မြောက်ပိုင်းမဟာမိတ်အဖွဲ့က မြန်မာစစ်တပ်အပေါ် ထိုးစစ်ဆင်မယ့်အစီအစဉ် တရုတ်က ကြိုတင်သိရှိခဲ့ပြီး သဘောတူခဲ့ဟု TNLA ပြော

တအောင်းအဖွဲ့ TNLA က အခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့အတူ မြန်မာစစ်တပ်အပေါ် ထိုး စစ်ဆင်မှုမပြုလုပ်မီ တရုတ်နိုင်ငံက အရင် ဆက်သွယ်ခဲ့တယ်လို့ TNLA ပြောရေးဆိုခွင့်ရှိသူက ပြောကြားလိုက်ပါ တယ်။

TNLA အဖွဲ့ဟာ ရခိုင့်တပ်တော် (AA)၊ ကိုးကန့်အဖွဲ့ MNDAA တို့နဲ့အတူ အောက်တိုဘာလနှောင်းပိုင်းက ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မြန်မာစစ်တပ်အပေါ် ပူးတွဲတိုက်ခိုက်မှုတွေ စတင်ခဲ့ပါတယ်။

အဆိုပါ ၃ ဖွဲ့ ပေါင်းစည်းထားတဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့က ဒီမိုကရေစီအင်အားစုတွေနဲ့ ပူးပေါင်းကာ ၂၀၂၁ ခုနှစ်မှာ အာဏာသိမ်းခဲ့တဲ့ မြန်မာစစ်တပ်ကို တိုက်ခိုက်လျက်ရှိပါတယ်။

ပေကျင်းရဲ့ ကြားဝင်ဖျန်ဖြေမှုနဲ့ မြန်မာစစ်တပ်နဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ဟာ ယာယီ အပစ်အခတ်ရပ် စဲဖို့ သဘောတူခဲ့တယ်လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီဇင်ဘာလ ၁၄ ရက်မှာ ကြေညာခဲ့ပါတယ်။

သို့သော်လည်း မြန်မာစစ်တပ်နဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့က အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ကို ကြေညာခဲ့တာမရှိပါဘူး။

နောက်တစ်ရက်မှာ TNLA ဟာ ရှမ်းပြည်နယ်မြောက်ပိုင်းက စစ်စခန်းတွေကို ထိန်းချုပ်ပြီးနောက် သိမ်း ပိုက်ရရှိခဲ့တဲ့ လက်နက်တွေကို ပြသတဲ့ ရုပ်သံဖိုင်တွေနဲ့ ဓာတ်ပုံတွေကို ထုတ်ပြန်ခဲ့ပါတယ်။

TNLA အဖွဲ့ဟာ ဒီဇင်ဘာလအတွင်းမှာပင် စစ်ကောင်စီရဲ့ စစ်စခန်း ၅၀ ခန့်ကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ TNLA ပြောရေးဆိုခွင့်ရှိသူက NHK ကို ပြောပါတယ်။

ထိုးစစ်ဆင်တိုက်ခိုက်မှုတွေရဲ့ ရည်ရွယ်ချက်က အရပ်သားတွေရဲ့ အသက်အိုးအိမ်တွေကို ကာကွယ်ဖို့၊ စစ် အာဏာရှင်ကို ဖြုတ်ချဖို့နဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို သုတ်သင်ရှင်းလင်းဖို့ဖြစ်တယ်လို့ သူက ဆိုပါတယ်။

အဆိုပါကျားဖြန့်လုပ်ငန်းတွေဟာ တရုတ်နိုင်ငံနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ ရှမ်းပြည်နယ်တွင်း အခြေ စိုက်တယ်လို့ သိရပါတယ်။

ကျားဖြန့်လုပ်ကိုင်သူတွေကို နှိမ်နင်းဖို့ တရုတ်နိုင်ငံက မြန်မာစစ်ကောင်စီကို ကြိမ်ဖန်များစွာ တောင်းဆိုခဲ့ ပေမယ့် မြန်မာစစ်တပ်က ကျားဖြန့်လုပ်ကိုင်သူတွေကို ကာကွယ်ပေးရာကနေ ငွေတွေရရှိနေတယ်လို့ ဆိုပါတယ်။

ကျားဖြန့်လုပ်ငန်းတွေကို နှိမ်နင်းဖို့ တရုတ်နိုင်ငံက တောင်းဆိုခဲ့တာကြောင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့ က ထိုအစီအစဉ်ကို ဖော်ဆောင်ဖို့ ဆုံးဖြတ်ခဲ့တာလို့ TNLA ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

တရုတ်နိုင်ငံက မြောက်ပိုင်းမဟာမိတ်အဖွဲ့ရဲ့ ပူးပေါင်းဆောင်ရွက်မှုကို ကြိုတင်ရယူခဲ့ပြီး မြောက်ပိုင်းမ ဟာမိတ်အဖွဲ့ကလည်း အဆိုပြုချက်ကို လှိုက်လှဲစွာ လက်ခံခဲ့တယ်လို့ သူက ဆိုပါတယ်။

တရုတ်နိုင်ငံက မြန်မာစစ်တပ်နဲ့ ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးရှိပေမယ့် မြောက်ပိုင်းမဟာမိတ်အဖွဲ့ ရဲ့ မြန်မာစစ်တပ်အပေါ် တိုက်ခိုက်မယ့်အစီအစဉ်ကို သိရှိခဲ့ပြီး သဘောတူခဲ့တယ်လို့ သူက ပြောပါတယ်။

ကိုးကား – NHK

Ref; Myanmar armed group: China contacted before attacks on military


Comments

Leave a Reply

Your email address will not be published. Required fields are marked *