မြင်းခြံမြို့နယ်၊ ကုက္ကဲရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်ကောင်စီတပ်သား ၃ ဦး သေဆုံး

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ကုက္ကဲရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ် ကောင်စီတပ်သား ၃ ဦးသေဆုံးခဲ့ကြောင်း နဂါးနီပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ)မှ တာဝန်ရှိသူတစ်ဦး က ပြောကြားသည်။

ဒီဇင်ဘာလ ၂၃ ရက် ည ၁၀ နာရီခွဲမှ ဒီဇင်ဘာလ ၂၄ ရက် ညနေ ၃ နာရီအထိ အင်အား ၂၀ ခန့် ဖြင့် တပ်စွဲထားသော မြင်းခြံမြို့နယ်၊ ကုက္ကဲရဲစခန်းကို ဖယင်း ကျေးရွာ အကြမ်းဖက်စစ်ကောင်စီ တပ် သား ၃၅ ဦးလာရောက်ပူးပေါင်းအား လာရောက်ပူးပေါင်းထားသည်ဟု သတင်းရသဖြင့် ဒရုန်းဖြင့် 60 kg ဗုံးသီး ၁၀ လုံး ကျဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၃ ဦးပွဲချင်းပြီးသေဆုံးပြီး အ များအပြား ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို နဂါးနီပြောက်ကျားတပ်ဖွဲ့(မြင်းခြံ)နှင့် ရွှေခြံသားပြောက်ကျား တပ်ဖွဲ့ (မြင်း ခြံ)တို့ Shar Htoo Waw နည်းပညာ Fixed Wings Drone ၂ စီးဖြင့် တိုက်ခိုက်ခဲ့ ခြင်းဖြစ်ပြီး အကြမ်း ဖက်စစ်သားများကို ဗုံးကျဲနေစဉ် လေယာဉ်တစ်စင်း စက်ချို့ယွင်းပျက်ကျခဲ့ကြောင်း သိရသည်။

ထိုသို့ ပျက်ကျခဲ့သည့် လေယာဉ်တစ်စီးကို အရဲစွန့်ကာ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းနားအထိ သွားရောက်ကောက်ယူခဲ့ကြောင်း၊ ပြည်သူလူထုမှ ထောက်ပံ့ပေး ငွေကြေးများကို ဆုံးရှုံးမှုမဖြစ်ပေါ် စေရန် လုပ်ဆောင်လျက်ရှိပြီး အစားအသောက်ကအစ ချွေတာ စားသုံးနေကြောင်း၊ မိဘပြည်သူများ ၏ ထောက်ပံ့မှုဖြင့် ရပ်တည်ကာ တိုက်ပွဲဖော်ဆောင်နေရသဖြင့် ထောက်ပံ့ကူညီပေးကြပါရန် မေတ္တာ ရပ်ခံလိုကြောင်း နဂါးနီပြောက်ကျားတပ်ဖွဲ့(မြင်းခြံ)မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *