အရာတော်နယ် နောင်ကြီးအိုင်ရဲစခန်းက စစ်အုပ်စု စခန်းစွန့်ခွာ ထွက်ပြေး၊

စစ်အာဏာသိမ်းချိန်က စလို့ ပြည်သူကို နည်းမျိုးစုံနဲ့ ဒုက္ခပေးခဲ့ပြီး နယ်မြေ မစိုးမိုးနိုင်တော့ချိန် ထွက်ပြေးတာဖြစ်၊

စစ်ကိုင်းတိုင်း အရာတော်မြို့နယ် မြောက်ပိုင်း နောင်ကြီးအိုင်ရွာ ရဲစခန်းက စစ်အုပ်စု ဒီဇင်ဘာ(၂၀)ရက်က စခန်း စွန့်ခွာ ထွက်ပြေးသွားတယ်လို့ ဒေသကာကွယ်ရေး အဖွဲ့တွေက ပြောပါတယ်။

နောင်ကြီးအိုင် ရဲစခန်းမှာ စစ်အုပ်စု အင်အား(၃၀)၀န်းကျင်ရှိပြီး ပြီးခဲ့တဲ့ ရက်ပိုင်းက အရာတော်ကနေ ထောက်ပို့စစ်ကြောင်းတစ်ခု လာရောက်ကာ နောင်ကြီးအိုင်ရဲစခန်းက စစ်အုပ်စုကို ပြန်ခေါ်ထုတ်သွားတာလို့ ဆိုပါတယ်။

“စခန်းစွန့်သွားတာ ဟုတ်တယ်ဗျ။ သူတို့ ထောက်ပို့လာတဲ့ စစ်ကြောင်းနဲ့ ပြန်ပါသွားတာ ထင်တယ်ဗျ။ ဒီဇင်ဘာ (၂၀)ရက်လောက်က ပြန်လိုက်သွားတာ ထင်တယ်။ အခု လောလောဆယ် နောင်ကြီးအိုင်စခန်းမှာ စခ တွေ မရှိတော့ဘူး”လို့ အရာတော်နယ် ဒေသကာကွယ်ရေး အဖွဲ့၀င်တစ်ဦးက ပြောပါတယ်။

အရာတော်နယ် မြောက်ပိုင်းကို တော်လှန်ရေး တပ်တွေက နယ်မြေစိုးမိုးထိန်းချုပ်နိုင်ချိန် အဲ့ဒီ နောင်ကြီးအိုင် ရဲစခန်းထဲက စစ်အုပ်စုကို ရိက္ခာဖြတ်တောက် ပိတ်ဆို့ခဲ့ရာ စစ်အုပ်စု ရိက္ခာပြတ်ပြီး ငတ်လာလို့ အလင်းဝင်ဖို့ အထိပါ ချိတ်ဆက်တာတွေ ရှိခဲ့ပေမယ့် ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း အရာတော်ကနေ စစ်ကြောင်းတစ်ကြောင်း ဝင်လာကာ လာခေါ်ထုတ်သွားတယ်လို့ ဆိုပါတယ်။

နောင်ကြီးရဲစခန်းက ထွက်ပြေးတဲ့ စစ်အုပ်စုဟာ ဒေသခံပြည်သူ (၁၀)ဦးကျော်ကိုပါ ဖမ်းဆီးပြီး ဓားစာခံ လူသားဒိုင်းကာအဖြစ် အသုံးချခဲ့တယ်လို့ မြေပြင် သတင်းရင်းမြစ်က ပြောပါတယ်။

“(၂၀)ရက်နေ့က ခွေးတွေ စခန်းစွန့်သွားတယ်။ ဒီနေ့ (၂၃)ရက်မှာ PDF တွေ ဝင်ရောက် ရှင်းလင်းတယ်။ အဆောက်အဦးတွေကို မီးရှို့ ဖျက်ဆီးလိုက်တယ်။ ခွေးတွေကတော့ ဓားစာခံတွေခေါ်ပြီး စခန်းစွန့်သွားတာ” လို့ မြေပြင် သတင်းရင်းမြစ်က ပြောပါတယ်။

နောင်ကြီးအိုင် ရဲစခန်းကနေ အရာတော်မြို့ဘက် ဆုတ်ခွာထွက်ပြေးလာတဲ့ စစ်အုပ်စုကို ဒီဇင်ဘာ(၂၀)ရက် ညနေပိုင်းက မကျီးကန်ရွာအနီး တော်လှန်ရေးတပ်တွေက စောင်ကြို တိုက်ခိုက်ရာ စစ်အုပ်စု (၁၀)ယောက် ဝန်းကျင် သေပြီး အနောက်မြောက်တိုင်း စစ်ဌာနချုပ် – နမခ (မုံရွာ)ကနေ စစ်အုပ်စုက ရဟတ်ယာဉ်နဲ့ နှစ်ကြိမ် လေကြောင်းပစ်ကူ ပေးခဲ့တယ်လို့ မြေပြင်တိုက်ပွဲဝင် ရဲဘော်တွေကလည်း ပြောပါတယ်။

အဲ့ဒီ တိုက်ပွဲဖြစ်စဉ်အတွင်း စစ်အုပ်စုက ဖမ်းခေါ်လာတဲ့ ပြည်သူတွေကို လူသားဒိုင်းကာအဖြစ် ရှေ့ကနေခိုင်းလို့ ဆည်ကြီးကျေးရွာက ဖမ်းဆီးခံပြည်သူ တစ်ဦး ဦးခေါင်းကျည်ထိမှန်ကာ သေဆုံးပြီး စစ်အုပ်စုက အလောင်းကို စွန့်ပစ်ထားခဲ့တယ်လို့ ဆိုပါတယ်။ ဒီဇင်ဘာ(၂၀)ရက် ညသန်းခေါင်ကျော် စစ်အုပ်စုတွေ အရာတော်မြို့ကို ပြန်ရောက်ချိန် တခြား ဖမ်းဆီးခံ ပြည်သူတွေကိုတော့ ပြန်လွှတ်ပေးတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

အဲ့ဒီ နောင်ကြီးအိုင်ရွာ ရဲစခန်းထဲက စစ်အုပ်စုဟာ စစ်အာဏာသိမ်းပြီးနောက် လက်နက်အားကိုးနဲ့ ပြည်သူကို ထင်တိုင်းကျဲ အနိုင်ကျင့် သောင်းကျန်းခဲ့ပြီး နောင်ကြီးအိုင်ရွာ အပါအဝင် အနီးဝန်းကျင် ရွာတွေကို စီးနင်းလုယက်တာ၊ လူသတ်တာ၊ မီးရှို့တာ၊ ရဲစခန်းရှေ့ လမ်းပေါ်မှာ ဂိတ်ဖွင့်ပြီး ပြည်သူကို ဖမ်းဆီးငွေညှစ်တာ၊ အမျိုးသမီးတွေကို ဖမ်းဆီးငွေညှစ်ရုံမက လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်စော်ကားတာ၊ ခိုးရာပါ ပစ္စည်းတွေနဲ့ မူးရူး သောက်စားပြီး ညစဉ်ညတိုင်း သန်ခေါင်တိုင်သည် အထိ အသံချဲ့စက်နဲ့ သီချင်းဆိုတာတွေ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။

နောင်ကြီးအိုင်ရွာ ရဲစခန်းထဲက စစ်အုပ်စုဟာ စစ်အာဏာသိမ်းပြီးနောက် လက်နက်အားကိုးနဲ့ ပြည်သူကို ထင်တိုင်းကျဲ အနိုင်ကျင့် သောင်းကျန်းခဲ့ပြီး နောင်ကြီးအိုင်ရွာ အပါအဝင် အနီးဝန်းကျင် ရွာတွေကို စီးနင်းလုယက်တာ၊ လူသတ်တာ၊ မီးရှို့တာ၊ ရဲစခန်းရှေ့ လမ်းပေါ်မှာ ဂိတ်ဖွင့်ပြီး ပြည်သူကို ဖမ်းဆီးငွေညှစ်တာ၊ အမျိုးသမီးတွေကို ဖမ်းဆီးငွေညှစ်ရုံမက လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်စော်ကားတာ၊ ခိုးရာပါ ပစ္စည်းတွေနဲ့ မူးရူး သောက်စားပြီး ညစဉ်ညတိုင်း သန်ခေါင်တိုင်သည် အထိ အသံချဲ့စက်နဲ့ သီချင်းဆိုတာတွေ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။

အရာတော်နယ် နောင်ကြီးအိုင်ရွာ ရဲစခန်းက စစ်အုပ်စု စခန်းစွန့်ခွာ ထွက်ပြေးလို့ တော်လှန်ရေးတပ်တွေက ဝင်ရောက် ရှင်းလင်းနေစဉ်/Photo – ပေးပို့


Comments

Leave a Reply

Your email address will not be published. Required fields are marked *