လောက်ကိုင်မြို့ မကျစေရေးအတွက် စစ်ကောင်စီက တပ်မ ၅၅ ကို တာဝန်ပေးပြီး စစ်ကူအဖြစ် လေကြောင်းမှ ပေးပို့နေ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့နယ်ကို MNDAA လက်အောက်သို့ မကျရောက်စေရေးအတွက် စစ်တပ်က အမှတ် ၅၅ ခြေမြန်တပ်မဌာနချုပ် (တပ်မ ၅၅ ) ကို တာဝန်ပေးလိုက်ပြီး တပ်မ ၅၅ လက်အောက်ခံတပ်များကို စစ်ကူအဖြစ် ပေးပို့နေတယ်လို့ သိရ ပါတယ်။

အမှတ် ၅၅ ခြေမြန်တပ်မဌာနချုပ် (တပ်မ ၅၅ )ဟာ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေဖြစ် သော ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ကလောမြို့တွင် တည်ရှိတဲ့ ခြေမြန်တပ်မဌာနချုပ် တစ်ခု ဖြစ်ပြီး တပ်မ ၅၅ ကို ကာကွယ်ရေးဝန်ကြီးဌာန (ကြည်း- စစ်ဆင်ရေး)ရဲ့ တိုက်ရိုက်ကွပ်ကဲ စီမံတဲ့ တိုက်ခိုက်ရေးတပ်ဖွဲ့တွေဖြစ်တယ်လို့ သိရပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ဒေသ၊ လောက်ကိုင်မြို့နယ်အတွင်းတွင် တိုက်ပွဲများ ဆက် တိုက် ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်၏ လေကြောင်းပစ်ခတ်မှုနHg လက်နက်ကြီး တိုက်ခိုက်မှုများကြောင့် လောက်ကိုင်မြို့မှာ ပျက်စီးမှုများ ကြုံတွေ့ နေရကြောင်း သိရှိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *