အရာတော်မြို့နယ်၊ နောင်ကြီးအိုင်ရဲစခန်းကို တိုက်ခိုက် သိမ်းပိုက်မှု စစ်ကောင်စီတပ်သား ၁၈ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ နောင်ကြီးအိုင်ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက် သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၁၈ ဦးသေဆုံးခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက တရားဝင်ထုတ်ပြန်သည်။

နိုဝင်ဘာလ ၂ ရက်နေ့မှစ၍ အကြမ်းဖက်စစ်ကောင်စီတပ်သား ၃၂ ဦးဖြင့် တပ်စွဲထားသော နောင်ကြီး အိုင်ရဲစခန်းကို ပိတ်ဆို့ပြီး နေ့ည မပြတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား၊ ရဲ ၁၈ ဦး သေဆုံးပြီး ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် စခန်းစွန့်ခွာထွက်ပြေးသွားကြောင်း၊ ထို့ကြောင့် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက်ရှင်းလင်းပြီး စခန်းကို မီးရှို့ဖျက်ဆီးလိုက်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို အရာတော်မြို့နယ်မြို့နယ်(ပကဖ) ၊ တိုက်နယ် ၁/၂/၃/၄/၅/၆/၇/၈ တာဝန် ခံများ နှင့် ရဲဘော်များ၊ ပြည်သူ့ ကာကွယ်ရေးတပ်မတော် (PDF) မုံရွာခရိုင် တပ်ရင်း ၆/၁၈/၁၉/၂၄/ ၂၆ တပ်ရင်းမှ ရဲဘော်များက စုပေါင်းကာ ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အရာတော်မြို့နယ်၊ နောင်ကြီးအိုင်ရဲစခန်း၌ တပ်စွဲထားသော အကြမ်းဖက်စစ်သား၊ ရဲများသည် စက် တင်ဘာလ ၁၀ ရက်နေ့မှစ၍ ကျေးရွာများကို မီးရှို့ခြင်း၊ ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ဒေသ နေပြည်သူလူထုပိုင် ပစ္စည်းများကို ခိုးယူခြင်း လုပ်ဆောင်နေသဖြင့် ပြည်သူများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပြီး ပိတ်ဆို့တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *