စစ်တောင်းမြစ်အနောက်ဘက်ကမ်းရှိ PDF စစ်ကြောင်းများထံသို့ NUG ဝန်ကြီး ဦးလွင်ကိုလတ် သွားရောက်

ပဲခူးတိုင်းအတွင်းရှိ စစ်တောင်းမြစ်အနောက်ဘက်ကမ်းရှိ PDF စစ်ကြောင်းများထံသို့ NUG ဝန်ကြီး ဦးလွင်ကိုလတ် သွားရောက်ကြောင်း NUG ၏ သတင်းမီဒီယာ PVTV က တရားဝင် သတင်းထုတ်ပြန်သည်။

စစ်တောင်းမြစ်အနောက်ကမ်း ရှိ PDF စစ်ကြောင်းများနှင့် စစ်မြေပြင်သို့ အမျိုးသားညီညွတ်ရေးအစိုးရ ၊ ပြည်ထဲရေးနှင့်လူဝန်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ၊ ပြည်သူ့လုံခြုံရေးနှင့်ကာကွယ်ရေးကောင်စီ အဖွဲဝင် ဦးလွင်ကိုလတ် သွားရောက်တွေ့ဆုံခဲ့ကြောင်း၊ တွေ့ဆုံရာတွင် ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်၏ အမှာစကား နှင့် လမ်းညွှန်မှုများကို စစ်ကြောင်းမှူးနှင့် ရဲဘော်များကို ပြောကြားခဲ့ကြောင်း သိရှိရသည်။

ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ် က “ယခုလို့ စစ်ဆင်ရေးဖော်ဆောင်နိုင်မှုတွေနဲ့ တိုးတက်မှုတွေဟာ မဟာမိတ် KNLA ရဲ့ ဦးဆောင်ကွပ်ကဲမှုနဲ့ မိမိတို့ PDF စစ်ကြောင်းများရဲ့အမိန့်နာခံမှု တိုက်စွမ်းရည်ပြည့်ဝမှုတို့ ကြောင့်အဓိကဖြစ်ကြောင်းနဲ့ မဟာမိတ်ဆက်ဆံရေးက အကြမ်းဖက် စစ်ကောင်စီအပြီးသတ်ချေမှုန်းရေးအတွက် အဓိကကျတဲ့ အောင်နိုင်ရေးသော့ချက်ဖြစ်သလို ဖက်ဒရယ်နိုင်ငံတည်ဆောက်ရေးအတွက်လည်း အရေးကြီးကြောင်း ၊ ဒါကြောင့် မဟာမိတ်ဆက်ဆံရေး ပိုမိုကောင်းမွန်လာရေးဟာ တော်လှန်ရေးအောင်မြင်မှုနဲ့ တိုက်ရိုက်အချိုးကြတဲ့အတွက် တာဝန်ရှိ ခေါင်းဆောင်တွေကြားထဲမှာတင်မကဘဲ ကွပ်ကဲရေးမူးများကြား ရဲဘော်များအကြားမှာပါ အချင်းချင်း ယုံကြည်မှုတွေတိုးတက်နေအောင် ဆောင်ရွက်ကြဖို့လိုကြောင်း ” ဟု ပြောကြားသည်။

ယင်းနောက် ဒုတိယ စစ်ဒေသမှူး ရဲဘော်တင်ဦးအပါအဝင် စစ်ကြောင်းတာဝန်ရှိသူများနှင့် စစ်ဆင်ရေးတိုးမြှင့်ဆောင်ရွက်နိုင်ရေး ကိစ္စရပ်များ၊ NUG ဖြည့်ဆည်းဆောင်ရွက်ရမယ် လိုအပ်ချက်များကို ဆွေးနွေးညှိနှိုင်းခဲ်ကြောင်း ၊ Royal peacock စစ်ကြောင်းမှူးက ဒေသ လုံခြုံရေးနှင့် နယ်မြေအခြေအနေများကို ရှင်းပြခဲ့ကြောင်း သိရှိရသည်။

စစ်တောင်းမြစ်အနောက်ကမ်းက စစ်ကြောင်းတွေဆီကို ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ် သွားရောက်တွေ့ဆုံ

စစ်တောင်းမြစ်အနောက်ကမ်းမှာရှိတဲ့ စစ်မြေပြင်ရဲ့ စစ်ကြောင်းတွေထံကို အမျိုးသားညီညွတ်ရေးအစိုးရ ၊ ပြည်ထဲရေးနှင့်လူဝန်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ၊ ပြည်သူ့လုံခြုံရေးနှင့်ကာကွယ်ရေးကောင်စီ အဖွဲဝင် ဦးလွင်ကိုလတ် သွားရောက်တွေ့ဆုံခဲ့ပါတယ်။

အဲဒီလိုတွေ့ဆုံရာမှာ ကာကွယ်ရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်ရဲ့ အမှာစကားတွေနဲ့အတူ လမ်းညွှန်မှုတွေကိုလည်း စစ်ကြောင်းမှူးတွေနဲ့ ရဲဘော်တွေကို ပြောကြားခဲ့ပါတယ်။

အဲဒီနောက် စစ်ဒေသတာဝန်ရှိသူများနဲ့ ၂၀၂၃ ခုနှစ် စစ်ဆင်ရေးရည်မှန်ချက်များအကောင်အထည်ဖော်မှုကို သုံးသပ်ဆွေးနွေးမှုများပြုလုပ်ခဲ့ပါတယ်။

ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ် က “ယခုလို့ စစ်ဆင်ရေးဖော်ဆောင်နိုင်မှုတွေနဲ့ တိုးတက်မှုတွေဟာ မဟာမိတ် KNLA ရဲ့ ဦးဆောင်ကွပ်ကဲမှုနဲ့ မိမိတို့ PDF စစ်ကြောင်းများရဲ့အမိန့်နာခံမှု တိုက်စွမ်းရည်ပြည့်ဝမှုတို့ ကြောင့်အဓိကဖြစ်ကြောင်းနဲ့ မဟာမိတ်ဆက်ဆံရေးက အကြမ်းဖက် စစ်ကောင်စီအပြီးသတ်ချေမှုန်းရေးအတွက် အဓိကကျတဲ့ အောင်နိုင်ရေးသော့ချက်ဖြစ်သလို ဖက်ဒရယ်နိုင်ငံတည်ဆောက်ရေးအတွက်လည်း အရေးကြီးကြောင်း ၊ ဒါကြောင့် မဟာမိတ်ဆက်ဆံရေး ပိုမိုကောင်းမွန်လာရေးဟာ တော်လှန်ရေးအောင်မြင်မှုနဲ့ တိုက်ရိုက်အချိုးကြတဲ့အတွက် တာဝန်ရှိ ခေါင်းဆောင်တွေကြားထဲမှာတင်မကဘဲ ကွပ်ကဲရေးမူးများကြား ရဲဘော်များအကြားမှာပါ အချင်းချင်း ယုံကြည်မှုတွေတိုးတက်နေအောင် ဆောင်ရွက်ကြဖို့လိုကြောင်း ” ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး ဒုစစ်ဒေသမူးရဲဘော်တင်ဦးအပါအဝင် စစ်ကြောင်းတာဝန်ရှိသူများနဲ့ စစ်ဆင်ရေးတိုးမြှင့်ဆောင်ရွက်နိုင်ရေး ကိစ္စရပ်များ၊ NUG ဖြည့်ဆည်းဆောင်ရွက်ရမယ် လိုအပ်ချက်များကို ဆွေးနွေးညှိနှိုင်းခဲ့ပါတယ်။

ဒါအပြင် Royal peacock စစ်ကြောင်းမှုးတွေက လုံခြုံရေးနဲ့ နယ်မြေအခြေအနေများကို ပြည်ထောင်စုဝန်ကြီးအားရှင်းလင်းတင်ပြခဲ့ကြပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *