စစ်တပ် တပ်စွဲထားသော ရန်ကုန်နည်းပညာတက္ကသိုလ်တွင် စစ်တပ်အတွက် အလုပ်လုပ်နေသူ Non-CDM ဝန်ထမ်း မင်းသိန်းကို လုံခြုံရေးဝန်ထမ်းက သတ်ဖြတ်

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်ရှိ စစ်တပ် တပ်စွဲထားသော ရန်ကုန်နည်းပညာတက္ကသိုလ်တွင် Non-CDM ဝန်ထမ်းအချင်းချင်း လူသတ်မှုဖြစ်ပွားကြောင်း ရဲသတင်းရင်းမြစ်နှင့် အဆိုပါဝင်းအတွင်း နေထိုင်သူများထံမှ သိရှိရသည်။

ဒီဇင်ဘာ ၂၀ ရက်နေ့တွင် ကျောင်းသားရေးရာဌာနမှ Non-CDM ဝန်ထမ်း မင်းသိန်းကို တက္ကသိုလ်၀င်း အိမ်ရာ လမ်းမပေါ်တွင် မျက်နှာပေါက်ပြဲ၊ မျက်လုံးတစ်ဖက် မရှိတော့ အနေအထားဖြင့် သေဆုံးနေသည်ကို တွေ့ရှိရကြောင်း၊ ဖြစ်စဉ်ကို ရဲနှင့်စစ်တပ်က စုံစမ်းစစ်ဆေးရာ အရက်သောက်ရာမှ Non-CDM ဝန်ထမ်းအချင်းချင်း အရက်မူး စကားများ၍ သတ်ဖြတ်ခြင်းဖြစ်ကြောင်း သိရှိရသည်။

ရန်ကုန်နည်းပညာတက္ကသိုလ်၏ လုံခြုံရေး Non CDM ၀ငျးထိုကျနှင့ျ တူဖြစ်သူ ရဲဝင်းထက်တို့သည် မင်းသိန်းနှင့်အတူ အရက်သောက်ကြရာမှ စကားများပြီး ဝင်းထိုက်နှင့်တူဖြစ်သူ ရဲဝင်းထက်တို့က မင်းသိန်းကို သတ်ဖြတ်လိုက်ကြောင်း၊ ဝင်းထိုက်ကို ရဲက ဖမ်းဆီးလိုက်ပြီး ပူးတွဲတရားခံမှာ ရဲဝင်းထက်မှာ လွတ် မြောက် တိမ်းရှောင်သွားကြောင်း သိရှိရသည်။

သေဆုံးသူ မင်းသိန်းက စစ်တပ်အတွက် သတင်းပေးအဖြစ် အလုပ်လုပ်နေသူဖြစ်ပြီး မင်းသိန်း၏ ဇနီးမှာလည်း ကျောင်းသားရေးရာဌာနတွင် Non-CDM ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်ကြောင်းသိရှိရသည်။

လူသတ် တရားခံ Non-CDM ဝန်ထမ်း ၀ငျးထိုကျသညျ ၂၀၂၁ ခုနှစ် စစ်အာ ဏာ သိမ်းချိန် ဆန္ဒပြ ကျောင်းသားများနှင့် CDM ကျောင်း သားများကို ဆဲဆိုနှင်ထုတ်ခဲ့သူဖြစ်ကြောင်း သိရှိရသည်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top