိမ်း တိုက်ပွဲတွင် စစ်တပ်ဘက်မှ ၈ ဦး သေဆုံးပြီး ၆ ဦးအရှင်မိ

ဟားခါးမြို့နယ်၊ ဘုံဇုံးစခန်းသိမ်း တိုက်ပွဲတွင် စစ်တပ်ဘက်မှ ၈ ဦး သေဆုံးပြီး ၆ ဦးအရှင်မိကာ လက်နက် ၃၂ လက်ရရှိ၊ စခန်းစွန့်ခွာ ထွက်ပြေးသည့် စစ်သားများကို လိုက်လံ တိုက်ခိုက်မှု ၂ ဦးသေဆုံး

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်နှင့် ဂန့်ဂေါမြို့နယ်ကြားရှိ ဘုံဇုံးကျေးရွာ စစ်ကောင်စီတပ်စခန်း သိမ်း ပိုက်မှုအတွင်း စစ်ကောင်စီတပ်သား ၁၀ ဦးသေဆုံးပြီး ဗိုလ်ကြီးတစ်ဦးအပါအဝင် ၆ ဦးအရှင် ဖမ်းမိ ကာ လက်နက် ၃၂ လက်သိမ်းပိုက်ရရှိခဲ့ကြောင်း CDF – HaKha က တရားဝင်ထုတ်ပြန်သည်။

ဒီဇင်ဘာလ ၁၇ ရက် ညနေ ၆နာရီမှစ၍ ဘုံဇုံးစခန်းအတွင်းသို့ ဒရုန်းဖြင့် ဗုံးစချခဲ့ကာ ဒီဇင်ဘာလ ၁၈ ရက် နံနက် ၉ နာရီခွဲခန့်အထိ ဗုံသီး အလုံးရေ ၂၇၀ ကျော်ရှိခဲ့ပြီး စခန်းအတွင်းဝင်ရောက်သိမ်းပိုက်ခဲ့ ရာ နံနက် ၁၀ နာရီခွဲခန့်တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် လေကြောင်းမှ ၄ ကြိမ်ဗုံးကျဲတိုက်ခိုက်ခဲ့သော်လည်း ၄ ကြိမ်သာပေါက်ကွဲခဲ့ပြီး ထိ ခိုက်မှုမရှိခဲ့ကြောင်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီ၏ ဘုံဇုံးစခန်းသည် ဟားခါးမြို့နယ်နှင့် ဂန့်ဂေါကြားရှိ ဘုံဇုံးကျေးရွာထိပ်၊ နေရာ ၄ နေရာ၌ တပ်စွဲထားကာ တက်သိမ်းရန် ခက်ခဲသည့် စခန်းတစ်ခုဖြစ်သော်လည်း လျှင်မြန် စွာသိမ်းပိုက်နိုင်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်သား ၈ ဦး သေဆုံးပြီး ဗိုလ်ကြီးတစ်ဦး အပါအဝင် ၆ ဦး ဖမ်းမိခဲ့ကြောင်း၊ ယင်းစခန်းမှ ထွက်ပြေးသော အကြမ်းဖက်စစ်ကောင်စီ တပ်သား ၁၇ ဦးကို ဂန့်ဂေါ မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက တိုက်ခိုက်ခဲ့ရာ ၂ ဦးသေဆုံး ပြီး ၅ ဦးအပြင်း အထန် ဒဏ်ရာ ရရှိကာ ဆေးရုံတင်ကုသထားရကြောင်း သိရသည်။

ဘုံဇုံးစခန်းသိမ်းတိုက်ပွဲတွင် 60 mm 2 လက်၊ G3 -10 လက်၊ M16 -1 လက်၊ Shortgun -1 လက် ၊ MA3 -2 လက်၊ MA4 -1 လက်၊ MA1 -1 လက် ၊ Uzi -6 လက်၊ MA2 -1 လက် ၊ G4 -2 လက်၊ Revolver 4 လက်၊ Pistol 1 လက် နှင့် ခဲယမ်းအမြောက်အများကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

အလားတူ ဒီဇင်ဘာလ ၁၈ ရက်နေ့၌ ဟားခါးမြို့ပေါ်ရှိ စစ်ကောင်စီတပ်စွဲထားရာ နေရာ ၂ ခုကို Operation Archuangtlang အမည်ဖြင့် တိုက်ပွဲ ဖော်ဆောင်ခဲ့ရာ စစ်ကောင်စီတပ်သား ၁ ဦးသေ ဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုများကို Chinland Defense Force – Hakha ၊ Chin Natonal Army ၊ Chinland Defense Force – Thlangtlang နှင့် Chinland Defense Force – KKG တို့ ပူးပေါင်းကာ Operation Archuangtlang အဖြစ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဘုံဇုံးစခန်းသိမ်းတိုက်ပွဲ၌ Chinland Defense Force – Hakha မှ ရဲဘော် Salai Van Tha Ceu နှင့် Salai Ram Bawi Lian တို့ တိုင်းပြည်နှင့် လူမျိုးအ တွက်အသက်ပေးလှူခဲ့ရကြောင်း သိရသည်။

တိုက်ပွဲသတင်း‌ထုတ်ပြန်ချက်

ထုတ်ပြန်ချက်အမှတ် (၅/၂၀၂၃)

၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ (၂၂)ရက်

၁။ Chinland Defense Force – Hakha, Chin Natonal Army, Chinland Defense Force – Thlangtlang le Chinland Defense Force – KKG တို့ ပူးပေါင်းပြီး ဘုံဇုံးစခန်းသိမ်းတိုက်ပွဲ Operation Archuangtlang ကို ၂၀၂၃ခုနစ်၊ ဒီဇင်ဘာလ ၁၇-၁၈ရက်နေ့တို့တွင် ဆင်နွှဲခဲ့သည်။

၂။ ဘုံဇုံးစခန်းသည် ဟားခါးနဲ့ ဂန့်ဂေါကြားရှိ ဘုံဇုံးကျေးရွာထိပ်၊ နေရာလေးနေရာတွင် စခန်းချထားသောကြောင့် တက်သိမ်းဖို့ ခက်ခဲသော စခန်းလည်းဖြစ်သည်။

၃။ ၂၀၂၃ခုနစ်၊ ဒီဇင်ဘာလ ၁၇ရက်နေ့ ညနေ ၆နာရီမှ ဒရုန်းနဲ့ ဗုံးစချကာ ဗုံး ၂၇၀လုံးကျော် ချပြီး ၂၀၂၃ခုနစ်၊ ဒီဇင်ဘာလ ၁၈ရက်နေ့ နံနက် ၉း၃၀တွင် စခန်းအတွင်းသို့ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ နံနက် ၁၀း၃၀တွင် ဘုံဇုံးစခန်းအား အပြီးပိုင် သိမ်းပိုက်ခဲ့ပြီးဖြစ်သည်။ ဂျက်ဖြင့် လေးကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့သော် ထိခိုက်မှု မရှိသည့်အပြင် သုံးကြိမ်သာ ပေါက်ကွဲခဲ့သည်။

၄။ ၂၀၂၃ခုနစ်၊ ဒီဇင်ဘာလ ၁၈ရက်နေ့၌ ဟားခါးမြို့ပေါ်ရှိ နေရာနှစ်နေရာတွင်လည်း Operation Archuangtlang အမည်ဖြင့် တိုက်ပွဲ ဖော်ဆောင်ခဲ့ပါသည်။

၅။ ဘုံဇုံးစခန်းသိမ်းတိုက်ပွဲတွင် စစ်ခွေး ၈ ဦး သေဆုံးပြီး၊ ဗိုလ်ကြီး အပါအဝင် ၆ ဦး ဖမ်းမိခဲ့ပါသည်။ စခန်းမှ ထွက်ပြေးသော စစ်ခွေး ၁၇ဦးသည် ၂၀၂၃ခုနစ်၊ ဒီဇင်ဘာလ ၂၀ရက်နေ့၌ ဂန့်ဂေါစခန်းတွင် ရောက်ရှိခဲ့သော်လည်း ၂ဦး သေဆုံးပြီး ၅ဦး ဆေးရုံပေါ်တင်ခဲ့သည်။ ဟားခါးမြို့ပေါ် တိုက်ပွဲတွင်လည်း စစ်ခွေး ၁ဦး သေဆုံးခဲ့သည်။

၆။ Operation Archuangtlang ဘုံဇုံးစခန်းသိမ်းတိုက်ပွဲတွင် Chinland Defense Force – Hakha မှ ရဲဘော် Salai Van Tha Ceu နှင့် Salai Ram Bawi Lian တို့မှ တိုင်းပြည်နှင့် လူမျိုးအတွက် အသက်ပေးလှူခဲ့ပါသည်။

၇။ ဘုံဇုံးစခန်းသိမ်းတိုက်ပွဲတွင် 60mm 2 လက်, G3 -10 လက်, M16 -1 လက်, Shortgun -1 လက်, MA3 -2 လက်, MA4 -1 လက်, MA1 -1 လက်, Uzi -6 လက်, MA2 -1 လက်, G4 -2 လက်, Revolver 4 လက်, Pistol 1 လက် နှင့် ခဲယမ်းအမြောက်အများကိုလည်း သိမ်းဆည်းခဲ့ပါသည်။

၈။ ပြည်သူများ၏ အားပေးထောက်ခံမှုနှင့် စည်းစည်းလုံးလုံး ပူးပေါင်းဆောင်ရွက်မှုတို့ကြောင့် အောင်မြင်မှု ရရှိသည့်အတွက် စည်းလုံးစွာ ရှေ့သို့ ဆက်လက်ချီတက်ကြပါစို့။

ချင်းကာကွယ်ရေးတပ်၊ ဟားခါး


Comments

Leave a Reply

Your email address will not be published. Required fields are marked *